ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ခရီးစဉ် ပိတ်ပင်ခံရမှုနှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Sunday, October 27, 2019

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ခရီးစဉ် ပိတ်ပင်ခံရမှုနှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန်


မင်းဇော်မင်း
.
ထိုင်း-မြန်မာနယ်စပ် လွယ်တိုင်းလျန်းရှိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဌာနချုပ်မှ နေပြည်တော် သို့ NCA ၄ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနား တက်ရောက်မည့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်ဆစ်၏ နေပြည်တော် ခရီးစဉ် တားမြစ်ခံရမှုနှင့်ပတ်သက်၍ အောက်တိုဘာလ ၂၇ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့ သည်ဟု သိရသည်။
.
.
အဆိုပါကြေညာချက်တွင် NCA (၄) နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် PPST ယာယီ ခေါင်းဆောင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်ဆစ်နှင့် အဖွဲ့ဝင် ၁၁ ဦးသည် လွယ်တိုင်းလျန်းမှတဆင့် ဟိုမိန်း-လင်းခေး-တောင်ကြီး လမ်းကြောင်းအတိုင်း လာရောက်ရန် အကြောင်းကြားချက်ကို NRPC မှ သဘောတူခွင့်ပြုခဲ့ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သို့ တင်ပြခဲ့ပြီးနောက် တောင်ကြီးဆက်ဆံရေးအရာရှိချုပ် ဒုဗိုလ်မှူးကြီးစိုင်းဦးမှ ကား ၄ စီးဖြင့် လာရောက်ကြိုဆိုခဲ့သည့် အပြင်နယ်မြေဆိုင်ရာစစ်ဘက်လုံခြုံရေးရာတပ်ဖွဲ့များမှလည်း ကူညီပေးခဲ့ကြောင်း၊ သို့သော် ည ၈ နာရီခန့်တွင် ခိုလမ်မြို့၊ အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးမှ ဖြတ်သန်းသွားလာမည့် ခရီးစဉ်အား ခွင့်မပြုကြောင်း အကြောင်းကြားလာသဖြင့် နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးအား ဖုန်းဖြင့်မေးမြန်းရာတွင် တာချီလိတ်မှလာရောက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အကြောင်းကြားလာသည်ကို သိရသဖြင့် ထိုင်းနိုင်ငံအာဏာပိုင်များထံခွင့် တောင်းခံပြီး လာရောက်ရာတွင် ၄/၅ ရက်ခန့် ကြာမြင့်မည်ဖြစ်သည့် အတွက် NCA လက်မှတ်ရေးထိုးခြင်း (၄) နှစ်ပြည့် အခမ်းအနားသို့ အချိန်မီ တက်ရောက်နိုင်ခြင်းမရှိတော့သဖြင့် စိတ်မကောင်းဖြစ်ရသည်ဟု ဖော်ပြထားသည်။
.
RCSS အနေဖြင့် စတင်အပစ်အခတ်ရပ်စဲသည့်အချိန်မှစ၍ တပ်မတော်နှင့် ၁၇၂ ကြိမ်၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်၊ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ယခု ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်အထိ ၅၂ ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ရသည်မှာ တပ်မတော်မှ အကြောင်းအမျိုးမျိုးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပဋိပက္ခများအား နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန်ကြိုးပမ်းမှုအား တစ်ဆို့လျက်ရှိကာ NCA သဘောတူညီချက်အပေါ် လေးစားလိုက်နာမှုမရှိ ချိုးဖောက်နေသောကြောင့်ဖြစ်ကြောင်း၊ NCA (၄)နှစ်ပြည့်လက်မှတ်ရေးထိုးခြင်း အထိမ်းအမှတ်အခမ်းအနား ကျင်းပ ရေးအတွက် နေပြည်တော်တွင် တွေ့ဆုံညှိနှိုင်းဆွေးနွေးရာ၌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်မှ NCA လက်မှတ်ရေးထိုးထား သည့် အဖွဲ့ဝင်များမှ နုတ်ထွက်သွားလိုက နုတ်ထွက်သွားနိုင်ကြောင်း NCA-S-EAOs ညှိနှိုင်းရေးအဖွဲ့ဝင်အချို့အား ပြောကြားခဲ့ကြောင်းသိရသဖြင့်  ဤကဲ့သို့ ပြုမူပြောဆိုမှုမှာ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် NCA သဘောတူညီချက်စာချုပ်အပေါ် တန်ဖိုးမထားခြင်းဟု ရှုမြင်သုံးသပ်ပါကြောင်း ဖော်ပြထားသည်။
.
ထို့အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌ၏ ခရီးစဉ်အတွက် ကြိုးပမ်းကူညီဆောင်ရွက်ပေးပါသော NRPC ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဇော်ဌေး (PC) တို့အား အထူး ကျေးဇူးတင်ရှိပါကြောင်း နှင့် NCA လက်မှတ်ရေးထိုးခြင်း (၄)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ မတက်ရောက် နိုင်ခြင်းမှာ တပ်မတော်မှ လက်တွဲကူညီမှုမရှိသည့်အပြင် ခရီးစဉ်အား ပိတ်ပင်တားဆီးခဲ့သည့်အပေါ်များစွာ စိတ်မကောင်းဖြစ်ရပါသည်ဟု ဖော်ပြပါရှိသည်။
.
အောက်တိုဘာလ ၂၆ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်စိုးနိုင်ဦး တပ်မတော်၏ အပစ်အခတ်ရပ်စဲရေး ၉ လပြည့်သည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် တိုက်ပွဲ ၂၈၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats