အောင်သပြေတိုးဂိတ်ရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားရာမှ တက္ကသိုလ်ကျောင်းသူတစ်ဦး သေဆုံး - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, October 20, 2019

အောင်သပြေတိုးဂိတ်ရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားရာမှ တက္ကသိုလ်ကျောင်းသူတစ်ဦး သေဆုံး


ခွန်သက်ထူး
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေတိုးဂိတ်ရှေ့တွင် အောက်တိုဘာလ ၁၉ ရက်၊ ညနေပိုင်းက မော်တော်ယာဉ်နှင့် ဆိုင်ကယ် တိုက်မိမှုဖြစ်ပွားရာမှ ရူပဗေဒနောက်ဆုံးနှစ် တက္ကသိုလ်ကျောင်း သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
Photo - Eagle White
.
အောက်တိုဘာလ ၁၉ ရက်၊ ညနေပိုင်းက အောင်သပြေတိုးဂိတ်အနီး ပြည်ထောင်စုလမ်းမကြီးအတိုင်း အရှေ့မှ အနောက်သို့ ယာဉ်မောင်း ဟန်ဇင် (၃၀ နှစ်) ပျော်ဘွယ်မြို့နေသူ မောင်းနှင်လာသော FOTON အမျိုးအစားခဲရောင် ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ညောင်ရွှေမြို့နေ မောင်ပြည့်စုံ (၂၃ နှစ်) မောင်းနှင်ပြီး မမေကဗျာ (၂၀ နှစ်)၊ နောက်ဆုံးနှစ် (ရူပဗေဒ)၊ တောင်ကြီးတက္ကသိုလ်ကျောင်းသူ လိုက်ပါစီးနင်းလာသည့် Honda Street 125 မော်တော် ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရွှေညောင်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “ယာဉ်တိုက်မိပြီး တစ်ယောက်ဆုံးသွား ပါတယ်။ တရားခံကိုတော့ ရွှေညောင်ရဲစခန်းအချုပ်မှာ ချုပ်ထားပါတယ်” ဟု ပြောသည်။
.
ယင်းကဲ့သို့ ဝင်ရောက်တိုက်မိမှုကြောင့် ပြည့်စုံတွင် ဝဲ/ယာတံတောင် ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး မမေကဗျာ မှာ ဦးခေါင်းပိပြားပေါက်ထွက်၊ ခါးညိုမည်း၊ ယာပေါင်းရင်း စုတ်ပြဲ၊ ယာခြေသလုံး ဖူးယောင်ကျိုးပဲ့ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ လူသေဆုံးစေသည်အထိ ယာဉ်မဆင်မခြင်မောင်းနှင်ခဲ့သူ ယာဉ်မောင်း ဟန်ဇင်ကို ရွှေညောင်နယ်‌မြေ ရဲစခန်းမှ ယာဉ်(ပ)၃၂/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၀၄(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)