တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအတွင်း မီးပုံးပျံပျက်ကျရာမှ ကားတစ်စီး မီးလောင်ပျက်စီး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Monday, October 14, 2019

တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအတွင်း မီးပုံးပျံပျက်ကျရာမှ ကားတစ်စီး မီးလောင်ပျက်စီး


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၏မြို့တော်၊ တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းတွင် သီတင်းကျွတ်လပြည့်ညဖြစ်သော အောက်တိုဘာ လ ၁၃ ရက်၊ ညပိုင်းက အပျော်လွှတ် မီးပုံးပျံ ပျက်ကျရာမှတဆင့် ကားတစ်စီး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
.
.
“ဘယ်အဖွဲ့ကလည်းတော့ မသိဘူး။ ကားမီးလောင်သွားတယ်လို့ သိရတယ်။ ည ၁၁ နာရီ ၄၀ ကျော်လောက်က ဖြစ်တာပါ။ မီးသတ်ကလည်း မီးသွားငြှိမ်းပြီးပြီလို့ သိရတယ်” ဟု ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ်မီးသတ်စခန်းသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် မီးလောင် သည်မှာ ဟုတ်မှန်ကြောင်းကိုသာ ပြန်လည်ဖြေကြားခဲ့သည်။
.
“တောင်ကြီး အဝေရာကွင်းမှာ မီးပုံးပျံပျက်ကျပြီး ကားမီးလောင်သွားတယ်။ ပြာကျမှ မီးသတ်က ရောက်လာတယ်။ မီးပုံးပျံ မီးစာနဲ့ ယမ်းခွေက ကားပေါ်ကိုပြုတ်ကျပြီး လောင်သွားတာပါ” ဟု အဆိုပါ မီးလောင်မှုအား မျက်မြင်တွေ့ရှိ ခဲ့သူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ ပျက်စီးဆုံးရှုံးမှုတန်ဖိုးနှင့် အခြားအသေးစိတ်အချက်အလက်များကို မသိရှိရသေးချေ။
.

No comments:

Post a Comment

Journal Download

Photo of three cats