ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဌ ဆရာတော်အဖြစ် သိမ်တောင်ကျောင်းတိုက်မှ ဦးတေဇဝန္တအား ရွေးချယ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, October 11, 2019

ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဌ ဆရာတော်အဖြစ် သိမ်တောင်ကျောင်းတိုက်မှ ဦးတေဇဝန္တအား ရွေးချယ်


စိုင်းရာဇာ
.
ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဌ ဆရာတော်အဖြစ် တောင်ကြီးမြို့၊ သိမ်တောင်ကျောင်းတိုက်မှ ဦးတေဇဝန္တအား ရွေးချယ်ခဲ့ကြောင်း ရှမ်းပြည်နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
.
.
ယခင် ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဌ ဆရာတော် ဦးပညာသီရိ (မူလမင်းကွန်းကျောင်းတိုက်) အစား ဦးတေဇဝန္တ(သိမ်တောင်)အား လည်းကောင်း၊ အကျိုးတော်ဆောင်  ဦးဥတ္တရ (ဓမ္မသုခ ကျောင်းတိုက်) အ စား ဦးဝါယာမ (ရှမ်းပိဋကတ်)အား လည်းကောင်း ရွေးချယ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
.
ထို့အတူ တောင်ကြီးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဌ ဆရာတော် ဦးနာယက (မင်းကျောင်း) အစား ဦး ကဝိန္ဒ (ဘုရားကြီးအတွင်း ကျောင်းတိုက်)အား လည်းကောင်း၊  အကျိုး တော်ဆောင် ဦးဂုဏဝံသာ လင်္ကာရ (စူဠာမုနိကျောင်းတိုက်) အစား ဦးစာရိန္ဒ (တပ်ဦးဥတ္တရာရုံကျောင်းတိုက်)အားလည်းကောင်း ရွေးချယ် ခဲ့ကြောင်း သိရသည်။
.
ယခင် သက်တမ်းပြည့်၊ သက်တမ်းလွန် ဆရာတော်များအနေဖြင့် သံစည်း လုပ်နည်းများနှင့် သော် လည်းကောင်း၊ လုပ်ငန်း စီမံချက် များနှင့် သော်လည်းကောင်း လွွဲမှား စွာ ဆောင်ရွက်မှုများကြောင့် အမှန် လိုလားသည့် သံဃာ ၁၀ ပါးတို့က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ထံသို့ တင်ပြတိုင်ကြားခဲ့သဖြင့် ယခုကဲ့သို့ သံဃအဖွဲ့အစည်းအား အမှန်အတိုင်း ပြန်လည် ရွေးချယ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ ရှမ်းပြည်နယ် သံဃနာယကအဖွဲ့နှင့် တောင်ကြီးမြို့နယ် သံ ဃနာယကအဖွဲ့တို့အား လုပ်ငန်းစီ မံချက် ၂၅ ရာခိုင်နှုန်းနှင့်အညီ အသစ် ပြန်လည်အစားထိုး ရွေးချယ်ဖွဲ့စည်း ခြင်း အခမ်းအနားကို စက်တင်ဘာ လ ၃၀ ရက်ကသိမ်တောင်ပရိယတ္တိ စာသင်တိုက်တွင် ပြုလုပ်ခဲ့ပြီးနောက် သံဃာတော်များမှ ယင်းကဲ့သို့ ဆန္ဒ မဲပေး ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်း သံဃနာယကအဖွဲ့ ရွေးချယ်ထားရှိမှု အခြေအနေအား နိုင် ငံတော်သံဃမဟာနယက အဖွဲ့ထံ သို့ တင်ပြလျှောက်ထား၍ အတည် ပြုချက် ရယူသွားမည်ဖြစ်ကြောင်း သိရသည်။
.
အခု အသစ် ပြန်လည် ရွေးချယ် ထားတဲ့ ဆရာတော်တွေ စာရင်းကို နိုင်ငံတော် သံဃနာယက အဖွဲ့ထံကို တင်ပြသွားပါမယ်”ဟု ရှမ်းပြည်နယ် သာသနာရေးဦးစီးဌာနမှ ဒုတိယ ပြည်နယ်မှူး ဦးနေဝင်းက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
သံဃနာယက ဆရာတော်များ တာဝန်ထမ်းဆောင်ရမည့် သက် တမ်းသည် တစ်ကြိမ်လျှင် ၃ နှစ်ဖြင့် ၂ ကြိမ်၊ ၆ နှစ်သာ တာဝန်ထမ်း ဆောင်ခွင့်ရှိပြီး ၆ နှစ်ထက် ကျော် လွန်၍ တာဝန်ထမ်းဆောင်ခွင့် မရှိ ကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ် သံဃနာယ ကအဖွဲ့ကို ရွေးချယ်ရာတွင် သက်တမ်းပြည့် အနားယူခဲ့ရသည့် ဦးနာယက မြို့နယ်သံဃနာယကအဖွဲ့က ရွေးချယ်၍ တင်ပြသည့် မြို့နယ် သံဃနာယကအဖွဲ့ စာရင်းကို ဦး ဆောင်ကွပ်ကဲရေး ဆရာတော် နိုင် ငံတော်ဗဟိုသံဃာဝန်ဆောင် ဘုရား ကြီး အနောက်ကျောင်းတိုက်မှ ဘဒ္ဒန္တ သဇ္ဇနထံသို့ ဆက်ကပ်ခဲ့ရာ ဆရာ တော် ဘဒ္ဒန္တ သဇ္ဇနမှ သံဃနာယက တာဝန်ထမ်းဆောင်မည့် ပုဂ္ဂိုလ်သည် သံစည်း၊ လုပ်ထုံးလုပ်နည်း သံဃနာ ယက ဂုဏ်အင်္ဂါ အရည်အချင်းနဲ့ ပြည့်စုံသော ပုဂ္ဂိုလ်ကိုသာ ရွေးချယ် တော်မူကြရန် သြဝါဒပေးခဲ့သော် လည်း သက်တမ်းကုန် အနားယူခံ ပုဂ္ဂိုလ်များက ဘွဲ့အမည်စာရင်း ပေး သွင်းထားသော ပုဂ္ဂိုလ်များဖြင့်သာ မြို့နယ် သံဃနာယကအဖွဲ့ကို ဖွဲ့ စည်းခဲ့သည့်အတွက် သံဃာအချင်း ချင်း ကျေနပ်မှုမရှိသဖြင့်လည်း  သံ ဃအဖွဲ့အစည်း လုပ်ထုံးလုပ်နည်း များ အခန်း(၄) အပိုဒ် (၃၅) နှင့် ညီ ညွတ်မှု မရှိသဖြင့် လည်းကောင်း နိုင် ငံတော် သံဃမဟာနာယကအဖွဲ့သို့ တင်ပြတိုင်ကြား စာပို့သွားမည် ဖြစ် ကြောင်း သိရသည်။
.
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့(ပထမအဖွဲ့ခွဲ)သည် သြဂုတ် လ ၂၈ ရက်တွင် ကျင်းပသော အဌမ အကြိမ် နိုင်ငံတော်သံဃ မဟာနာယ ကအဖွဲ့(ပထမအဖွဲ့ခွဲ)၏ ပထမ အကြိမ် သတ္တမအစည်းအဝေးတွင် သက်တမ်းပြည့် သက်တမ်းကုန်ပြည် နယ်သံဃနာယကအဖွဲ့များ မြို့နယ် သံဃနာယကအဖွဲ့များအနားယူကြ ရန်၊ သံဃာ့အဖွဲ့အစည်း လုပ်ထုံး လုပ်နည်း ၂၅ ရာခိုင်နှုန်း အနားယူ ခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်များနှင့် အညီ ပြန်လည်ရွေးချယ် တင်ပြစေရန် ဟု ဆုံးဖြတ်၍ ရှမ်းပြည်နယ်နှင့် တောင်ကြီးမြို့နယ် သံဃ နာယက ရွေးချယ်ရေး ဦးဆောင် ကွပ်ကဲရေး ဆရာတော်များထံ ဆုံး ဖြတ်ချက်ကို ပေးပို့၍ အကြောင်း ကြားခဲ့ပြီး နိုင်ငံတော် သံဃမဟာနာယက ဆရာ တော်များ၏ ဆုံးဖြတ်ချက် ညွှန် ကြားချက်အရ ရှမ်းပြည်နယ် သံဃ နာယကနှင့် တောင်ကြီးမြို့နယ် သံဃနာယကအဖွဲ့ကို ပြန်လည် ရွေးချယ်ခြင်း ဖြစ်သည်။
.
ထို့အပြင် သံဃာ့အဖွဲ့အစည်း တိုင်း၏ ရွေးကောက်ခြင်း၊ တင် မြှောက်ခြင်း ကဏ္ဍများ၌ သံဃာတော် အချင်းချင်းသာ ဆောင်ရွက်ကြ၍ အ ခြေခံဒေသအတွင်း သတ်မှတ်ထား သည့် အရပ်ဒေသ၌ သံဃာများစည်း ဝေး၍ရွေးချယ်မည့် ပုဂ္ဂိုလ်အား အဆိုပြုပြီး ထောက်ခံမှုကို ဆိတ်ဆိတ် နေခြင်း၊ ကန့်ကွက်ခြင်းဖြင့် သံဃာ့ အလယ်တွင် ဆုံးဖြတ်ပြီး အတည်ပြုကြောင်း၊ အဆိုပြုလျာထားခံရသော ပုဂ္ဂိုလ်သည် တစ်ကြိမ်နှင့် ပြီးပြတ် သည်လည်း ရှိ၏၊ ၂ ကြိမ်၊ ၃ ကြိမ် အဆိုပြုပြီးမှ ပြီးပြတ်သည်လည်း ရှိ၏။ ထိုမျှနှင့် မပြီးပြတ်ဘဲ အပြိုင် ၂ ပါး ဖြစ်နေသော် မဲပုံးထောင်၍ လျှို့ဝှက်မဲစနစ် အသုံးပြုကာ ဆုံးဖြတ်ရ သည်လည်း ရှိကြောင်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats