NLD ပါတီ ဒုဥက္ကဌနှင့် ရှမ်းပြည်နယ်ရှိ NLD ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ တွေ့ဆုံ ဆွေးနွေး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, October 3, 2019

NLD ပါတီ ဒုဥက္ကဌနှင့် ရှမ်းပြည်နယ်ရှိ NLD ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ တွေ့ဆုံ ဆွေးနွေး


ကမ္ဘောဇတိုင်း
.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ရှမ်းပြည်နယ် အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်အစိုးရဖွဲ့ဝင်များ သည် ယနေ့ အောက်တိုဘာလ ၃ ရက်က တောင်ကြီးမြို့ရှိ ရတနာနန်းတော်(Treasure Palace Hotel) ခန်းမတွင် တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း သိရသည်။
.
.
“ ဒီနေ့က တောင်ကြီးမှာ ပါတီရယ်၊ လွှတ်တော်ရယ် အစိုးရရယ် တွေ့ဆုံပွဲလုပ်တာပါ။ ဒေါက်တာ ဇော်မြင့်မောင် လာလို့ သွားကြိုပေးခဲ့ပါတယ်” ဟု တာချီလိတ် မြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းတွေ့ဆုံပွဲတွင် ပါတီ၊ လွှတ်တော်၊ အစိုးရ သုံးပွင့်ဆိုင် ညီညွှတ်သော အဖွဲ့အစည်းဖြစ်အောင် ကြိုးစားရန်၊ ပါတီက တာဝန်ပေးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ ဖြစ်ရသည့်အတွက် ပါတီကို ဦးတည်ရန်၊ စည်းလုံး ညီညွှတ်စွာဖြင့် ပြည်သူအတွက် အလုပ် လုပ်ကြရမည် ဖြစ်ကာ ပါတီဝင် အသစ်များ၊ မျိုးဆက်သစ် လူငယ်များ မွေးထုတ်ရန် လိုအပ်ကာ၊ ပါတီဝင် အသစ် အဟောင်း မခွဲခြားပဲ NLD စိတ်ဓာတ်ဖြင့် ယုံကြည်မှု တည်ဆောက်၍ စည်းလုံးညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင် ရရှိရေး ကြိုးပမ်း ဆောင်ရွက်နေကြောင်း NLD ပါတီ ဒုဥက္ကဌ ဒေါက်တာ ဇော်မြင့်မောင်က အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
.
“ စည်းလုံး ညီညွတ်ပြီး ပြည်သူကို အလုပ်အကျွေးပြုဖို့ ပါတီဒုဥက္ကဋ္ဌက လမ်းညွှန်ခဲ့ပါတယ်။ ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေ ကိုလည်း ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ ပါတီဝင်တွေကတော့ ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး၊ မြေယာကိစ္စနဲ့ မူးယစ် ကိစ္စတွေကို တင်ပြခဲ့ပါတယ်” ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ပါတီ ခေါင်းဆောင်တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဌ ဒေါက်တာ ဇော်မြင့်မောင်၊ ဗဟိုကော်မတီဝင်များ၊ ရှမ်းပြည်နယ်ရှိ ပြည်နယ်/ ခရိုင်/ မြို့နယ်များမှ အလုပ်အမှုဆောင် အဖွဲ့များ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမျိုးသားလွှတ်တော်/ ပြည်သူ့လွှတ်တော်/ ပြည်နယ်လွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း ၁၁၀ ဦးခန့် တက်ရောက် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats