တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွင်း ယာဉ်ရပ်နားခ အဖြစ် ဆိုင်ကယ်တစ်စီးလျှင် ၁၀ဝ၀ ကျပ်နှင့် ကားတစ်စီးလျှင် ၃၀ဝ၀ ကျပ်သာ ကောက်ခံရန် သတ်မှတ်ထား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Thursday, October 24, 2019

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွင်း ယာဉ်ရပ်နားခ အဖြစ် ဆိုင်ကယ်တစ်စီးလျှင် ၁၀ဝ၀ ကျပ်နှင့် ကားတစ်စီးလျှင် ၃၀ဝ၀ ကျပ်သာ ကောက်ခံရန် သတ်မှတ်ထား


ခွန်သက်ထူး
.
ရှမ်းပြည်နယ်၏ မြို့တော်၊ တောင်ကြီးမြို့တွင် လာမည့်နိုဝင် ဘာလအတွင်း ကျင်းပမည့် တောင်ကြီးတန်ဆောင်တိုင် ပွဲတော် မီးပုံးပျံ ပြိုင်ပွဲကာလအတွင်း ယာဉ်ရပ်နားစ ခန်း ၃ နေရာ သတ်မှတ်ချပေးထား ပြီး ယင်း ယာဉ်ရပ်နားစခန်း များတွင် မော်တော်ဆိုင်ကယ် တစ်စီးလျှင် ကျပ် ၁၀၀၀ နှင့် မော်တော်ယာဉ်တစ် စီးလျှင် ကျပ် ၃၀၀၀ သာ  ကောက် ခံရန် စည်းကမ်း သတ်မှတ်ထား ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံထံ က သိရသည်။
.
.
“ယာဉ်ရပ်နားခ ဈေးနှုန်းက အရင်နှစ် အတိုင်းပဲကောက်ဖို့စည်း ကမ်းထုတ်ထားတယ်။ သူတို့ကို တင် ဒါမခေါ်ခင်ကတည်းက စည်းကမ်း ချက်က ရှိထားပြီးသားပါ။ ကားတစ် စီးကို ၃၀၀၀၊ ဆိုင်ကယ်တစ်စီးကို ၁၀၀၀ ကျပ်ပေါ့။ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာမှ လုပ်ပါလို့ ပြောထား တယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြီးခဲ့သည့်နှစ်များက တန်ဆောင် တိုင်ပွဲတော်အတွင်း ယာဉ်ရပ်နားခ အဆမတန် ကောက်ခံမှုများကြောင့် ဝေဖန်မှုများ ရှိခဲ့သော်လည်း သက် ဆိုင်ရာ တာဝန်ရှိသူများမှ တာဝန် ယူဖြေရှင်းမှု မရှိခဲ့ကြောင်း  သိရ သည်။
.
“နှစ်တိုင်းလည်း အဲဒီလိုပဲ အဆ မတန် ကောက်နေတာပါပဲ။ အရေး ယူသွားမယ်လို့ ပြောပေမယ့်လည်း တစ်ခါမှ အရေးယူတာ မကြားဖူးဘူး။ တိုင်ရင်ကော တကယ်အရေးယူမှာ လား၊ ဘယ်လိုအရေးယူမှာလည်း ဆိုတာက ရှိပါသေးတယ်။ လက် မှတ်ထိုးခိုင်းရုံလောက်နဲ့တော့ ဘာမှ ထူးလာမှာမဟုတ်ပါဘူး” ဟု တောင်ကြီးမြို့နေ ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲသို့ ယာဉ်ရပ်နားခ ပိုမို ကောက်ခံမှုနှင့် ပတ်သက်၍ ရှမ်းပြည် နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦး မင်းအောင်က "ယာဉ် ရပ်နားခ ပိုမို ကောက်ခံရင် စားသုံးသူရေးရာကို တိုင်ကြားလို့ရပါတယ်။ တိုင်ကြားတဲ့ နေရာမှာ တိုင်ကြားတဲ့သူရဲ့ အချက် အလက်တွေတော့ လိုပါမယ်။ ဒီအ ချက်အလက်တွေကို ကျွန်တော်တို့ က မထုတ်ပြန်ဘူး၊ မဖော်ထုတ်ပါ ဘူး၊ လျှို့ဝှက်ထားမှာ ဖြစ်ပါတယ်။ စားသုံးသူရေးရာ ဦးစီးဌာနက စား သုံးသူ အကာအကွယ်ပေးရေး လုပ် ငန်းကို လုပ်တဲ့အခါမှာ ကုန်စည်နဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ ကုန်စည် ဆိုတာက ကုန်အားလုံးပါဝင်ပါတယ်။ ဝန်ဆောင်မှု ဆိုတာက လေကြောင်း ဝန်ဆောင်မှု၊ ငွေကြေး ဝန်ဆောင်မှု၊ ခရီးသည် ပို့ဆောင်ရေး ဝန်ဆောင် မှု၊ ဘာသာတရားနဲ့ သော်လည်း ကောင်း၊ ယဉ်ကျေးမှုနဲ့ သော်လည်း ကောင်း ဆန့်ကျင်တဲ့ ကြော်ငြာတွေ ကို တိုင်ကြားမယ်ဆိုရင် အကျုံးဝင်ပါ တယ်။" ဟု ကမ္ဘောဇတိုင်းသို့ ပြော ဆိုထားသည်၊။
.
ယာဉ်ရပ်နားခ ပိုမိုကောက်ခံပါ က ရုံးဖွင့် ရက်များတွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ လည်း ကောင်း၊ ရုံးပိတ်ရက်များတွင် နံ နက် ၁၀ နာရီမှ ညနေ ၃ နာရီထိ လည်းကောင်း ဖုန်း နံပါတ် ၀၈၁ ၂၀၆၈၀၄ သို့ ဆက်သွယ် တိုင် ကြားနိုင်သည့်အပြင် စားသုံးသူရေး ရာ ဦးစီးဌာန၏ လူမှုကွန်ရက် (Facebook) အကောင့် Messenger များနှင့် ww w.doca.gov. mm တွင်လည်း နည်းလမ်းပေါင်းစုံ ဖြင့် တိုင်ကြားနိုင်ကြောင်းသိရသည်။
.
အဆိုပါ ယာဉ်ရပ်နားစခန်း လုပ် ပိုင်ခွင့် ၃ နေရာအား ဦးဇော်ထွန်းမှ ကျပ်သိန်း ၁၂၀၊ ဦးစိုးနိုင်မှ ငွေကျပ် ၁၃၅ သိန်း၊ ဦးဝင်းဇော်မှ ငွေကျပ် ၁၅၅ သိန်းဖြင့် လေလံအနိုင်ရရှိထား ကြောင်း သိရသည်။
.
“ကော်မတီက ဈေးနှုန်းသတ် မှတ်ပေးမယ်ဆိုရင် ဘာလို့ လေလံဖွင့် နေတာလည်း။ လေလံနိုင်တဲ့ သူက လည်းလေလံကြေး များများပေးခဲ့ရ တဲ့အတွက် သူကုန်ခဲ့တာကို တွက် ချက်ပြီးတော့ ကောက်မှာပဲ။ လေလံ လိုချင်တော့ ဈေးပိုပေးရတယ်။ ဈေး ပိုပေးရတဲ့အတွက် ကိုယ်လေလံဆွဲ ထားတဲ့ ဈေး ပြန်ရနိုင်အောင်တွက် ချက်ပြီး ကောက်မှာပါပဲ”ဟု ဆိုင် ကယ်ရပ်နားစခန်း ပြုလုပ်မည့်သူ တစ်ဦးက ၎င်း၏ အမြင်ကို ပြော သည်။
.
ထို့အတူ ပွဲတော်ရက် နီးကပ် လာသည်နှင့်အမျှ တန်ဆောင်တိုင် ပွဲဈေးတန်း ဆိုင်ခန်းများလည်း စ တင်ရောင်းချလျက်ရှိရာ ဆိုင်ခန်းအ ကျယ်အဝန်းနှင့် နေရာပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချပေး လျက်ရှိပြီး ပျံကျဈေးသည်များအ တွက် ငွေကျပ် ၁ သိန်းမှစ၍ ဝယ်ယူ နိုင်ကြောင်း ဆိုင်ခန်းရောင်း ချသူများ ထံက သိရသည်။
.
"ဈေးဆိုင်ခန်းတွေကတော့ နေ ရာအလိုက် ဈေးနှုန်းက တော့အစား စားရှိတယ်။ အရင်နှစ်က ဈေးနှုန်း ထက် ၁၀ ရာခိုင်နှုန်း တက်ထား တယ်။ ဈေးနှုန်းတွေကတော့ ၄ သိန်း ကျော်၊ ၃ သိန်းကျော်၊ ၂ သိန်းကျော် ကနေစတယ်။ တစ်ယောက်နဲ့တစ် ယောက် ပေချင်းကတူပေမဲ့ ဈေးနှုန်း တော့မတူဘူး။ ဖွင့်တဲ့ဆိုင်ပေါ် မူ တည်တယ်" ဟု ဆိုင်ခန်းရောင်းချသူ ဒေါ်ဝင်းပပကျော်က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
"ပေ ၃၀ ပတ်လည်ကို ၅၁ သိန်းနဲ့ ဝယ်ရတယ်။ အရင်နှစ် ထက် တော့ ဈေးနှုန်းနည်းနည်း ပိုတယ်။ ကန်ထရိုက်ကလည်း ဆိုင်ခန်းဝယ် တဲ့ အပေါ် စရန်ငွေပဲ ပေးခိုင်းတယ်။ တစ်ခါတည်း ၅၁ သိန်းလုံးကို ပေးရ မယ်ဆိုရင်တော့ အခက်အခဲ ရှိတာ ပေါ့ အခုက ရောင်းပြီးမှ ပေးရမှာဆို တော့ အဆင်ပြေပါတယ်"ဟု ဆိုင် ခန်းဝယ်ထားသူ တစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
တောင်ကြီး တန်ဆောင်တိုင်ပွဲ တော်ပွဲတော် ကုမ္ပဏီဆိုင်ခန်း၊ ဈေး ဆိုင်ခန်း၊ ပျံကျဆိုင်ခန်း လေလံကို ငွေကျပ် ၃၈၆၂ သိန်းဖြင့် လုပ်ငန်းရှင် တစ်ဦးမှ ရရှိထားခြင်းဖြစ်သည်။
.
ယခုနှစ် တောင်ကြီးတန်ဆောင် တိုင် မီးပုံးပျံပြိုင်ပွဲကို အဝေရာ မီး ပုံးပျံကွင်းတွင် နိုဝင်ဘာလ ၄ ရက် မှ ၁၂ ရက်အထိ ကျင်းပ ပြုလုပ် သွားမည်ဖြစ်ပြီး ပွဲတော်နှင့် ဆက် စပ်ပတ်သက်နေသော ကဏ္ဍအသီး သီးမှ ကြိုတင် ပြင်ဆင်မှုများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိ ရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats