လားရှိုးမြို့ရှိ သုခလမ်းတွင် ယာဉ်ကြော ပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, October 11, 2019

လားရှိုးမြို့ရှိ သုခလမ်းတွင် ယာဉ်ကြော ပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားနေ


ကောင်းမွန်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လား ရှိုးမြို့၊ Kiss လမ်းဆုံရှိ သုခလမ်းတွင် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် သက်ဆိုင်ရာ တာ ဝန်ရှိသူများမှ ဖြေရှင်းဆောင်ရွက် ပေးစေလိုကြောင်း ဒေသခံများမှ ပြောဆိုလျက်ရှိသည်။
.
.
လမ်းက နည်းနည်းကျည်း တယ်။ ပြီးတော့ စျေးထဲကိုဝင်တဲ့ ကားတွေ၊ ဆိုင်ကယ်တွေက ညစျေး အပေါက်က ပြန်ထွက်လာတော့ အဲဒီမှာ ပိတ်ကုန်တာပါ။ ပြီးတော့ အဲဒီဘက်မှာ ရုပ်ရှင်ရုံကလည်း ၂ ရုံရှိ တယ်။ ရုပ်ရှင်ပြီးတဲ့အချိန်ဆိုရင် လမ်းက ပိုကြပ်တယ်။ ဆိုင်ကယ်နဲ့က အကြောင်းမဟုတ်ပေမယ့် ကားနဲ့ဆို ပြန် လှည့်လို့လည်း မရတော့ အခက်အခဲဖြစ်တာပေါ့။ အဲဒီအခက်အခဲလေး တွေကိုသက်ဆိုင်ရာတာဝန်ရှိသူ တွေက ဖြေရှင်းဆောင်ရွက် ပေးသင့် ပါတယ်” ဟု လားရှိုးမြို့နေ Taxi ယာဉ်မောင်းတစ်ဦးက ၎င်း၏ အမြင် ကို ပြောဆိုခဲ့သည်။
.
ထို့အပြင် အဆိုပါ သုခလမ်းပေါ်တွင် မြို့မစျေးသို့ လာရောက်သည့် ကားများ၊ ဆိုင်ကယ်များလာရောက် ရပ်နားထားခြင်းကြောင့် ယာဉ်ကြော ပိတ်ဆို့မှု ပိုမိုဖြစ်ပေါ်နေရကြောင်း သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ လားရှိုးမြို့၊ အမှတ် (၂၀) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူး မျိုးမင်းအောင် အား ကမ္ဘောဇတိုင်းမှ ဆက် သွယ်မေးမြန်းရာ “ကျွန်တော်တို့ ယာဉ်ထိန်းရဲတွေအနေနဲ့ ယာဉ်ကြော ပိတ်ဆို့တာတွေ၊ စည်းကမ်းမဲ့ယာဉ် တွေအတွက် လှည့်ကင်း ၂ ယောက် စီ နေ့တိုင်း တာဝန်ချထားပေးပါ တယ်။ ပြည်သူတွေဘက်က အဲဒီလို နေရာတွေကို တာဝန်ချထားပေးဖို့ လိုတယ်လို့ ပြောလာရင် ကျွန်တော် တို့က ခရိုင်ကို တင်ပြပေးပြီး ယာဉ် ထိန်းအင်အား တိုးမြှင့်ပေးမှာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
ယင်း Kiss လမ်းဆုံတွင် နေ့စဉ် ကျောင်းတက်ချိန်၊ ကျောင်းဆင်းချိန် များ၌ ယာဉ်ကြောပိတ်ဆို့မှု အများ ဆုံး ဖြစ်ပွားတတ်ပြီး မြို့မစျေး အနီး ဝန်းကျင်ရှိ လမ်းများ၌ ယာဉ်ကြော ပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွား လေ့ ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats