တာချီလိတ် ကျောင်းပေါင်းစုံ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သူက နိုင်ငံတကာအဆင့်ပြိုင်ပွဲတွင် ပထမဆု ရရှိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, October 11, 2019

တာချီလိတ် ကျောင်းပေါင်းစုံ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သူက နိုင်ငံတကာအဆင့်ပြိုင်ပွဲတွင် ပထမဆု ရရှိ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီ လိတ်မြို့တွင် စက်တင်ဘာလ ၂၈ ရက်က ပြုလုပ်ခဲ့သည့် နိုင်ငံတကာ အဆင့် Spelling Bee 2019 ပြိုင်ပွဲ တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်းအ ခြေခံပညာ အထက်တန်းကျောင်းမှ ဆဋ္ဌမတန်းကျောင်းသူ မအေးသီးရိစံ က ပထမဆုရရှိခဲ့ပြီး ၎င်းသည် တာချီလိတ်မြို့နယ် ကျောင်းပေါင်းစုံပြိုင် ပွဲတွင် ရှုံးနိမ့်ခဲ့ဖူးသူဖြစ်ကြောင်း သိ ရသည်။
.
.
နိုင်ငံတကာအဆင့် ပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သော မအေးသီရိစံ သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ တာ ချီလိတ်မြို့၊ မကာအိုခမ်း ရပ်ကွက်ရှိအခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည့် ကျောင်းပေါင်းစုံ အလယ်တန်းအဆင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သော ကြောင့် ၎င်း၏ အုပ်ထိန်းသူမိဘများ က အမှတ်ပေးအကဲဖြတ်ဒိုင် အချို့ မှ ရိုးသားမှု မရှိဘဲ ဘက်လိုက်ဆုံး ဖြတ်ခဲ့သည်ဟုဆိုကာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေး ဝန်ကြီးထံသို့ စာရေးသား၍ တိုင် ကြားခဲ့ဖူးကြောင်း သိရသည်။
.
ကျွန်တော့် သမီးက အစိုးရ ကျောင်းပေါင်းစုံ အလယ်တန်း အ ဆင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပေမယ့် အမှတ်ပေးဒိုင် တချို့ရဲ့ မရိုးသားမှု ကြောင့် ရှုံးနိမ့်ခဲ့ရတာပါ။ အခုနိုင်ငံတ ကာ အဆင့်ပြိုင်ပွဲမှာ ပထမရခဲ့တယ် ဆိုတော့ အရင်က ဒိုင်တွေရဲ့ လုပ် ရပ်က ပေါ်လွင်နေပါတယ်။” ဟု မ အေးသီရိစံ၏ ဖခင်ဖြစ်သူ ဦးဝဏ္ဏက ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ ပြည်နယ်လူမှုရေး ဝန်ကြီးထံ တင်ပြတိုင်ကြားခဲ့မှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်ပညာရေး မှူးရုံးခွဲ (ကျိုင်းတုံ)မှ ဒုတိယညွှန် ကြားရေးမှူး ဒေါ်ကြည်ကြည်မာက “ကျွန်မအနေနဲ့ ကျောင်းသူလေးရဲ့ မိဘအုပ်ထိန်းသူတွေကို ဖိတ်ကြား ပြီး တွေ့ဆုံဆွေးနွေးလို့ ညှိနှိုင်းပြေ လည်သွားပါပြီ။ အမှတ်ပေးဒိုင် အဖွဲ့မှာ ပါဝင်တဲ့သူတွေကိုလည်း ခေါ် ယူသတိပေးပြီး လက်မှတ်ရေးထိုး ခိုင်းခဲ့ပါတယ်” ဟု ပြောဆိုခဲ့သည်။
.
တာချီလိတ်မြို့တွင် ဖွင့်လှစ် ထားသည့် NEC ကျောင်းမှ တာဝန် ရှိသူတစ်ဦးကလည်း “ကျွန်မတို့ရဲ့ နိုင်ငံတကာအဆင့် Neison Inter-national Education Center (NIEC) အထက်တန်းကျောင်းမှာ ပြုလုပ်တဲ့ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲမှာ က လေးတွေရဲ့ အမှန်တကယ် အရည် အချင်းကို နိုင်ငံတကာ အကဲဖြတ် အမှတ်ပေးသူတွေက ဆုံးဖြတ်ရွေး ချယ်ပေးတာဖြစ်ပါတယ်။ သမီးအေး သီရိစံက တကယ်တော်လို့ ပထမ ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာ ဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။
.
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ အတွင်း က ပြုလုပ်ခဲ့သည့် ကျောင်းပေါင်းစုံ အလယ်တန်းအဆင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင် အမှတ်ပေးဒိုင်အ ဖြစ် ဆောင်ရွက်ခဲ့သည့် ဆရာ/ဆရာ မ အချို့အား ကျိုင်းတုံမြို့ရှိ ပြည် နယ်ပညာရေးမှူးရုံးခွဲ (ကျိုင်းတုံ)မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ကြည် ကြည်မာက ခေါ်ယူသတိပေးခြင်း၊ စာဖြင့် သတိပေးလက်မှတ်ရေးထိုး စေခြင်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ် ကြောင်း သိရသည်။
.
တာချီလိတ်မြို့တွင် အခြေခံ ပညာအထက်တန်းကျောင်း ၆ ကျောင်း၊ အထက (ခွဲ) ၃ ကျောင်း၊ အလက ၆ ကျောင်း၊ အလက (ခွဲ) ၄ ကျောင်း၊ မူလွန် ၁၃ ကျောင်း၊ အမ က ၁၂၀ ကျောင်း ရှိကြောင်း သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats