ကျိုင်းတုံတွင် မိုးစပါး ရိတ်သိမ်းချိန် ဖြစ်၍ စပါးဈေး တင်း ၁ဝဝ လျင် ၆ သိန်းကျော်ထိ ရရှိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, October 18, 2019

ကျိုင်းတုံတွင် မိုးစပါး ရိတ်သိမ်းချိန် ဖြစ်၍ စပါးဈေး တင်း ၁ဝဝ လျင် ၆ သိန်းကျော်ထိ ရရှိ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့နယ်တွင် မိုးရာသီ၌ စိုက်ပျိုးခဲ့ သော လယ်နှင့် တောင်ယာစပါးများ ရိတ်သိမ်းချိန်တွင် စပါးပေါက်စျေး တစ်တင်းလျင် ကျပ် ၆ သိန်းကျော် ရရှိနေသဖြင့် တောင်သူများ အ တွက် အနည်းငယ် အဆင်ပြေလျက် ရှိကြောင်း သိရသည်။
.
.
လက်ရှိ စပါးပေါက်စျေးမှာ ယခင်နှစ်က စိုက်ပျိုးထွက်ရှိခဲ့သော စ ပါးဟောင်း ၄၀ ကီလိုအိတ်တစ်အိတ် လျှင် ၁၅၀၀၀ ကျပ်နှင့် စပါးသစ်တစ် အိတ်လျှင် ၁၄၀၀၀ ကျပ် စျေးရရှိပြီး ကာလပေါက်စျေး စပါး တင်း ၁၀၀ လျှင် ကျပ် ၆ သိန်းကျော် ရရှိနေ သည်ဟု ရှမ်းပြည်နယ် အရှေ့ပိုင်း ဆန်စပါး လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
.
“မြေပြန့်ဒေသမှာ စပါးစျေးက ၅ သိန်းအောက်ကို ကျနေတယ်။ ရှမ်းရှေ့မှာကတော့ ဆန်အဖြစ် စားရုံမကဘဲ မွေးမြူရေးနဲ့ စားသောက် ကုန်လုပ်ငန်းအတွက်ပါ စပါးကို အ ဓိကထားပြီး ဝယ်နေတဲ့ စျေးကွက် တောင်းဆိုမှုအရ ဒီလို စျေးရတာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စ ပါးလုပ်ငန်းရှင်များအသင်း ရှမ်းပြည် နယ်အရှေ့ပိုင်း ဥက္ကဌ ဦးမုန်းကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ကျိုင်းတုံမြို့နေ စပါး စိုက်တောင်သူတစ်ဦးက “စပါးစျေး ကောင်းနေတယ် ဆိုပေမယ့် အမြတ် အများကြီး ကျန်တာတော့ မဟုတ်ပါ ဘူး။ စိုက်ပျိုးထုတ်လုပ် စရိတ်က လယ်တစ်ဧကမှာ ၄ သိန်းကျော် လောက် ကုန်ပါတယ်။ တကယ်ဆိုရင် လယ်အလုပ်သမားတွေက ပိုပြီး အဆင်ပြေတာဖြစ်ပါတယ်” ဟု ပြော ဆိုခဲ့သည်။
.
ကျိုင်းတုံမြို့တွင် စပါးကောက် ရိတ် လုပ်သားတစ်ဦး၏ တစ်နေ့စာ လုပ်အားခမှာ ကျပ် ၈၀၀၀၊ စပါးများ ကို စုပုံသည့် နေ့စားလုပ်သားတစ်ဦး လုပ်အားခမှာ ကျပ် ၁၀၀၀၀ နှင့် စပါး စုပုံသည့် လုပ်သား၏ လုပ်အားခမှာ ကျပ် ၁၀၀၀၀ ဖြစ်ပြီး နေ့လယ်စာကို လယ်ရှင်မှ ကျွေးမွေးရကြောင်း သိရ သည်။
.
ကျိုင်းတုံမြို့နယ်တွင် ၂၀၁၉ ခု နှစ် မိုးစပါးစိုက်ရာသီ၌ မိုးစပါး ၄၇၄၇ ဧက စိုက်ပျိုးခဲ့ပြီး မိုးဦးကာလတွင် မိုးရွာသွန်းမှု နည်းပါးခဲ့သောကြောင့် စက်မောင်းရေသွင်း စိုက်ပျိုးရခြင်း နှင့် နောက်ကျ၍ ပျက်စီးခြင်းများ ရှိ ခဲ့သော်လည်း စပါးအထွက်နှုန်း ပုံ မှန်အတိုင်းသာ ဖြစ်သည်ဟု ကျိုင်း တုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိ ရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats