နမ့်ဆန်မှ ဆေးယဉ်ပါးတီဘီ လူနာ ၂ ဦးအား နယ်စည်းမထား ရှမ်းစီမံကိန်းမှ အောင်မြင်စွာ ကုသ ပေးနိုင်ခဲ့ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Thursday, October 24, 2019

နမ့်ဆန်မှ ဆေးယဉ်ပါးတီဘီ လူနာ ၂ ဦးအား နယ်စည်းမထား ရှမ်းစီမံကိန်းမှ အောင်မြင်စွာ ကုသ ပေးနိုင်ခဲ့


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သ၊ နမ့်ဆန်မြို့နယ်မှ ဆေးယဉ်ပါ တီဘီ လူနာ လင်မယား၂ ဦး အား နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (Medicins Sans Frontieres-MSF)မှ ရှမ်းပြည်နယ် စီမံကိန်းတွင် အောင်မြင်စွာ ကုသပေး နိုင်ခဲ့ ကြောင်း သိရသည်။
.
.
နမ့်ဆန်မြို့နေ ဦးအိုက်ကျုံးနှင့် မအေးထွေးတို့ လင်မယား ၂ ဦးမှာ ၂၀၁၇ ခုနှစ်က တိုက်ပွဲရှောင်စခန်း များတွင် သွားရောက်နေထိုင်ရာမှ လားရှိုး နယ်စည်းမခြားဆေးခန်းတွင် ပြသရာမှ ဆေးယဉ်ပါးတီဘီ ရောဂါ ဖြစ်ပွားနေကြောင်း သိရှိခဲ့ရပြီးဆေး ကုသမှု မပြီးမချင်း နေအိမ်သို့ ပြန် နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
.
“ရောဂါပျောက်ကင်းသွားတဲ့အ တွက် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ရှင်း သွားလို့ ဝမ်းသာပါတယ်”ဟု ကိုအိုက်ကျုံးက ပြောသည်။
.
ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေ ရေးအတွက် ၎င်းတို့ ၂ ဦးအား မိ သားစု၊ မိတ်ဆွေများနှင့် ဆက်ဆံ ရေးကို ကန့်သတ်ထားပြီး ဆေးကု သနေစဉ်တွင် ကလေး ၃ ဦး ကိုဆွေ မျိုးများထံ အပ်နှံထားရှိကာ ၎င်းတို့ အား MSF ၏ ဆေးယဉ်ပါးတီဘီ လူ နာဆောင်တွင် ခွဲခြားဆေး ကုသခဲ့ ခြင်း ဖြစ်သည်ဟု သိရသည်။
.
ဆေးယဉ်ပါး တီဘီရောဂါသည် အသက်ကယ်ဆယ်နိုင်သော်လည်း ဆေးကုသမှု ခက်ခဲပင်ပန်းသည့်အတွက် လူနာအများစုမှာ ဆေးကုသမှု ပြီးစီးအောင် ခံယူနိုင်ခြင်း မရှိသည့် အတွက် အောင်မြင်မှု နည်းပါး ကြောင်း သိရသည်။
.
ဆေးကုသမှုမှာ၂ နှစ်နီးပါးခန့် ကြာမြင့်ပြီး ဆေးကုသနေစဉ် ပျို့အန်ခြင်း၊ ခေါင်းမူးခြင်း၊ အကြားစွမ်း ရည်ဆုံးရှုံးခြင်း၊ ကျောက်ကပ်ရော ဂါဖြစ်ပွားခြင်း အစရှိသည့် ဘေးထွက် ဆိုးကျိုးများ ဖြစ်ပွားတတ်ပြီး နေ့စဉ် အဆက်မပြတ် ဆေးအမယ်စုံ သောက်ရကာ ပထမ ၆ လတွင် ရက် သတ္တပတ် တစ်ပတ်လျှင် ထိုးဆေး ၆ ရက် ထိုးရကြောင်း သိရသည်။
.
“အရင်းအမြစ်နဲ့ စမ်းသပ်ကိရိ ယာတွေ ကင်းမဲ့နေခြင်းက သူတို့ အ ရပ် ဒေသအတွင်းမှာ ဆေးကုသမှု ခံယူရရှိဖို့ အခွင့်အလမ်းနဲ့ ဝေးကွာ နေတာ ဖြစ်ပါတယ်။ ဆိုလိုတာက ဝေးလံ ခေါင်ဖျားဒေသတွေမှာ နေ ထိုင်သူတွေအဖို့ သူတို့ ဝန်းကျင်မှာ ဆေးကုသနိုင်တဲ့ အခွင့်အရေးတွေ မရှိကြပါဘူး။ အဲဒါကြောင့် ဆေးကု သမှု လိုအပ်ပြီဆိုတာနဲ့ သူတို့ရဲ့ အိမ်ရာ၊ အလုပ်အကိုင်၊ မိသားစု ဝင်တွေကို ထားရစ်ခဲ့ပြီး ကုသမှုခံ ယူ ဖို့ လုပ်ဆောင်ကြရတာဖြစ်တယ်”ဟု နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ၏ ဆေးဘက်ဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Mitchell Sangma က ပြော သည်။
.
ဆေးယဉ်ပါး တီဘီကုသမှုကို ခရိုင်အဆင့်ထိ ကုသပေးနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ မူအားဖြင့် ချမှတ်ထားပြီးဖြစ် သော်လည်း အပြည့်အဝေအကောင် အထည် ဖော်နိုင်ခြင်း မရှိသေး ကြောင်းနှင့် မြန်မာနိုင်ငံ၏နေရာ အ တော်များများတွင် ဆေးယဉ်ပါးတီဘီ ကုသမှု မပြည့်စုံသေးသည်ကို တစ် ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေး သည့်အနေဖြင့် MSF အဖွဲ့မှ စီမံကိန်း ဒေသများတွင် ကုသမှုလုပ်ဆောင် ပေးလျက်ရှိကြောင်း  MSF မှ ထုတ် ပြန်ထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats