တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ၌ မီးပုံးပျံ စုစုပေါင်း ၃၉၄ လုံး ဝင်ရောက်ယှဉ်ပြိုင် လွှတ်တင်မည် - Kanbawza Tai News

Breaking

Boxed(True/False)

Friday, October 25, 2019

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ၌ မီးပုံးပျံ စုစုပေါင်း ၃၉၄ လုံး ဝင်ရောက်ယှဉ်ပြိုင် လွှတ်တင်မည်


ခွန်သက်ထူး
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲကို အဝေရာမီးပုံးပျံကွင်း၌ နိုဝင်ဘာလ  ၄ ရက် မှ နိုဝင်ဘာလ ၁၂ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် မီးပုံးပျံအလုံးရေ စုစုပေါင်း ၃၉၄ လုံး ပါဝင်ယှဉ်ပြိုင် လွှတ်တင် သွားမည်ဖြစ်ကြောင်း သိရသည်။
.

အဆိုပါမီးပုံးပျံပြိုင်ပွဲ၌ ညမီးကြီးမီးပုံးပျံ ၇၉ လုံး၊ စိန်နားပန် ၃၆ လုံး၊ နေ့လွှတ်အရုပ် ‌ခြေ ၂ ချောင်း ၁၅၀ လုံး၊ ခြေ ၄ ချောင်း ၉၄ လုံး၊ အုပ်စု ၃၅ လုံးတို့ဖြစ်ပြီး စုစုပေါင်းမီးပုံးပျံအရေအတွက် ၃၉၄ လုံးပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ယခင်နှစ် တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် မီးပုံးပျံ အရေအတွက်စုစုပေါင်း ၄၁၄ ရှိခဲ့ပြီး ညလွှတ်မီးပုံးပျံစုစုပေါင်း ၁၂၃ လုံးနှင့် နေ့လွှတ်အရုပ်ပေါင်း ၂၉၁ လုံး ရှိခဲ့ပြီး ယခုနှစ်တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် ညလွှတ်မီးပုံးပျံစုစုပေါင်း ၁၁၅ လုံးနှင့် နေ့လွှတ် အရုပ်ပေါင်း  ၂၇၉ လုံးသာရှိသည့်အပြင်ညလွှတ် မီးပုံးပျံနှင့်နေလွှတ်မီးပုံးပျံထဲတွင် ယမန်နှစ်ထက် နည်းပါးလာ ကြောင်းသိရှိရသည်။

ယခုနှစ် ၂၀၁၉ ခုနှစ်တွင် တောင်ကြီး ခရိုင်အတွင်းရှိ မြို့များဖြစ်သော ညောင်ရွှေ၊  ရွှေညောင်၊ ပင်းတယ၊ ရွာငံ၊ ဟိုပုံး၊ ဆီဆိုင်၊ နောင်တရား၊ လွိုင်ကော်တို့မှ အများဆုံး လာရောက်ပြိုင်ပွဲဝင်ခြင်းဖြစ်ပြီး တောင်ကြီးမြို့ပေါ်မှ ယှဉ်ပြိုင်သူ အလုံးရေ နည်းပါးခဲ့ကြောင်း သိရသည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်၌ မီးပုံးပျံပြိုင်ပွဲအပြင် မီးပဒေသာ လှည့်လည်ပူဇော်ပွဲ၊ မသိုးသင်္ကန်း ရက်လှူပူဇော်ပွဲ၊ မြို့လုံးကျွတ်ကထိန်လှည့်လည်ပွဲ၊ ဓါတ်ပုံပြိုင်ပွဲအစရှိသည့်ပြိုင်ပွဲများ ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)