လားရှိုးမြို့၊ ခေးနင်းဆရာတော် သေနတ်ဖြင့် ပစ်ခတ်ခံရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Sunday, October 20, 2019

လားရှိုးမြို့၊ ခေးနင်းဆရာတော် သေနတ်ဖြင့် ပစ်ခတ်ခံရ


ကောင်းမွန်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခေးနင်းကျေးရွာ၊ ခေးနင်းကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးပညာဇောတ သည် အောက်တိုဘာလ ၂၀ ရက်၊ ညပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
.
Photo - Nay Myo
.
အဆိုပါ ဘုန်းကြီးကျောင်းတွင် အောက်တိုဘာ ၂၀ ရက်က အလှူတစ်ခုပြုခဲ့ပြီး ညနေပိုင်းတွင် ကိုရင်၊ ဥူးပဇ္ဇင်းများ တရားထိုင်နေချိန်၊ ဆရာတော် စင်္ကြန်မှာလမ်းလျောက်နေစဉ်၌ ပစ်ခတ်ခံရခဲ့ရကြောင်းသိရသည်။
.
“ဆရာတော်ရဲ့ ကျောင်းဆောင်မှာ သေနတ်နဲ့ လာပစ်သွားတယ်လို့ သိရတယ်။ ဆရာတော်က သာသနာအတွက်ပဲ လုပ်တဲ့ ဆရာတော်လို့ သိရတယ်။ အသေးစိတ်တော့ သေချာ မသိရသေးပါဘူး” ဟု လားရှိုးမြို့နေ ကိုမြင့်မြတ်က ပြောသည်။
.
သေနတ်ဖြင့် ပစ်ခတ်ခံထားရသည့် နေရာ၌ ကျည်ခွံ ၃ ခု တွေ့ရှိထားပြီး ပစ်ခတ်သွားသူမှာ ဆိုင်ကယ်ဖြင့် ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြောင်း သိရသည်။
.
လက်ရှိတွင် ဆရာတော် ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ ကျေးရွာသားများမှ ရဲစခန်းသို့ အကြောင်းကြားထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats