မိုင်းပန်တွင် တောင်သူများအား လယ်ယာမြေပုံစံ (၇) ပေးအပ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, October 9, 2019

မိုင်းပန်တွင် တောင်သူများအား လယ်ယာမြေပုံစံ (၇) ပေးအပ်

 မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့တွင် အောက်တိုဘာလ ၄ ရက်က တောင်သူများအား လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) များကို လက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
.

.
မိုင်းပန်မြို့နယ်၊ ဝိုးလိုင်းကျေး ရွာအုပ်စု၊ ၉ မိုင်ကျေးရွာတွင် အောက်တိုဘာလ ၄ ရက်၊ နံနက်ပိုင်းက ဒေသခံတောင်သူ ၃၃ ဦး၏ ဦးပိုင် ၄၄ ခု၊ ဧရိယာ ၁၀၂ ဒသမ ၉၅ ဧကအတွက် လယ်ယာမြေ လုပ် ပိုင်ခွင့်လက်မှတ် ပုံစံ(၇) များကို လင်းခေးခရိုင် လယ်ယာမြေစီမံခန့် ခွဲမှုအဖွဲ့ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေး မှူး ဦးနိုးဝေက ပေးအပ်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
.
တောင်သူတွေကို အချိန်တို အတွင်းမှာ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) တွေ လုပ်ပေးနိုင်ခဲ့တာဖြစ် ပြီး တောင်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့တာဖြစ်ပါတယ်”  ဟု လင်းခေးခရိုင် လယ်ယာမြေစီ မံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးနိုးဝေက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ မိုင်းပန်မြို့နယ် အုပ် ချုပ်ရေးမှူး ဦးစိုးမင်းထက်ကလည်း “တောင်သူတွေအနေနဲ့ မှတ်ပုံတင် ကြေး ၅၀၀ ပဲ ကုန်ပါတယ်။ ပုံစံ(၇) ရရှိတာဖြစ်လို့ အစဉ်အဆက် ပိုင် ဆိုင်လုပ်ကိုင်နိုင်သလို ငှားရမ်း၊ ရောင်းချခွင့်တွေလည်း လုပ်ထုံးလုပ် နည်းတွေနဲ့အညီ ရရှိကြပြီ ဖြစ်ပါ တယ်” ဟု ပြောဆိုခဲ့သည်။
.
မိုင်းပန်မြို့နယ်တွင် မြေဧက ၅၃၅၇ ဧကအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇) ၂၃၂၅ စောင် ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရ သည်။
.
အဆိုပါ လယ်ယာမြေ လုပ်ပိုင် ခွင့် ပုံစံ(၇) ထုတ်ပေးနိုင်ရန်အတွက် မြေတိုင်းတာမှုအပေါ်တွင် မြေစာ ရင်း ဦးစီးဌာနသို့ ငွေကြေးတစ်စုံတစ် ရာပေးရန် ညွှန်ကြားထားခြင်း မရှိ ကြောင်းနှင့် ပုဂ္ဂလိက မြေတိုင်းတာ မှုများအတွက်သာ ၂၀၁၉ ခုနှစ်၊ သြ ဂုတ်လ ၁ ရက်မှ စတင်ကာ အဆင့် လိုက်သတ်မှတ်သည့် မြေတိုင်းခနှင့် ခရီးသွား နေ့တွက်စရိတ်များကို ပေး ဆောင်ရန် ဝန်ကြီးဌာနမှ ညွှန်ကြား ချက်အမှတ် ၂၀၁/၂၀၁၉ ဖြင့် ထုတ် ပြန်ထားသည်ဟု မိုင်းပန်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာ ရင်းအင်း ဦးစီးဌာနမှူး ဦးတင်ကို လတ်ထံက သိရသည်။
.
အဆိုပါ ပုံစံ(၇) ပေးအပ်ပွဲသို့ မိုင်းပန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်မိုး၊ ပြည် နယ်လွှတ်တော်မဲဆန္ဒနယ် ၂ မှ ဦး စိုင်းအောင်ခမ်းနှင့် (၉)မိုင်ကျေးရွာ နှင့် ဝမ်ထန်ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats