ကလောတွင် ဗုံးဆံအဟောင်းတစ်လုံး တွေ့ရှိ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Tuesday, October 1, 2019

ကလောတွင် ဗုံးဆံအဟောင်းတစ်လုံး တွေ့ရှိ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ယနေ့ အောက်တိုဘာလ ၁ ရက်၊ မွန်းလွဲပိုင်းက ဗုံးဆံအဟောင်း တစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
.
ကလောမြို့၊ အမှတ် (၃) ရပ်ကွက်၊ အရှေ့မြို့ပတ်လမ်းရှိ ဒေါ်မေသင်းခိုင် ပိုင်ဆိုင်သော နေအိမ်ဝင်းအတွင်း၌ ယနေ့ အောက်တိုဘာလ ၁ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က KAKEHASHI ဆောက်လုပ်ရေးကုမ္ပဏီမှ အလုပ်သမား အောင်ဇော်ထွန်း (၃၁ နှစ်) နှင့်အဖွဲ့သည် ခြံရှင်း၊ သစ်ပင်စိုက်ခြင်းများ ပြုလုပ်နေစဉ် အလျား ၅၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၅ ပေခန့်ရှိ သွပ်မိုး၊ ထရံကာ မြေစိုက် လူမနေအဆာက်အဦ၏ အနောက်ဘက် ၃ ပေခန့်အကွာတွင်‌ မြေကြီး၌ စိုက်ဝင်နေသော ဗုံးဆံအဟောင်းတစ်ခုအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ  ဗုံးဆံတွေ့ရှိရာသို့ ကလောမြို့မရဲစခန်းမှ ရဲအုပ်ဆန်းလွင်နှင့် တပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့ (ကလော တပ်စိတ်) မှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့မှ သွားရောက်စစ်ဆေးခဲ့ပြီး ကလောတပ်နယ်သို့ ဆက်လက် အကြောင်းကြားခဲရာ ကလောမြို့၊ အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်မှ စစ်ဦးစီး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ဟိန်းထက်အောင်၊ ကလောတပ်နယ်မှ ဗိုလ်မှူး နိုင်လင်းထွန်း၊ အမှတ်(၉၀၃) စစ်မြေပြင် အင်ဂျင်ယာတပ်ရင်း၊ တပ်ခွဲ (၂)မှ တပ်ကြပ်ကြီး ကျော်စိုးဝင်း တို့အဖွဲ့မှ လာရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဗုံးဆံ အဟောင်း အား ကလောမြို့၊ အမှတ်(၃) ခြေမြန်တပ်ရင်းသို့ ဖျက်ဆီးရန် ယူဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats