ဟဲဟိုးတွင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြားအား သယ်ဆောင်လာသူများနှင့်အတူ ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Saturday, October 5, 2019

ဟဲဟိုးတွင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြားအား သယ်ဆောင်လာသူများနှင့်အတူ ဖမ်းဆီးရမိ


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့အနီး၊ မိတ္ထီလာ-သာစည်-ကလော-တောင်ကြီး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ယနေ့ အောက်တိုဘာလ ၅ ရက် နံနက်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား အား သယ်ဆောင်လာသူ ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်တပ်ဖွဲ့စု (၂၅) တောင်ကြီးမှ ရဲအုပ် အေးမင်းထွန်း ဦးစီး တပ်ဖွဲ့ဝင်များသည် ယနေ့ အောက်တိုဘာလ ၅ ရက် နံနက်ပိုင်းက ဟဲဟိုးမြို့အနီးတွင် မိုင်တိုင်အမှတ် (၉၂/၁) ရှိ ဇရပ်တွင် မူးယစ်ဆေးဝါးသတင်းအရ ကြိုတင်စောင့်ဆိုင်း နေစဉ် ကိုထွေး (ခ) ခွန်မောင်ထွေးနှင့် ဦးယွမ်တို့ ၂ ဦးသည် ဆိုင်ကယ် ၂ စီးနှင့်အတူ ရောက်ရှိလာသဖြင့် သက်သေများ ရှေ့တွင် စစ်ဆေးရှာဖွေရာ ၎င်းတို့လွယ်လာသည့် Pilot စာတမ်းပါ ကျောပိုးအိတ်အတွင်းမှ မှိုင်းခံစက္ကူဖြင့်ထုပ်လျက် တစ်ထုပ်လျှင် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြားပါ အထုပ် ၁၀ ထုပ်၊ စုစုပေါင်း စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများအား သုံးစွဲရန်နှင့် ပြန်လည်ရောင်းချရန် လက်ဝယ်ထားရှိ သယ်ဆောင်လာသူ ကိုထွေး (ခ) ခွန်မောင်ထွေး (၃၇ နှစ်)၊ တောင်ကြီးမြို့နေသူနှင့် ဦးယွမ် (၄၀ နှစ်) တို့ ၂ ဦးအား ဟဲဟိုးနယ်မြေရဲစခန်းတွင် မယ(ပ)၁၀/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉(က)/၂၁ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats