လိုင်စင်မဲ့ယာဉ် အသုံးပြုသူများအား အရေးယူခြင်းထက် အရောင်းအဝယ် ပြုလုပ်သူများကို အရေးယူရန် လိုအပ်နေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, October 3, 2019

လိုင်စင်မဲ့ယာဉ် အသုံးပြုသူများအား အရေးယူခြင်းထက် အရောင်းအဝယ် ပြုလုပ်သူများကို အရေးယူရန် လိုအပ်နေ


ခွန်သက်ထူး
.
လိုင်စင်မဲ့ယာဉ် စီးနင်းအသုံးပြုသူ ပြည်သူများအား ဖမ်းဆီး အရေး ယူခြင်းထက် အရောင်းအဝယ် ပြုလုပ်သူ ပွဲစားများကို အရေးယူရန် လိုအပ်နေကြောင်း ဒေသခံများမှ ပြောဆိုလျက်ရှိသည်။
.
.
လိုင်စင်မဲ့ယာဉ်တွေ ဖောင်းပွ နေတဲ့ အဓိကပြဿနာကတော့ အရောင်းအဝယ် လုပ်နေတဲ့ ပွဲစားတွေပါ။ အဲဒီပွဲစားတွေကို ထိန်းချုပ်နိုင် မယ်ဆိုရင် လိုင်စင်မဲ့ယာဉ်တွေ နည်း သွားမယ်။ လိုင်စင်မဲ့ ယာဉ်တွေကို လိုက်သိမ်းမယ့်အစား ပွဲစားတွေကို အဓိကထားပြီး အရေးယူသင့်တယ်။ နိုင်ငံတော်က ထုတ်ပေးထားတဲ့ အ စိုးရနဲ့ ဌာနဆိုင်ရာပိုင်ကားတွေ၊ ဝန်ထမ်းတွေ စီးတဲ့ကားတွေလည်း လိုင် စင် ရှိရပါမယ်။ ဥပဒေက တစ်မျိုးပဲ ရှိတာပါဟု တောင်ကြီးမြို့နေ ဒေ သခံတစ်ဦးက ပြောဆိုခဲ့သည်။
.
သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် စီးပွားရေး အခြေအနေနှင့် အကြောင်း အမျိုးမျိုးကြောင့် လိုင်စင်မဲ့ ယာဉ်များကို မဖြစ်မနေ အသုံးပြုနေရသည့် သာမန် ပြည်သူများကို ဖမ်းဆီးခြင်းထက် ကိုယ်ကျိုးစီးပွား အတွက် ဥပဒေကို ပေါ်ပေါ်ထင်ထင် ဖောက်ဖျက်နေသော လိုင်စင်မဲ့ယာဉ် အရောင်း/အဝယ် ပြုလုပ်နေသော ပွဲစားများကို ဖမ်းဆီးအရေးယူသင့်သည်ဟု အဆိုပါ ဒေသခံက ဆိုသည်။    
.
ဒါကတော့ သူတို့ ဝမ်းရေး အတွက် လုပ်နေကြတာဆိုတော့ ပြောပိုင်ခွင့် မရှိပေမယ့် အားလုံးလည်း စီးနေကြ တာပဲလေ။ နည်းနည်းတော့ ထိန်းသိမ်းရတာပေါ့ဟု ကားရောင်း ဝယ်ရေး အကျိုးဆောင် ပွဲစားတစ်ဦး က ကမ္ဘောဇတိုင်းသို့ ပြောသည်။
,
အဆိုပါ လိုင်စင်မဲ့ယာဉ် အရောင်းအဝယ် ပြုလုပ်နေမှုများနှင့် ပတ်သက်၍ တောင်ကြီးမြို့၊ အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး ရှမ်းတောင်မှ ရဲမှူး မျိုးဇော်အောင် အား ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်းရာတွင် တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိချေ။
.
ပြည်သူလူထုအနေဖြင့် ဥပဒေ ကို မလေးစား မလိုက်နာလို၍ စီး နင်း အသုံးပြုခြင်း မဟုတ်ဘဲ အခြေ ခံလူတန်းစား ပြည်သူများအတွက် မိသားစု လူမှုစီးပွားရေး ကိစ္စရပ်များတွင် အသုံးပြုနိုင်ရန် ရရှိသည့် ဝင် ငွေအရ ဝယ်ယူစီးနင်းရခြင်း ဖြစ်သဖြင့် အကယ်၍ ဖမ်းဆီးအရေးယူ မည်ဆိုပါက ပြည်သူလူထုအတွက် များစွာ အထိနာစေမည်ဖြစ်ပြီး ပြည်သူများ မထိခိုက်စေရန်အတွက် စီးနင်းအသုံးပြုသူကို အရေးယူခြင်းအစား နယ်စပ်တင်သွင်း လာချိန်မှ အရောင်းအဝယ် ပြုလုပ်သည်အထိ အဆင့်ဆင့်သော လုပ်ငန်းစဉ်များ တွင်သာ ဖမ်းဆီး အရေးယူစေလိုကြောင်း ဒေသခံများမှ ပြောဆိုလျက် ရှိသည်။
.
လိုင်စင်မဲ့ ယာဉ်များအား ပွဲစားအဆင့်ဆင့်က နယ်စပ်နှင့် စစ်ဆေးရေး ဂိတ်များရှိ တာဝန်ရှိသူများထံသို့ လာဘ်ငွေများ ပေးဆောင်ကာ ပြည် ပမှ တရားမဝင် တင်သွင်းလာခြင်း ဖြစ်ပြီး၊ ရှမ်းပြည်နယ် အစိုးရ ရုံးစိုက် ရာ တောင်ကြီးမြို့တွင်ပင် နယ်စပ်မှ တိုက်ရိုက်တင်သွင်းသည့် လိုင်စင်မဲ့ ယာဉ် ပွဲစားများ ရှိနေသည့် အပြင် လူမှုကွန်ရက်(Facebook) အား အသုံးပြု၍   ရောင်းဝယ်မှု ပြုလုပ်နေ သည်မှာလည်း တစ်နေ့တခြား များ ပြား လာနေကြောင်း အဆိုပါ ဒေသ ခံမှ ရှင်းပြသည်။
.
"လိုင်စင်မဲ့ယာဉ် စီးတဲ့လူကိုပဲ ရန်ရှာ ဖမ်းဆီးနေတာပါ၊ အဲဒီ ကား တွေကို တင်သွင်းနေတဲ့ သူတွေကို အရေးမယူဘဲ ထိုင်ပြီး ကြည့်နေတာ တော့ မဖြစ်သင့်ပါဘူး။ တောင်ကြီး မြို့ပေါ်က အကြီးစား ကားပွဲစားတွေ ဘယ်သူတွေ၊ ဘယ်မှာနေတာ၊ကား တွေ ဘယ်လမ်းကြောင်းက သယ်ပြီး ဘယ်မှာ ထားတယ် ဆိုတာ ကျွန် တော်တို့လို့ သာမန်လူတွေတောင် သိနေတာ၊ ရဲတွေ၊ ယာဉ်ထိန်းတွေ မသိနိုင်စရာ အကြောင်း မရှိပါဘူး။" ဟု တောင်ကြီးမြို့မှ ကိုအောင် (အမည်လွှဲ) က ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
၂ဝ၁၅ ခုနှစ်၊ မော်တော်ယာဉ် ဥပဒေအရ မည်သူမဆို မှတ်ပုံတင် ထားခြင်းမရှိသော မော်တော်ယာဉ် ကို အများပြည်သူဆိုင်ရာ နေရာတွင် မောင်းနှင်ခြင်း၊ မောင်းနှင်စေခြင်း (သို့မဟုတ်) ရပ်နားထားခြင်း ပြု လုပ်ပါက တစ်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားပြီး ၂ဝ၁၂ ခုနှစ်၊ ပို့ကုန် သွင်းကုန်ဥပဒေတွင် မည်သူမဆို ကန့်သတ် တားမြစ် ပိတ်ပင်ထား သော ကုန်ပစ္စည်းများကို တင်ပို့ခြင်း (သို့မဟုတ်) တင်သွင်းခြင်း ပြုလုပ် ပါက သုံးနှစ်ထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။
.
ဒေသခံပြည်သူများ နစ်နာမည် ကို စိုးရိမ်၍ ရှမ်းပြည်နယ်အတွင်းရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့  အနေဖြင့် လိုင်စင်မဲ့ ယာဉ်များအား အရေး ယူရန် လတ်တလော ညွှန်ကြားခြင်း မရှိ်သေးသော်လည်း အဆိုပါ လိုင် စင်မဲ့ယာဉ်များ တင်သွင်း၍ ဥပဒေ ချိုးဖောက်သူများကိုမူ အရေးယူရန် သက်ဆိုင်ရာ ဌာနများသို့ ညွှန်ကြား ထားကြောင်းလည်း သိရသည်။
.
လိုင်စင်မဲ့ယာဉ်များမှ အဓိကအားဖြင့် ကရင်ပြည်နယ် မြဝတီနယ် စပ်မှ ပြည်တွင်းသို့ ဝင်ရောက်လာ ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်၊ ကရင် ပြည်နယ်နှင့် နယ်စပ်ဒေသများတွင် အများဆုံး စီးနင်းနေကြကြောင်း သိ ရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats