တောင်ကြီး အလက (၁၁) ရှိ ရွှေပါရမီ စာကြည့်တိုက်အား အောက်တိုဘာလ ၁၉ ရက်တွင် ဖွင့်လှစ်မည် - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, October 16, 2019

တောင်ကြီး အလက (၁၁) ရှိ ရွှေပါရမီ စာကြည့်တိုက်အား အောက်တိုဘာလ ၁၉ ရက်တွင် ဖွင့်လှစ်မည်

ခွန်သက်ထူး
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အမှတ် (၁၁)၊ အခြေခံပညာအလယ် တန်းကျောင်းရှိ ရှေးဟောင်းကျောင်း ဆောင် တစ်ခုဖြစ်သော နဝရတ် ဆောင်အား ရွှေပါရမီ စာကြည့်တိုက် အဖြစ် ပြန်လည်ပြုပြင် မွမ်းမံပြင်ဆင် ပြီးဖြစ်၍ ရွှေပါရမီတောရဆရာတော် အရှင် ဆန္ဒာဓိကနှင့် တောင်ကြီးမြို့၊ ၈၈၈၈ ဆရာတော် ဘဒ္ဒန္တခေမာနန္ဒ တို့မှ အောက်တိုဘာလ ၁၉ ရက်တွင် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
'' အလက (၁၁)ရဲ့ ပင်မအ ဆောင်ဖြစ်တဲ့ နဝရတ်ကျောင်း ဆောင်က နှစ်ပေါင်း ၁ဝဝ ကျော်နေ ပါပြီ။ ကျောင်းဆောင်ကို ရှေးဟောင်း မူလလက်ရာတွေ မပျက်စီးအောင် ထိန်းသိမ်း ဆောင်ရွက်မယ်။ အရင် တုန်းက မူလတန်းကျောင်းပေါ့။ အဲဒီ မူလတန်းကျောင်းတုန်းက ဆရာ တော်အရှင် ဆန္ဒာဓိကတက်ခဲ့တာ။ ဆရာတော်က ကျောင်းကိုလာကြည့် တဲ့အခါ နဝရတ်အဆောင်ကို ပြန် လည်ပြုပြင်ပြီး စာကြည့်တိုက်ပြု လုပ်မယ်လို့ မိန့်ကြားခဲ့တယ်။ ဆရာ တော်က ကလေးတွေကို စာဖတ်ချင် တဲ့စိတ်ရှိလာအောင် လုပ်ပေးချင် တယ်။ စာကြည့်တိုက် ဖြစ်သွားပြီဆို ရင်လည်း ကျောင်းက ကလေးတွေ တင်မဟုတ်ဘဲ အများပြည်သူတွေ ပါ ဖတ်လို့ရအောင် လုပ်ဆောင်ပေး သွားဖို့ ရှိပါတယ်''ဟု တောင်ကြီး မြို့၊ အမှတ်(၁၁)၊ အခြေခံပညာအ လယ်တန်းကျောင်း၊ ရွှေပါရမီ စာ ကြည့်တိုက်ဖြစ်မြောက်ရေး ကော်မ တီမှ ဘဏ္ဍာရေးရှာဖွေရေးနှင့် ထိန်း သိမ်းရေးတာဝန်ခံ မလီချင်းက ပြောဆိုထားသည်။
.

တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်၊ အမှတ်(၁၁)၊ အခြေခံပညာ အလယ်တန်းကျောင်းဝင်းအတွင်း ရှိ "ရွှေပါရမီစာကြည့်တိုက်"ကို ရွှေပါ ရမီဆရာတော်မှ ဦးဆောင်ကာ အ နာဂတ်တွင် အမျိူးကောင်းသား၊ အ မျိူးကောင်းသမီး လူငယ်မောင်မယ် များ အသိအလိမ္မာ ဉာဏ်ပညာများ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့သားကောင်း၊ သမီးကောင်းများ ပေါ်ထွန်းလာစေ ရန် ရည်ရွယ်၍ ရွှေပါရမီ စာကြည့် တိုက်ကို ဦးဆောင် တည်ဆောက်ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ပါ ရမီရှင်များနှင့်အတူ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
အမှတ်(၁၁)၊ အခြေခံပညာအလယ်တန်းကျောင်း၊ ရွှေပါရမီ စာ ကြည့်တိုက် ဖြစ်မြောက်ရေး ကော်မ တီတွင် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက၊ တောင်ကြီးမြို့၊ ၈၈၈၈ ဆရာတော် ဘဒ္ဒန္တခေမာနန္ဒ၊ တောင်ကြီးမြို့နယ် ပညာရေးမှူးတို့ က နာယကများအဖြစ်တာ ဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)