ရှမ်းပြည်နယ်ရှိ ပညာရေး ဝန်ထမ်းများ အပြောင်းအရွှေ့ လျှောက်ရာတွင် ငွေ ပေးရမှုများ ရှိနေဟု ဆို - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Thursday, October 3, 2019

ရှမ်းပြည်နယ်ရှိ ပညာရေး ဝန်ထမ်းများ အပြောင်းအရွှေ့ လျှောက်ရာတွင် ငွေ ပေးရမှုများ ရှိနေဟု ဆို


စုလှိုင်
.
ရှမ်းပြည်နယ်အတွင်းရှိ အခြေ ခံပညာ ဦးစီးဌာနမှ ပညာရေးဝန်ထမ်း များ နေရာအပြောင်းအရွှေ့ ပြုလုပ် ရာတွင် တရားမဝင် ငွေကြေးပေးရမှုများ ရှိနေသည်ဟု သိရသည်။
.
.
ကျွန်မကတော့ မပေးနိုင်တော့ မရဘူးပေါ့။ ကျန်နေခဲ့တယ်။ ပြောင်း ရွှေ့ တိုးချင်ရင်လည်း တစ်ယောက် ကို ၂ သိန်းဆိုတော့ ၂ ယောက်ကို ၄ သိန်းပေးလိုက်ရင် ရွှေ့ပြောင်းလို့ ရနေပြီဟု ပင်လောင်းမြို့နယ်မှ ဆရာမ တစ်ဦးက ပြောသည်။
.
ရပ်စောက်မြို့မှ ပညာရေးဝန်ထမ်း အထက်တန်းပြ ကျောင်းဆရာမ တစ်ဦးကမူ ကျွန်မတို့တော့ အဲဒီလို တစ်ခါမှ မပေးခဲ့ရပါဘူး။ တစ်နေရာနဲ့ တစ်နေရာတော့ မတူ ဘူးပေါ့ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ် ပညာရေးမှူး ဦးဝင်း မောင်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာ ကျွန်တော်တို့ ပညာရေးဌာနမှာ အခုတော့ မရှိပါဘူး။ အရင်တုန်းက ရှိချင် ရှိခဲ့လိမ့် မယ်။ ပညာရေးဌာနမှာ တန်းစီဇယား အရပဲ ရားထူးတိုး ပြောင်းရွှေ့ ဆောင် ရွက်တာပါ။ မြို့နယ်တွေမှာလည်း အဲဒီလိုလုပ်ခွင့် ပေးထားတာ မရှိ ပါဘူးဟု ပြန်လည်ဖြေကြားခဲ့ သည်။
.
ယင်းကဲ့သို့ ပြောင်းရွှေ့မှုများ တွင် တရားမဝင်ငွေကြေး ပေးရမှုများ ရှိပါက တိုင်ကြားနိုင်ပြီး ဌာနတွင်း စုံ စမ်း စစ်ဆေးရေး PETE ဖွဲ့စည်းစစ် ဆေးကာ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက် ပြောကြားခဲ့သည်။
.
၂၀၁၉-၂၀ ပညာသင်နှစ်တွင် ရှမ်းပြည်နယ်အတွင်း၌ အစိုးရအခြေ ခံပညာ အထက်တန်းကျောင်း ၂၇၂ ကျောင်း၊ အထက်တန်းကျောင်း (ခွဲ) ၁၉၀ ကျောင်း၊ အလယ်တန်း ကျောင်း၂၈၁ ကျောင်း၊အ လယ်တန်း ကျောင်း (ခွဲ) ၃၄၀ ကျောင်း၊  မူလ တန်းလွန်ကျောင်း  ၇၉၃ ကျောင်း၊ မူလတန်းကျောင်း ၃၈၀၂ ကျောင်း၊ မူလတန်းကျောင်း(ခွဲ) ၇၀၁ ကျောင်း၊ မူလတန်းတွဲကျောင်းက ၁၂ ကျောင်း စုစုပေါင်း ၆၃၉၁ ကျောင်း ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats