ဝက်သေဆုံးမှု ဖြစ်ပွားခဲ့သည့် ရှမ်းရှေ့တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ပြင်ဆင်နေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Thursday, October 17, 2019

ဝက်သေဆုံးမှု ဖြစ်ပွားခဲ့သည့် ရှမ်းရှေ့တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ပြင်ဆင်နေ

မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ၊ တာချီလိတ်နှင့် အထူးဒေသ (၄) နယ်မြေအတွင်း အာဖရိက ဝက်အ ပြင်းဖျားရောဂါကြောင့် ဝက်သေဆုံး မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန အနေဖြင့် အ ဆိုပါ ဒေသများတွင် နိုင်ငံတော်၊ ပုဂ္ဂ လိက အခန်းကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံ မှုများပါဝင်သည့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ပြင်ဆင်လျက်ရှိသည်ဟု သိရသည်။
.
.
အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို အောက်တိုဘာလ ၁၀ ရက် က တာချီလိတ်မြို့ရှိ ခရိုင်/မြို့နယ် စုပေါင်းရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
“ဒီဒေသကို ကာကွယ်ထိန်းချုပ် ဖို့အရေးအတွက် အထူး အားစိုက် ဆောင်ရွက်နေပါတယ်။ ရှမ်းပြည်နယ်၊ အရှေ့ခြမ်းကို ရောဂါဖြစ်ပွား ထားသော ကလပ်(Class)အဖြစ် သတ်မှတ်လိုက်တယ်၊ ဒီဘက်မှာ ရောဂါ ဖြစ်လာရင် ကာကွယ်ထိန်း ချုပ်တဲ့ လုပ်ငန်းစဉ်တွေကို ဆက် တိုက်လုပ်သွားမှာ ဖြစ်တယ်။ အခုက တော့ ထိန်းချုပ်နိုင်တဲ့ အနေအထား ရှိပါတယ်။ ပြန်လည်ထူထောင်ရေး ကစလို့  မရသေးဘူး။ ပြန်လည် ထူ ထောင်ရေး လုပ်ငန်းမှာလည်း လုပ် ငန်းစဉ်တွေမှာ တစ်ဆင့်ချင်း ပြန် လည်ထူထောင်ဖို့ လိုသလို၊ စနစ်တ ကျ ပြည်သူလူထု စျေးကွက်ထဲအထိရောက်တဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်သွားဖို့ ကြိုတင်ပြင်ဆင် လျက်ရှိပါတယ်ဟု ဒေါက်တာ ရဲ ထွန်းဝင်းက ပြောသည်။
.
အာဖရိက ဝက်အပြင်းဖျားရောဂါနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အ ရှေ့ပိုင်းဒေသရှိ ရောဂါဖြစ်ပွားခဲ့သော ဝက်များမှ နမူနာပစ္စည်းများကို ရန် ကုန်နှင့် မန္တလေးရှိ ဓါတ်ခွဲခန်းများသို့ ပို့ဆောင်၍ ရောဂါဖော်ထုတ်လျက်ရှိ ပြီး ရှေးပြေး စစ်ဆေးစမ်းသပ်နိုင်မည့် ဓါတ်ခွဲခန်းတစ်ခုကို ကျိုင်းတုံတွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း နှင့် ရောဂါကို အလွယ်တကူ အနီးစပ်ဆုံး ခန့်မှန်းနိုင်သည့် စစ်ဆေးချက်စနစ်လုပ်ငန်းစဉ်များကိုလည်း ဆောင် ရွက်လျက်ရှိကြောင်း ၎င်းကဆက် လက်ပြောကြားခဲ့သည်။
.
အာဖရိက ဝက်အပြင်းဖျား ရောဂါမှာ လူအတွက် အန္တရာယ်မရှိနိုင် သော်လည်း လူထုမှ စိုးရိမ်ကြသည့် အတွက် ဝက်သားစားသုံးမှု ကျဆင်း သွားခဲ့ပြီး အကျိုးဆက်အဖြစ် မွေးမြူ ရေးလုပ်ငန်းများ ထိခိုက်စေသည့် အ တွက် ပြန်လည်ထူထောင်ခြင်းလုပ်  ငန်းများကို အချိန်ယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ရောဂါပိုးသည် အေးခဲအသားများတွင် အချိန်ကြာမြင့်စွာ နေ နိုင်သည့်အတွက် ရောဂါတားဆီးရေး လုပ်ငန်းတွင် အခက်အခဲတစ်ရပ်ဖြစ် နေပြီး တရုတ်နှင့် ထိုင်းနိုင်ငံမှ အေးခဲ အသားများကို မြန်မာနိုင်ငံတွင်းသို့ တင်သွင်းခွင့် မပြုထားကြောင်း သိရ သည်။
.
“ကျွန်တော်တို့ရဲ့ အဓိက တာဝန်ကတော့ ပြည်သူလူထုပညာပေး လုပ်ငန်းပါ။ ပြည်သူလူထုသိဖို့ လိုသလို ပါဝင်လာဖို့လည်း လိုတယ်။ ကြို တင်ကာကွယ်မှု လုပ်ရမယ်။ ဖြစ်ပွား လာရင် ရင်ဆိုင်ရမယ့် အခြေအနေ နဲ့ လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ဆောင်ရွက် သွားဖို့လည်း စီစဉ် ထားပါတယ် ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ တွင် အာဖရိက ဝက်အပြင်းဖျားရော ဂါ ကင်းရှင်းပြီး ပြန်လည်တည်ထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ပါက နိုင် ငံတော်၊ ပုဂ္ဂလိကအခန်း ကဏ္ဍပါဝင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်များ ကို ဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံနှင့် အထူးဒေသ (၄) မိုင်းလား ဒေသများတွင် ပြီးခဲ့သည့် ဇူလိုင်လ နှင့် ဩဂုတ်လများအတွင်းက ဝက်သေဆုံးခြင်းမှစ၍ ဖြစ်ပွားခဲ့သဖြင့် မွေးမြူရေးနှင့် စားသုံးသူစျေးကွက်၌ ကျဆင်းနေခြင်း ဖြစ်သည်။
.
ရောဂါကူးစက် ပြန့်ပွားမှု မရှိစေ ရေးအတွက် ဇီဝလုံခြုံမှုကို အထူး ဂရုပြုရန်၊ ဝက်များနှင့် ဝက်သားသတ် ရုံများတွင် စနစ်တကျ ပိုးသတ်ဆေး ဖြန်းခြင်းလုပ်ငန်း ပုံမှန်ဆောင်ရွက် ရန်၊ အိမ်မွေးဝက်များကို စားသောက် ဆိုင်များမှ ဝက်သားပါဝင်သည့် စား ကြွင်းစားကျန်များကို ကျွေးမွေးခြင်း မပြုရန်၊ ဝက်ခြံများအတွင်း လူအဝင် အထွက်ကို ထိန်းချုပ်ရန်၊ အသက် အရွယ်တူ ဝက်များကို အတူမွေးမြူ ရန်၊ အပူချိန်၊ စိုထိုင်းဆ၊ လေဝင် လေထွက်ကောင်းမွန်အောင် ပြုလုပ် ရန်၊ ရောဂါကင်းစင်သည့် မွေးမြူရေး ခြံများမှသာ ဝယ်ယူ မွေးမြူကြရန်၊ ဝက်ယူလာသည့် ဝက်များကို သီးခြား ထားပြီး ရောဂါကင်းရှင်းမှသာ ရော နှောထားရန်၊ ရောဂါဖြစ်ပွားနေသည့် နိုင်ငံနှင့် ဒေသများမှ ဝက်အရှင်နှင့် ဝက်သားထွက်ပစ္စည်းများကို တင် သွင်းရောင်းချခြင်း၊ စားသုံးခြင်း မ ပြုရန်၊ တောဝက်၊ အိမ်ဝက် သီးခြား ခွဲထားပြီး သေဆုံးပါက ရေချောင်း များအတွင်း စွန့် ပစ်ခြင်းမပြုရန်၊ သေ ဆုံးမှုများ ရှိလာပါက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ မပျက်မကွက် သတင်းပေးပို့ရန် လိုအပ်ကြောင်း သိ ရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats