ကျိုင်းတုံ အပါအဝင် မြို့နယ် ၃၇ ခုတွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, October 3, 2019

ကျိုင်းတုံ အပါအဝင် မြို့နယ် ၃၇ ခုတွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေ


မိုင်းမော (တြိဂံနယ်မြေ)
.
ကလေးသူငယ် ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများကို ရှမ်းပြည် နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံနှင့် တာချီလိတ် အပါအဝင် မြို့နယ်  ၃၇ မြို့နယ် တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

.
၂၀၁၉ ခုနှစ်၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေသစ် အသိပညာပေး ဆွေးနွေးပွဲကို စက် တင်ဘာလ ၂၄ ရက်က တာချီလိတ် မြို့ရှိ ခရိုင်လူမှုဝန်ထမ်းရုံး၊ မူကြို ကျောင်း အစည်းအဝေး ခန်းမတွင် ကျင်းပရာ ကျိုင်းတုံခရိုင် လူမှုဝန် ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ယင်းကဲ့သို့ ပြော ဆိုခဲ့ခြင်း ဖြစ်သည်။
.
အခမ်းအနားတွင် မြို့နယ်က လေးသူငယ် အခွင့်အရေးများဆိုင် ရာ ကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးချမ်းမြေ့စောက အဖွင့်အ မှာစကား ပြောကြားခဲ့ပြီး ကျိုင်းတုံ ခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန် ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က၂ဝ၁၉ ခုနှစ်၊ ကလေးသူငယ် အခွင့်ဆိုင်ရာ ဥပဒေသစ်နှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး တာဝန်ရှိသူများ က ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ ပြီး တက်ရောက်လာသူများမှ သိရှိလို သည့် မေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ကလေးသူငယ်နဲ့ ပတ်သက်တဲ့ အမှု က သိပ်မများပါဘူး။ ၅ မှု လောက်ပဲ ရှိခဲ့ပါတယ်။ အားလုံး မူးယစ်မှုတွေ ဖြစ်တယ်ဟု ဒုတိယညွှန်ကြားရေး မှူး ဒေါ်ခင်ခင်မြင့်က ပြောသည်။
.
လူမှုဝန်ထမ်းအနေဖြင့် မူးယစ် ဆေးဝါးသုံးစွဲသူများ၊ အခြားထိခိုက် လွယ်သော အုပ်စုများကို လူမှုကာ ကွယ်စောင့်ရှောက်မှု ပေးခြင်း၊ က လေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ အလွဲသုံးခြင်း၊ လူ ကုန်ကူးခြင်း ခံရသူ ကလေးများကို ကူညီစောင့်ရှောက်ခြင်း၊ သင်တန်း ကျောင်းရှိ ကလေးများကို မိသားစု နှင့် ပြန်လည် ပေါင်းစည်းပေးခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများမှ ပြန်လည်စေလွှတ်ပေးသော ကလေး သူငယ်များကို မိသားစုနှင့် ပြန်လည် ပေါင်းစည်းပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
.
အဆိုပါ အသိပညာပေး ဟော ပြောပွဲသို့ တာချီလိတ်မြို့နယ် က လေးသူငယ် အခွင့်အရေးများဆိုင် ရာ ကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးချမ်းမြေ့စောနှင့် အဖွဲ့ဝင် များ၊ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းရုံး မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင် ခင်မြင့်နှင့် ဝန်ထမ်းများ၊ မြို့မိ/မြို့ဖ များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးများ၊ ဖိတ်ကြားထားသော ရပ်ရွာ အခြေပြု ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ဝင်များ တက် ရောက်ခဲ့ကြောင်း သိရသည်။
.
ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ဥပဒေကို ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအ မှတ် (၂၂) ဖြင့် ဇူလိုင်လ ၂၃ ရက်က အတည်ပြုပြဌာန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats