ကျိုင်းတုံအကျဉ်းထောင်တွင် ငှက်ဖျားရောဂါဖြစ်ပွားမှု မရှိစေရေး အသိပညာပေးမှုများ ပိုမို ပြုလုပ်ရန် လိုအပ်နေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, October 11, 2019

ကျိုင်းတုံအကျဉ်းထောင်တွင် ငှက်ဖျားရောဂါဖြစ်ပွားမှု မရှိစေရေး အသိပညာပေးမှုများ ပိုမို ပြုလုပ်ရန် လိုအပ်နေ


မင်းဇော်မင်း
.
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်သည် ပြဌာန်းချက် ဥပဒေများနှင့်အညီ ရှမ်းပြည်နယ် အ ရှေ့ပိုင်း၊ ကျိုင်းတုံထောင်နှင့် အချုပ် ခန်းများ၊ တာချီလိတ်မြို့ပေါ်ရှိ အ ချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးပြီး နောက် ယင်းထောင်နှင့် အချုပ်ခန်း များနှင့် ပတ်သက်၍ လိုအပ်သည့် အကြံပြုချက်များအား သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ အကြံပြုစာ ပေးပို့ခဲ့ရာ ယင်း အစီရင်ခံစာတွင် ကျိုင်းတုံအ ကျဉ်းထောင်၌ ငှက်ဖျားရောဂါ ဖြစ် ပွားမှု သိသိသာသာ မြင့်တက်နေသဖြင့် ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ခြင်အန္တရာယ်ကင်းရှင်းရေးနှင့် ငှက်ဖျားရောဂါ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်နိုင်ရေးအတွက် စီစဉ်ဆောင် ရွက်သင့်ကြောင်း ဖော်ပြ ထားသည်ဟု သိရှိရသည်။
.

.
ထို့အပြင် အမျိုးသားလူ့အခွင့် အရေးကော်မရှင်အနေဖြင့် အမျိုး သား/အမျိုးသမီး အချုပ်သားများကို တစ်ဦးချင်း မေးမြန်းရာ၌ အကျဉ်း သားအချို့တွင် ဖောရောင်ရောဂါ များ ဖြစ်ပွားနေကြောင်း သတင်းပို့ တင်ပြကြသဖြင့် ကာကွယ်ကုသ နိုင်ရေးအတွက် ဆောင်ရွက်သင့် ကြောင်း၊ လက်ရှိတွင် အကျဉ်းထောင် စာကြည့်တိုက်၌ တာဝန်ခံအရာရှိ ကိုယ်တိုင် စာအုပ်စာပေများ ဖြည့် ဆည်းထားသည်ကို တွေ့ရှိရ ကြောင်း၊ အခြားအကျဉ်းထောင်စာ ကြည့်တိုက်များ အားလုံးတွင် လို အပ်နေသည့် စာအုပ်စာပေများဖြည့် ဆည်းပေးရန် ဦးစီးဌာန အစီအစဉ် ဖြင့် ဘတ်ဂျက်များ ချထားပေးသင့် ကြောင်း၊ မြန်မာနိုင်ငံအမျိုးသား လူ့ အခွင့်အရေး ကော်မရှင်မှ ခေါ်ယူ တွေ့ဆုံ မေးမြန်းခဲ့သည့် အကျဉ်း သားများအပေါ် အငြိုးအတေးထား ဆက်ဆံခြင်း၊ အခြားအကျဉ်းထောင် များသို့ ပြောင်းရွှေ့ခြင်းများ အပါအ ဝင် လက်တုံ့ပြန်မှု မပြုစေရေး အ တွက် မြန်မာနိုင်ငံ အမျိုးသားလူ့အ ခွင့်အရေးကော်မရှင် ဥပဒေ ပုဒ်မ ၃၈ အရ အလေးထားဂရုပြု ဆောင် ရွက်ပေးရန် အကြံပြုသည်ဟု ဖော်ပြ ထားကြောင်း သိရသည်။
.
တာချီလိတ်ကတော့ ရဲတပ်ဖွဲ့အောက်က အချုပ်ခန်းပါ။ ကောင်းပါတယ်၊ ဘာမှ အကြံပြုချက်ရေးဖို့ မတွေ့ရဘူး” ဟု ကျိုင်းတုံ၊ တာချီ လိတ်ထောင်နှင့် အချုပ်ခန်းများသို့ သွားရောက်စစ်ဆေးခဲ့သူ ကော်မရှင် မှ ဦးယုလွင်အောင်က ပြောသည်။
.
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်မှ အဖွဲ့ဝင်များဖြစ် သည့် ဦးယုလွင်အောင်နှင့် ဒေါက် တာမြင့်ကြည်တို့သည်  စက်တင်ဘာ လ ၁၈ ရက်နှင့် ၁၉ ရက်များက အ ဆိုပါ အကျဉ်းထောင်နှင့် အချုပ် ခန်းများသို့ သွားရောက်ကြည့်ရှု စစ် ဆေးကာ တွေ့ရှိမှုများအပေါ် အကြံ ပြုချက်များ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats