ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် (PC)၊ RCSS နှင့် KNPP တို့ သီးခြားစီ အလွတ်သဘော တွေ့ဆုံ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Tuesday, October 22, 2019

ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် (PC)၊ RCSS နှင့် KNPP တို့ သီးခြားစီ အလွတ်သဘော တွေ့ဆုံ


ကမ္ဘောဇတိုင်း
.
အစိုးရငြိမ်းချမ်းရေးကော်မရှင် (PC)နှင့် ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ (RCSS)၊ ကရင်နီ အမျိုး သား တိုးတက်ရေးပါတီ (KNPP) မှ ခေါင်းဆောင်များသည် အောက်တို ဘာလ ၁၈ ရက်၊ နံနက်ပိုင်းက ထိုင်း နိုင်ငံ၊ ချင်းမိုင်မြို့တွင် သီးခြားစီ အ လွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ သည်ဟု သိရသည်။
.
 
.
ရှေးဦးစွာ ဒေသစံတော်ချိန် နံ နက် ၁၀ နာရီက အစိုးရ ငြိမ်းချမ်း ရေးကော်မရှင် (PC)နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)တို့ တွေ့ဆုံ ရာ၌ တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသ ဘောတူစာချုပ် (NCA) အကောင် အ ထည်ဖော်မှုဆိုင်ရာ အစည်းအဝေး (JICM) ကျင်းပနိုင်ရေး၊ ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့်ပဏာ မအပစ်ရပ်စာချုပ် သဘောတူညီ ချက်(Biliatral)များအနက်အကောင် အထည် မဖော်နိုင်သေးသည့် သ ဘောတူညီချက်များ ကိစ္စနှင့် တစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးသဘောတူစာချုပ် NCA လက် မှတ်ရေးထိုးခဲ့သည့် ၄ နှစ်ပြည့် နှစ် ပတ်လည်နေ့ ကျင်းပရေးကိစ္စများ အား ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
.
အဆိုပါ အလွတ်သဘောတွေ့ ဆုံမှုတွင် အစိုးရငြိမ်းချမ်းရေး ကော် မရှင် (PC)ဘက်မှ အငြိမ်းစား ဒုတိ ယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ခေါင်း ဆောင်၍ ဦးဇော်ဋ္ဌေး၊ ဦးလှမောင် ရွှေ၊ ဦးမိုးဇော်ဦး၊ ဦးကျော်လင်းဦး တို့ တက်ရောက်ခဲ့ပြီး ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့မှ ဗိုလ်ချုပ် ပေါင်ခေး၊ ဗိုလ်မှူး ကြီး စိုင်းငင်း၊ ဒေါက်တာ စိုင်းဦး၊ စိုင်းလျဲန်း၊ စိဏ်းသျဲန်မိုင်တို့ တက် ရောက်ခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး အစိုးရငြိမ်းချမ်း ရေးကော်မရှင် (PC)သည် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ခေါင်းဆောင်များနှင့် ဆက် လက် တွေ့ဆုံခဲ့ကြောင်း သိရသည်။
.
အဆိုပါ အလွတ်သဘောတွေ့ ဆုံမှုတွင် ပြည်နယ်အဆင့် ပြည် ထောင်စုအဆင့် ပဏာမ အပစ်အ ခတ်ရပ်စဲရေး သဘောတူစာချူပ် biliatral ကိစ္စနှင့် ကရင်နီ ပြည်နယ် အတွင်းရှိ ဖွံ့ဖြိုးရေးလုပ် ငန်းကိစ္စ များအား ဆွေးနွေးခဲ့ကြပြီး ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KN PP) မှ ဒုဥက္ကဌ ခူးဦးရယ် ခေါင်းဆောင် ၍ ဒုစစ်ဦးစီးချုပ် ဗိုလ်ချူပ် အောင် မြတ်၊ ဦးအောင်ဆန်းမြင့်၊ နဲနယ် ပလိုး၊ ခွန်နောင်တို့ တက်ရောက် ခဲ့ပြီး အစိုးရငြိမ်းချမ်းရေး ကော်မရှင် PC အဖွဲ့တွင် အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ခေါင်းဆောင် ၍  ဦးဇော်ဋ္ဌေး၊ ဦးလှမောင်ရွှေ၊ ဦး မိုးဇော်ဦး၊ ဦးကျော်လင်းဦးတို့ တက် ရောက်ခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ (RCSS)သည် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်လက်ထက်၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပထမဦးဆုံးပါဝင်လက် မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့အနက် တစ်ခု အပါအဝင်ဖြစ်ပြီး ကရင်နီ အ မျိုးသားတိုးတက်ရေးပါတီ (KNPP) မှာ ယနေ့အချိန်ထိ NCA လက်မှတ် ရေးထိုးရခြင်း မရှိသေးသော  တိုင်း ရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ် ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats