ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား ခရိုင်အလိုက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Saturday, October 5, 2019

ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား ခရိုင်အလိုက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပ


စိုင်းအောင်မြတ် (တောင်ကြီး)
.
၂၀၁၉ ခုနှစ်၊ ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား ခရိုင်အလိုက် အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ ဖွင့်ပွဲကို အောက်တိုဘာလ ၃ ရက်၊ ညနေပိုင်းက တောင်ကြီးမြို့၊ ပြည်နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်နန်းရွှေမြင့်က အဖွင့်အမှာစကား ပြောကြားကာ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ပြီး အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် မူဆယ်ခရိုင်အသင်းနှင့် လွိုင်လင်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မူဆယ်ခရိုင်အသင်းက (၇-၀) ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား ခရိုင်အလိုက် အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင် ၁၀ ခုမှ ပြိုင်ပွဲဝင်ဘောလုံးအသင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
.
ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲသို့ ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီ နာယက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၏ဇနီး ဒေါ်နန်းရွှေမြင့်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုးဟိန်း၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats