သီပေါမြို့နယ်၊ မိုင်းလင်းဘုန်းတော်ကြီးကျောင်း မီးလောင်၊ ကိုရင်တစ်ပါး ပျံလွန်တော်မူ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, October 3, 2019

သီပေါမြို့နယ်၊ မိုင်းလင်းဘုန်းတော်ကြီးကျောင်း မီးလောင်၊ ကိုရင်တစ်ပါး ပျံလွန်တော်မူ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မိုင်းလင်းဘုန်းတော်ကြီးကျောင်းတွင် အောက်တိုဘာလ ၂ ရက်၊ ည ၁၀ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး သက်တော် ၉ နှစ်အရွယ် ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
.
ဓါတ်ပုံ - နယ်စည်းမခြား
.
ရွာက နည်းနည်းဝေးတော့ သွားရတာ နာရီဝက်လောက်ကြာတယ်။ ဖယောင်းတိုင်ထွန်းပြီး စာကြည့်တာကနေ အိပ်ပျော်သွားပြီး လောင်တဲ့ အဲဒီကိုရင်လေး မီးထဲပါသွားတာပါဟု သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး မိုးဆွေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
သီပေါမြို့၊ အရှေ့တောင်ဘက်၊ ၁၈ မိုင်ခန့်အကွာရှိ မိုင်းလင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အောက်တိုဘာလ ၂ ရက်၊ ည ၁၀ နာရီခန့်က ရှင်ကုသလ ဘွဲ့အမည်ရ ကိုရင်လေးသည် ဖယောင်းတိုင်ထွန်း၍ စာကြည့်ရာမှ အိပ်ပျော် သွားစဉ် ဖယောင်းတိုင်မီးမှ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မီးလောင်ကျွမ်းရာသို့ မိုင်းလင်းအရန်မီးသတ်တပ်ဖွဲ့နှင့် ရွာသူရွာသားများမှ စုပေါင်းမီးငြိှမ်းသတ်ခဲ့ပြီး သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီး၊ တပ်ဖွဲ့ဝင်အင်အား ၁၀ ဦး၊ ကုန်းသာနှင့် နောင်အန် ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းငြှိမ်းသတ်ခဲ့ရာ ည ၁၂ နာရီခန့်တွင် မီးလုံးဝငြိမ်းသွားခဲ့ပြီး အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ကိုရင်တစ်ပါး ပျံလွန်တော်မူကာ အလျား ၁၀၀ ပေ၊ အနံ ၈၀ ပေ၊ အမြင့် ၁၈ ပေရှိ မြေစိုက် ပျဉ်ကာ သွပ်မိုး ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
.
အဆိုပါ ကျောင်းတွင် ကျောင်းထိုင်ဆရာတော် အပါအဝင် ဦးပ ဉ္ဇင်း၊ ကိုရင် ၈ ပါး သီးတင်းသုံးနေထိုင်ပြီး ပျံလွန်တော် မူသည့် ရှင်ကုသလဘွဲ့အမည်ရှိ ကိုရင်လေး၏ ရုပ်ကလာပ်ကို သီပေါမြို့အခြေစိုက် နယ်စည်းမခြား လူမှုကူညီရေး အသင်းမှ သီပေါဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats