ကျိုင်းတုံတွင် အချိန်မှန် အမှိုက် သိမ်းပေးရန် ဒေသခံများ လိုလားနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, October 11, 2019

ကျိုင်းတုံတွင် အချိန်မှန် အမှိုက် သိမ်းပေးရန် ဒေသခံများ လိုလားနေ


ထက်တိုင်းကျော်
.
ကျိုင်းတုံမြို့တွင် အချိန်မှန် အ မှိုက်သိမ်းဆည်း ပြုလုပ်ပေး စေလို ကြောင်း ဒေသခံများမှ ပြောဆိုလျက် ရှိသည်။
.
.
အမှိုက်ကို အချိန်မှန်မှန် လာ သိမ်းပေးစေချင်ပါတယ်။ တချို့နေ ရာတွေဆိုရင် အမှိုက်သိမ်းကားတွေ  မရောက်တာတွေ ရှိပါတယ်။ ငွေကျတော့ အချိန်မှန်မှန် လိုက်ကောက် နေပါတယ်”ဟု ကျိုင်းတုံဒေသခံ တစ်ဦးက ၎င်း၏အမြင်ကို ပြောဆိုခဲ့ သည်။
.
ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ အမှိုက်သိမ်းဆည်းရေးလုပ်ငန်းမှာ ဆက်တိုက်အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီး ၂၀၁၉ နှစ်ဆန်းမှာ ကုန်ကျစရိတ် ကာမိရုံ အရင်းကျေရခဲ့ပါတယ်။ နောက်ပြီး အိမ်ခြေ ၃၀၀၀ ကျော် လောက်က အခုထိ အမှိုက်သိမ်းခ ကောက်လို့ မရသေးတာကြောင့် အခုလိုဖြစ်နေတာပါ”ဟု စိန်ရေကန် ပုဂ္ဂလိကအမှိုက်နှင့် မိလ္လာသိမ်း ဆည်းရေးကုမ္ပဏီဥက္ကဋ္ဌ ဦးစိုင်းဝန်း ကျောက်က ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
ယင်းကဲ့သို့ ပြောဆိုမှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က “ကုမ္ပဏီရဲ့ အခက်အခဲလည်း ရှိနိုင်သလို ပြည် သူရဲ့ လိုလားချက်ကိုလည်း အဆင် ပြေအောင် ကျွန်တော်တို့ စည်ပင် သာယာရေးဌာနအနေနဲ့ရော၊ စည် ပင်ကော်မတီအနေနဲ့ပါ အကောင်း ဆုံးဖြစ်အောင် ညှိနှိုင်းဆောင်ရွက် ပေးသွားမှာပါ” ဟု ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
စိန်ရေကန် ပုဂ္ဂလိကအမှိုက်နှင့် မိလ္လာ သိမ်းဆည်းရေးကုမ္ပဏီသည် ၂၀၁၄ ခုနှစ်မှစတင်၍ ကျိုင်းတုံမြို့ နယ် စည်ပင်သာယာရေးဌာနနှင့် နှစ် ၃၀ စာချုပ် ချုပ်ဆိုကာ အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေး လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိပြီး ကျိုင်းတုံ မြို့ပေါ် ၅ ရပ်ကွက် အပါအဝင် မြို့ နှင့် နီးစပ်သော ကျေးရွာများတွင် အမှိုက်နှင့် မိလ္လာ သိမ်းဆည်းခြင်း ဝန်ဆောင်မှုများကို ဆောင်ရွက် လျက် ရှိကာ အမှိုက် သိမ်းဆည်းခ ပေးချေခြင်း မရှိသေးသော အိမ်ခြေ ၃၀၀၀ ကျော် ရှိနေကြောင်း သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats