တာချီလိတ်တွင် mask တပ်ဆင်ထားသူ အမျိုးသား ၃ ဦးက ရွှေဆိုင်အား ဝင်ရောက် လုယက် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Tuesday, October 8, 2019

တာချီလိတ်တွင် mask တပ်ဆင်ထားသူ အမျိုးသား ၃ ဦးက ရွှေဆိုင်အား ဝင်ရောက် လုယက်


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်အရှေ့ပိုင်၊ တာချီလိတ်မြို့၊ ဝိန်းကျောင်းရပ်ကွက်ရှိ “ထားထားလွင်” အာမခံ အခေါက်ရွှေဆိုင်အား ယနေ့ အောက်တိုဘာလ ၈ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်က Mask တပ်ဆင်ထားသော အမျိုးသား ၃ ဦးမှ ဝင်ရောက်လုယက်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ရွှေဆိုင်ပိုင်ရှင်အတွင်းသို့ Mask တပ်ဆင်ထားသော အမျိုးသား ၃ ဦးမှ မော်တော်ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး တစ်ဦးမှ အရောင်းစာရေး ဖြစ်သူ ဒေါ်တင်ဇာဝင်း၏ ပါးစပ်အား လက်ဖြင့် ပိတ်၍ ဓါးဖြင့် ဗိုက်အား ထောက်ကာ “မအော်နဲ့”ဟု ပြောဆိုခြိမ်းခြောက်၍ ကျန် ၂ ဦးမှ သော့ တန်းလန်း ထားရှိသည့် ကောင်တာ အတွင်းမှ ရွှေထည်ပစ္စည်းများအား ယူဆောင်နေစဉ် ဒေါ်တင်ဇာဝင်းမှ ပိတ်ထားသည့် လက်အား တွန်းဖယ်ကာ ပတ်ဝန်းကျင်သို့ အကူအညီ တောင်းခံခဲ့ရာ ယင်း အမျိုးသား ၃ ဦးမှာ ရွှေထည်ပစ္စည်းအချို့အား ယူဆောင်၍ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.

“ ဖြစ်စဉ်ကို စစ်ဆေး နေတုန်းပါပဲ၊ တရားခံတွေ ဖမ်းမိဖို့ လုပ်ဆောင်နေပါတယ်။ မိပြီ ဆိုတာနဲ့ ချက်ချင်း သတင်းထုတ်ပြန်ပေးပါမယ်။”ဟု ရဲအရာရှိ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ လုယက်ခံရသော ရွှေဆိုင်သို့ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးမှုများ ပြုလုပ်ရာ Mask တပ်ဆင်ထားသော အမျိုးသား ၃ ဦး လုယက် ယူဆောင်သွားသော ရွှေထည်ပစ္စည်းများမှာ စုစုပေါင်း ကာလတန်ဖိုးငွေ ၂၂ သိန်းကျပ်ခန့် တန်ဖိုးရှိ နားကပ် ၈ စုံ ဖြစ်ကြောင်း သိရသည်။
.

တာချီလိတ်မြို့တွင် ရွှေဆိုင်း ဓါးပြ တိုက်ခံရမှု ၃ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ယခု ဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေထည် ပစ္စည်းများအား လုယက် ယူဆောင်သွားသူ အမျိုးသား ၃ ဦးအား ဖမ်းဆီးရမိရေးနှင့် အမှုဖွင့် အရေးယူနိုင်ရေးအတွက် တာဝန်ရှိသူများက စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats