သားငှက်တိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် မြန်မာ-တရုတ် ပူးပေါင်း ဆောင်ရွက် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, October 3, 2019

သားငှက်တိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် မြန်မာ-တရုတ် ပူးပေါင်း ဆောင်ရွက်


မိုင်းမော (တြိဂံနယ်မြေ)
.
သားငှက်တိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု လုပ်ငန်းများကို မြန်မာနှင့် တရုတ်နိုင်ငံတို့ အပြန်အလှန် ချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
တတိယအကြိမ် သားငှက် တိ ရစ္ဆာန် တရားမဝင်ကုန်သွယ်မှု တိုက် ဖျက်ရေး ခရိုင်အဆင့် အလုပ်ရုံဆွေး နွေးပွဲကို စက်တင်ဘာလ ၂၃ ရက်က တာချီလိတ်မြို့၊ ဟိုတယ်တာချီလိတ် အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ ရှမ်းပြည်နယ် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မြက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
ကမ္ဘာမှာ တောရိုင်းတိရစ္ဆာန်နဲ့ အစိတ်အပိုင်းတွေ တရားမဝင်ရောင်း ချမှုဟာ တဖြည်းဖြည်း မြင့်တက်လာ ပါတယ်။ အဲဒါတွေကို လျှော့ချနိုင်ဖို့ အတွက် အိမ်နီးချင်း နိုင်ငံတွေနဲ့ ပူး ပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်ဟု  ညွှန်ကြားရေးမှူး ဦးအောင်မြက ပြောဆိုခဲ့သည်။
.
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု မိတ်ဆက် ခြင်း၊ အေဂျင်စီ၏ အခန်းကဏ္ဍများ နှင့် တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ အ မျိုးသားအဆင့် တောရိုင်းတိရစ္ဆာန် များ ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် မူဝါဒများ၊ Cites အကြောင်း၊ Cites AppendicesCites Permits & Certificates၊ စာရွက်စာတမ်း အထောက်အထား အတုများ၊ မျိုးစိတ်များ ဖော်ထုတ် ခြင်း၊ မှောင်ခိုတင်သွင်းခြင်း၊ ထုတ် လုပ်ခြင်း နည်းလမ်းများ၊ ရှာဖွေရေး နည်းလမ်းများ၊ ဖမ်းဆီးခွင့်ရှိသူ၊ ရှာ ဖွေခွင့်ရှိသူနှင့် သိမ်းဆည်းခွင့်ရှိသူ၊ မျိုးစိတ်များ ဖော်ထုတ်ခြင်း စသည့် အကြောင်းအရာများကို စက်တင် ဘာ၂၃ ရက်မှ ၂၅ ရက်နေ့ အထိ ၃ ရက်ကြာ ဆွေးနွေးခဲ့ကြကြောင်း သိ ရသည်။
.
အလုပ်ရုံဆွေးနွေးပွဲသို့ ကမ္ဘာ လုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန် ပုံငွေအဖွဲ့- မြန်မာမှ သားငှက်တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အ စီအစဉ် မန်နေဂျာ Grace Hwa နှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်သစ် တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦး အောင်မြနှင့် သစ်တောဝန်ထမ်းများ၊ တာချီလိတ် ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူး ဦးမင်းအောင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အကောက်ခွန် စသည့် မိတ် ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိ သူများ တက်ရောက်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats