တောင်ကြီး၌ ဗျောက်အိုးယမ်းစပ်ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Tuesday, October 1, 2019

တောင်ကြီး၌ ဗျောက်အိုးယမ်းစပ်ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွား


ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ နယ်မြေ(၂)၊ ကျောက်တလုံးလမ်း၊ အမှတ်(၂/၁၈)ရှိ နေအိမ်၌ စက်တင်ဘာလ ၃၀ ရက်၊ ည ၈ နာရီခွဲခန့်က ဗျောက်အိုးယမ်းစပ်ရာမှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

“ ယမ်းမီး နည်းနည်းလေးပါပဲ၊ PNA ရုံး တောင်ဘက်နားမှာပါ။” ဟု မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ နေအိမ် ဂိုဒေါင် အရှေ့ဘက် ရေချိုးခန်းအတွင်း ထားရှိသည့် ဗျောက်အိုးအား ယမ်းစပ်ရာမှ တစ်ဆင့် မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ငွေကျပ် ၃၀၀၀၀ ခန့်သာ ဆုံးရှုံးခဲ့ပြီး အခြား တစ်စုံတစ်ရာ ဆုံးရှုံးမှု မရှိခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ မီးလောင်ကျွမ်း လွယ်သည့် ဗျောက်အိုး ယမ်းမှုန့်များအား ပေါ့ဆစွာ ထိန်းသိမ်းထားရှိသူ အိမ်ပိုင်ရှင် ဦးတင်ဖေအား တောင်ကြီးမြို့မရဲစခန်း၌ (ပ)၂၀၀၇/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats