တာချီလိတ် မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၅၁ ရွာကို ဆိုလာမီး တပ်ဆင်ပေးမည် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Tuesday, October 1, 2019

တာချီလိတ် မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၅၁ ရွာကို ဆိုလာမီး တပ်ဆင်ပေးမည်


မိုင်းမော (တြိဂံနယ်မြေ)
.
ကျေးလက်မီးလင်းရေး မဟာ ဓာတ်အားလိုင်း ပြင်ပစနစ်ကို အကောင်အထည်ဖော်သည့် အနေဖြင့် တာချီလိတ်မြို့နယ်အတွင်းရှိ ကျေး ရွာများတွင် ဆိုလာမီးများတပ်ဆင် ပေးလျက်ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် စာရင်းပေးထားသော ကျေး ရွာ ၅၁ ရွာကို တပ်ဆင်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
.
 
.
အဆိုပါ ကျေးလက်မီးလင်းရေး စီမံကိန်းကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် နေခြင်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်တွင် ဆိုလာမီး တပ်ဆင်ရန် မူလက ၄၅ ရွာသာ စာရင်းပေးထားရာမှ ယခုအ ခါ နားယောင်းကျေးရွာအုပ်စု၊ လွယ် တော်ခမ်း ကျေးရွာအုပ်စု၊ မိုင်းဟဲ ကျေးရွာအုပ်စု၊ မိုင်းကိုး ကျေးရွာအုပ် စုအတွင်းရှိ ကျေးရွာ ၅၁ ရွာအထိ တိုးလာကြောင်း တာချီလိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
.
မဟာဓာတ်အားလိုင်း ပြင်ပစ နစ်နဲ့ လျှပ်စစ်မီး မရသေးတဲ့ ဒေသ တွေမှာ တစ်အိမ်သုံး ဆိုလာစနစ်၊ အသေးစား ဓာတ်အားလိုင်းစနစ်တွေ နဲ့ လျှပ်စစ်မီး ဆောလျင်စွာ ရရှိရေး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပထမက ကျေးရွာ ၄၅ ရွာ စာရင်းပေး ထားတယ်။ နောက်ဆုံး စာရင်းပိတ် တော့ ၅၁ ရွာအထိ တိုးလာပါတယ်ဟု တာချီလိတ်မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဇော်မိုးက ပြောသည်။
.
ယင်းကဲ့သို့ ဆိုလာမီးများ တပ် ဆင်နိုင်ရေးအတွက် ကျေးလက်ဒေ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခြင်း လုပ် ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာလအတွင်း အပြီး တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရ သည်။
.
ဆိုလာမီး တပ်ဆင်လိုသူများ သည် ကျပ် သိန်းခန့် တန်ဖိုးရှိ ဆို လာမီး ၆၀ ဝပ်အား တစ်စုံလျှင် ကျပ် သောင်း ပေးသွင်းရမည် ဖြစ်ပြီး ကျပ် သိန်းခွဲခန့် တန်ဖိုးရှိသည့် ဆိုလာမီး ၁၀၀ ဝပ် တစ်စုံလျှင် ကျပ် တစ်သိန်းခွဲခန့်သာ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကျေးရွာ ၅၁ ရွာတွင် ၁၀၀ ဝပ် ဆိုလာမီး တပ်ဆင်ရန် စာ ရင်းပေးထားသူ ၄၇၀ ဦးရှိပြီး ၆၀ ဝပ် ဆိုလာမီးတပ်ဆင်ရန် စာရင်းပေး ထားသူ ၇၂၇ ဦး ရှိကြောင်း သိရ သည်။
.
တာချီလိတ်မြို့နယ် အတွင်း ကျေးလက်မီးလင်းရေး စီမံကိန်းအ ဖြစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၉၇ ရွာ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၁၇ ရွာ ဆိုလာ မီးတပ်ဆင်ပြီးဖြစ်ကာ ယခု ဘဏ္ဍာနှစ်တွင် ကျေးရွာ ၅၁ ရွာ ထပ် မံ တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats