အဆောင်နေရာ အခက်အခဲကြောင့် အဆောင်နေ ကျောင်းသား/သူများ အဆင်မပြေ ဖြစ်နေရ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Wednesday, October 2, 2019

အဆောင်နေရာ အခက်အခဲကြောင့် အဆောင်နေ ကျောင်းသား/သူများ အဆင်မပြေ ဖြစ်နေရ


စုလှိုင်
.
၂၀၁၉ ပညာသင်နှစ် အဝေးသင် တက္ကသိုလ် အနီးကပ်သင်တန်းနှင့် စာမေးပွဲများ ကျင်းပချိန်တွင် တောင် ကြီးတက္ကသိုလ်၌ တက်ရောက် ညာသင်ယူကြသော အဆောင်နေ ကျောင်းသား/သူများအတွက် ဆောင်နေရာ အခက်အခဲ အဆင်မ ပြေမှုများ ဖြစ်ပေါ်နေရကြောင်း သိ ရသည်။
.
 
.
အဆောင်တွေက အဝေးသင် အချိန်ဆို လူ အရမ်းများတော့ ယောက်ခန်းကို ယောက် ထည့် တယ်။ ပစ္စည်းတွေနဲ့ဆိုတော့ ဘယ် လိုမှ နေလို့ အဆင်မပြေဘူး။ တချို့အ ဆောင်ဆိုရင် ကိုယ်က လာနေမယ် လို့ ကြိုပြောထားပေမယ့် ရောက်တဲ့ အချိန်ကျတော့ နေရာ မချန် ထားပေး ဘူး။ ပစ္စည်းတွေနဲ့ ဘယ်ကိုသွားလို့ သွားရမှန်း မသိဘူး။ အရမ်းဒုက္ခ ရောက်ရတယ်ဟု အောင်ပန်းမြို့မှ သင်တန်းလာတက်သည့် အဝေး သင်ကျောင်းသူတစ်ဦးက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
ထို့အတူ တက္ကသိုလ်အနီးတွင် အမျိုးသမီးဘော်ဒါဆောင် ဖွင့်လှစ် ထားသူ အဆောင်ပိုင်ရှင်တစ်ဦးက လည်း “Day ကျတော့ ဒီလောက် လည်း ကျောင်းသားမများဘူး။ ပြီး တော့ တစ်နှစ်ပတ်လုံး ကိုယ်နဲ့ ထိ တွေ့နေတာ သိနေတဲ့သူတွေ ဆို တော့ အဆင်ပြေတယ်။ အဝေးသင် ကျတော့ လူကလည်းများတယ်။ အသစ်တွေလည်းများတော့ အရမ်း လည်း လက်မခံရဲဘူး။ ဒါပေမဲ့ လက် မခံလို့ကလည်း မရပြန်ဘူး။ ရွေးပြီး လက်ခံနေတာတောင်မှ အခန်းက တော့ အမြဲတမ်း ပြည့်လျှံနေတာပါ ပဲဟု ၎င်း၏ အမြင်ကို ပြောဆိုခဲ့ သည်။
.
တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်၊ တောင်ကြီးတက္ကသိုလ် ကျောင်းအနီးတွင် ကျောင်းသူ/ ကျောင်းသားများ ညအိပ်လက်ခံရာ ဘော်ဒါဆောင် ၆၀ ကျော်ခန့် ရှိနေပြီး နှစ်စဉ် အဝေးသင်ကာလတွင် ဆောင်အရေအတွက်နှင့် ကျောင်း သားမမျှတမှုကြောင့် အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း သိရသည်။
.
မန္တလေး အဝေးသင်တက္ကသိုလ် ပထမအသုတ်ဖြစ်သော ဓါတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒနှင့် ရုက္ခဗေဒ အထူးပြုဘာသာရပ်များ အတွက် အတန်းအားလုံး၏ စာမေး ပွဲများကို အောက်တိုဘာလ ရက် မှ ရက်အထိ လည်းကောင်း၊ ဒုတိယအသုတ်ဖြစ်သော အင်္ဂလိပ်စာ၊ ပထဝီဝင်၊ ဒဿနိကဗေဒ၊ စိတ်ပ ညာ၊ ဥပဒေပညာ၊ အရှေ့တိုင်းပညာ အထူးပြု ဘာသာရပ်များအတွက် အတန်းအားလုံး၏ စာမေးပွဲများကို အောက်တိုဘာလ ၂၂ ရက်မှ နိုဝင် ဘာလ ရက်အထိ လည်းကောင်း၊ တတိယအသုတ်ဖြစ်သော မြန်မာစာ၊ သမိုင်း၊ စီးပွားရေးပညာ၊ စီးပွားစီမံ အထူးပြု ဘာသာရပ်များအတွက် အတန်း အားလုံး၏ စာမေးပွဲများကို နိုဝင်ဘာလ ၁၈ ရက်မှ ၂၉ ရက် ထိလည်းကောင်း အသီးသီး ဖြေဆို သွားရမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats