အင်းလေးတွင် ဘုရားဆွဲလှေ ရေနစ်မြုပ်၍ ၁ ဦး သေဆုံးကာ လူငယ် ၂ ဦး ပျောက်ဆုံးနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Saturday, October 12, 2019

အင်းလေးတွင် ဘုရားဆွဲလှေ ရေနစ်မြုပ်၍ ၁ ဦး သေဆုံးကာ လူငယ် ၂ ဦး ပျောက်ဆုံးနေ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တွင် ကျင်းပပြုလုပ်လျက်ရှိသော ဖောင်တော်ဦး ဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီ ကြွချီအပူဇော်ခံရာ၌ ယနေ့အောက်တိုဘာလ ၁၂ ရက်၊ နံနက်ပိုင်း က ဆွဲလှေအဖြစ် ဆောင်ရွက်သည့် လှေနစ်မြုပ် မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးကာ လူငယ် ၂ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
.

.
သေဆုံးသူမှာ ညောင်ရွှေမြို့နယ်၊ ရွာသစ်ကျေးရွာနေ ဦးလှကျော် (၃၈ နှစ်) ဖြစ်ပြီး ပျောက်ဆုံးနေသူများမှာ အသက် ၁၇ နှစ်အရွယ် မောင်အောင်ကျော်ဇော၊ အသက် ၁၁ နှစ်အရွယ် မောင်စိုးမြတ်မင်းတို့ဖြစ်ကြောင်း သိရသည်။
.

“ဘုရားစံကျောင်းဝင်ပြီဆိုပြီး စက်လှေတွေက အပြိုင်မောင်းကြတာ စက်လှေနှစ်စီးအပြိုင်မောင်းလို့ ဘုရားဆွဲလှေ နစ်မြုပ်တာဖြစ်ပါတယ်။ သေတဲ့သူက ဆေးရုံကိုသယ်ရင်း ဆုံးသွားပါတယ်” ဟု ညောင်ရွှေ မြို့နယ်၊ မိုင်းပျိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါဆွဲလှေပေါ်တွင် လူ ၈၀ ဦးခန့် လိုက်ပါစီးနင်းလာခြင်းဖြစ်ပြီး ဖောင်တော်ဦးရုပ်ပွားတော်မြတ် ၄ ဆူအား နန်းပန်ကျေးရွာ ယာယီစံကျောင်းမှ မကျည်းဆိပ်ကျေးရွာ ယာယီစံကျောင်းသို့ ပင့်ဆောင်ပြီးနောက် ရွာသစ်ကျေးရွာသို့ ပြန်လာစဉ် ရေလှိုင်းပုတ်၍ ယင်းကဲ့သို့ ရေဝင်နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း နန်းပန်နယ်မြေရဲစခန်းမှ သိရသည်။
.
ပျောက်ဆုံးနေသူများအား တာဝန်ရှိသူများက ရှာဖွေမှုများ ပြုလုပ်နေလျက်ရှိပြီး ဦးလှကျော် သေဆုံးမှုနှင့် ပတ်သက်၍ သေမှုသေခင်းဖွင့်လှစ်၍ ဆောင်ရွက်ထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats