မိုင်းယောင်းတွင် သီတင်းကျွတ်ပွဲတော်ကို ရှမ်းရိုးရာအကများနှင့်အတူ ဆင်နွှဲ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, October 11, 2019

မိုင်းယောင်းတွင် သီတင်းကျွတ်ပွဲတော်ကို ရှမ်းရိုးရာအကများနှင့်အတူ ဆင်နွှဲ


စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၊ အမှတ် (၄) ရပ်ကွက်၊ မွန်ရှဲန်ဘုန်းတော်ကြီး ကျောင်းတွင် အောက်တိုဘာလ ၁၀ ရက်၊ ညပိုင်းက သီတင်းကျွတ်ပွဲတော်အဖြစ် ရှမ်းရိုးရာအကများနှင့် အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
.

.
မိုင်းယောင်းမြို့တွင် ဒေသခံတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များမှ ဗုဒ္ဓမြတ်စွာဘုရားရှင်အား ရောင်စုံမီးများနှင့် မီးရှူးမီးပတ်းများဖြင့် ထွန်းလင်းပူဇော်ခြင်း၊ ဆင်ဆွဲပွဲနှင့်အတူ ရှမ်းအကများဖြင့် ရိုးရာဓလေ့နှင့်အညီ သီတင်းကျွတ်ပွဲတော်ကို အောက်တိုဘာလ ၁၀ ရက်မှ ၁၄ ရက်အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
.
မိုင်းယောင်းမြို့နယ်တွင် တစ်မြို့နယ်လုံးလူဦးရေ ၆၆၆၂၁ ဦးရှိပြီး ရှမ်းတိုင်းရင်းသားများမှာ မြို့နယ်လူဦးရေ၏ ထက်ဝက်ခန့်ရှိကြောင်း သိရသည်။
,

No comments:

Post a Comment

Journal Download

Photo of three cats