ကျောက်မဲမြို့၊ Denko စက်သုံးဆီအရောင်းဆိုင်တွင် မိုင်းအတုထောင်ကာ ခြိမ်းခြောက်ငွေတောင်းခံခဲ့သူအား ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Tuesday, October 22, 2019

ကျောက်မဲမြို့၊ Denko စက်သုံးဆီအရောင်းဆိုင်တွင် မိုင်းအတုထောင်ကာ ခြိမ်းခြောက်ငွေတောင်းခံခဲ့သူအား ဖမ်းဆီးရမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာအုပ်စု၊ မွေတော်ကျေးရွာရှိ Denko စက်သုံးဆီ အရောင်းဆိုင်တွင် အောက်တိုဘာလ ၂၁ ရက်၊ နံနက်ပိုင်းက မိုင်းအတုဖြင့် ခြိမ်းခြောက်ငွေတောင်းခံခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မန္တလေး-လားရှိုးပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၀၇/၃ နှင့် ၁၀၇/၄ အကြား၊ ကျောက်မဲမြို့နယ်၊ ခိုမုန်း ကျေးရွာအုပ်စု၊ မွေတော်ကျေးရွာရှိ Denko စက်သုံးဆီအရောင်းဆိုင် အိမ်သာခန်းတွင် အောက်တိုဘာလ ၂၁ ရက်၊ နံနက်ပိုင်းက လက်လုပ်မိုင်းဟု ယူဆရသော မိုင်းထောင်၍ ခြိမ်းခြောက်ငွေတောင်းခံမှု ဖြစ်ပွားခဲ့သည့် အတွက် ဆိုင်မန်နေဂျာမှ ငွေတောင်းခံစာပါ ဖုန်းနံပါတ်အတိုင်း Wave Money ဖြင့် ငွေလွှဲပေးခဲ့ရာမှ ခြေရာခံ စောင့်ကြည့် ရာတွင် ကျောက်မဲမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်၊ ဓါတ်ပလန်ကျေးရွာအုပ်စု၊ ကျိုက်သလိုက်ကျေးရွာမှ လာရောက်ငှားရမ်းနေထိုင်သည့် စောအေးမြင့်ဆန်း (ခ) စောချစ် (၃၂ နှစ်) ဆိုသူ၏ ဇနီးအား တွေ့ရှိရပြီး နေအိမ်ကို ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေရာ ငွေတာင်းခံရာတွင် အသုံးပြုခဲ့သည့် ဖုန်းကတ်များနှင့်အတူ ငွေစက္ကူရောရာ ၉ သိန်းကို ရှာဖွေတွေ့ရှိခဲ့သဖြင့် ၎င်း၏ဇနီးဖြစ်သူ မှတဆင့် စောအေးမြင့်ဆန်း အား ခေါ်ခိုင်းရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

စောအေးမြင့်ဆန်းသည် လွန်ခဲ့သည့် ၄ နှစ်ခန့်က တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် ကျောက်မဲမြို့တွင် အိမ်ငှားနေထိုင်ခဲ့ပြီး သီပေါဘော်ကြိုဘုရားပွဲတွင် တရုတ်နိုင်ငံ၌ နေထိုင်စဉ်က ခင်မင်ခဲ့သည့် သားငယ် (ခ) ပြောင်ကြီး ဆိုသူနှင့် ပြန်လည်တွေ့ဆုံခဲ့ပြီး ၎င်းမှာ ပလောင်စစ်သားဖြစ်နေကြောင်းနှင့် အခင်းမဖြစ်မီ ၃ ရက်အလိုတွင် သားငယ်မှ ဖုန်းဆက်ခေါ်သဖြင့် ခိုမုန်းကျေးရွာသို့ သွားရောက်ခဲ့ရာ သားငယ်နှင့် အမည်မသိသူ ၃ ဦးမှ ၎င်းအား ဝိုင်းဝန်းထိုးကြိတ် ကာ ငွေကျပ် ၁၃ သိန်း တောင်းခံသဖြင့် ပေးအပ်ခဲ့ရပြီး အောက်တိုဘာလ ၂၀ ရက်၊ ညနေပိုင်းတွင် ၎င်းအား စာရေးခိုင်းပြီး မိုင်းအတုပြုလုပ်စေကာ Denko စက်သုံးဆီအရောင်းဆိုင် အိမ်သာအတွင်း  အောက်တိုဘာလ ၂၁ ရက် နံနက် ၄ နာရီခန့်က သွားရောက်တပ်ဆင်ခဲ့ပြီး နံနက် ၄ နာရီ ၄၅ မိနစ်တွင် ၎င်းရေးသား ထားသည့် စာအား သွားရောက်ပေးအပ်ကာ စက်သုံးဆီဆိုင်မှ လွှဲပေးသည့် ငွေကျပ် ၁၀ သိန်းကို ထုတ်ယူခဲ့ပြီး ယင်းငွေမှ ၁ သိန်းကျပ်ကို နေအိမ်အတွက် ဈေးသုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.


.
သို့ဖြစ်၍ မိုင်းအတုပြုလုပ်ကာ ခြိမ်းခြောက်ငွေတောင်းခံခဲ့သူအား ကျောက်မဲမြို့မရဲစခန်းတွင် (ပ)၁၅၆/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats