မောင်နှံဇနီး၊ ရာသက်ပန်ခရီးသို့ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Saturday, October 12, 2019

မောင်နှံဇနီး၊ ရာသက်ပန်ခရီးသို့


ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.
ဝါကျွတ်လျှင်
.
            "ဆရာ့တပည့်တော့ ဒီဝါကျွတ်မှာ လူပျို ဘဝလည်း ကျွတ်ပါပြီဗျ"
            "ဟေ တကယ်လား။ ဝမ်းသာပါတယ်ကွာ။ မင်းလည်း အသက် ၃၀ နားကပ်နေပြီပဲ"
            "ဆရာဆုံးမထားခဲ့တဲ့အတိုင်း ဘွဲ့ရ၊ အ လုပ်ရ၊ အသက်ရ၊ ရည်းစားရ၊ ရင့်ကျက်မှုဆို တဲ့ ရ ငါးရ ပြည့်စုံမှ မိန်းမယူရင် အိမ်ထောင်မြဲ၊ သေပွဲဝင်မှ ခွဲဆိုမဟုတ်လားဗျာ"
            "အေး မင်းက မှတ်သားထားသကိုး။ ကောင်းပါပေ့ တပည့်ရေ"
.
            ပြီးခဲ့သည့် သြဂုတ်ထဲမှာဖြစ်၏။ မပေါ်လာ တာကြာပြီဖြစ်သော၊ လူပျိုကြီး တပည့်တစ်ဦး  အိမ်ဝင်လည်ရင်း ပြန်ခါနီး၌ ဝမ်းသာစရာ စ ကားလက်ဆောင်ပါး၏။ သူနှင့် တစ်တန်းထဲတ ပည့်အချို့တို့ စောပြီး အိမ်ထောင်ကျကြ၍ သားသမီးတွေပင် မူလတန်းတက်နေကြပြီ။ အ ဆင်ပြေသူများရှိသကဲ့သို့၊ မပြေ့တပြေတွေက များ၏။ တစ်ဦးကဖြင့် စလယ်ဝင်အိုး၊ ဖင်မမည်း ခင်က ကွဲကြ၍ စိတ်ညစ်ပြီး အရက်ပင်လယ်ထဲ နစ်ကာ ဘဝအခြေမလှ ရှာပါပေ။ ရုန်းရင်းကန် ရင်း ကြွေးလည်ပင်း ချိတ်နေသူအတွက် စိတ် မကောင်းဖြစ်မိ၏။ အိမ်ထောင်ကျ စောလွန်း ခြင်းသည် မိဘအခံ မရှိလျှင် ရုန်းကန်ရစမြဲပါ။ ဆရာဆိုသည်က တပည့်တွေအားလုံးအပေါ် မှာ မေတ္တာစေတနာ တပြေးညီထားကြမြဲဖြစ်၏။ ဝမ်းဝခါးလှရုံ ဆရာတို့မှာ အကြံဉာဏ်ကောင်း သာ သြဝါဒပေးနိုင်၏။ နှုတ်၏ စောင်မခြင်းမျှ သာ တတ်နိုင်၏။ လက်၏ စောင်မခြင်းကား မ ပါနိုင်ကြပါ။ ငွေတွင်းနက်သော ခေတ်ကျပ်မို့။
.
            ၁၀/၁၀/၂၀၁၉ နေ့ထုတ် အတွဲ ၅၊ အမှတ် ၄၀ ကမ္ဘောဇတိုင်းသတင်းဂျာနယ်အတွက် ဘာဆောင်းပါးရေးရလျှင် ကောင်းမည်နည်းဟု စဉ်းစားနေစဉ်မှာပင် ပင်းတယဘက်မှ စာပေ တပည့်ငယ်တစ်ဦး၊ အလုပ်ကိစ္စဖြင့် တောင်ကြီး ရောက်တုန်းရောက်ခိုက် ဝင်တွေ့၏။ သူတစ်ဦး တည်း မဟုတ်ပါ။ သူ့ဘဝလက်တွဲဖော်အဖြစ် ချစ်ရည်ငံနေသူ မိန်းမချောလေးလည်း အတူ ပါလာ၏။ မိန်းကလေးမှာ ဖြူချောယဉ်လေးမို့ တပည့်သားလတ်လတ်လေးနှင့် တစ်မျိုးတော့ လိုက်ဖက်၏။ တစ်ချိန်လုံး တပည့်မျက်နှာကို အရိပ်ငုံပြီး ကြည့်နေပုံမှာ အလွန်ချစ်မြတ်နိုးစာ နာရှိလှ၏။ တပည့်ကံကောင်းပါသည်။ အိမ်မှာ "ပဲခေါက်ဆွဲ"ချက်စားခိုက် ကြုံ၍ ဧည့်ခံလိုက် နိုင်၏။ တပည့်က ကျွန်တော့်အကြိုက်ကို သိ ၏။ ထန်းလျက်ဖြင့် လုပ်သော အချိုလေးလေး ပင်းတယ မုန့်ဆီကြော်နှင့် ပဲကပ်ကြော်များ ပါ လာသည်။ သူတို့စုံတွဲ ထပြန်သွားသောအခါ အတွဲညီသည့် သိင်္ဂါရ ချစ်ရည်ညီမျှ လိုက်ဖက် မြင်ကွင်းကြောင့်လားမသိ။ ကဗျာလိပ်ပြာ နိုး ထလာ၍ ငယ်မူပြန်ကဗျာတစ်ပုဒ် ရင်ထဲကမွေး ဖွားလာပါတော့သည်လေ။ သြော် တစ်ဝါကျွတ် တော့မည်။ ဝါကျွတ်လျှင် လူပျိုအပျိုတွေလည်း ဒွိယံ ဒွိယံ မင်္ဂလာဆောင်နှင်း၍ ဘဝခရီးကို တူ နှစ်ကိုယ် လျှောက်လှမ်းကြတော့မည်။ လော ကအလယ်မှာ ဒုက္ခပင်လယ် မဝေစေဖို့ဆောင် ရန် ရှောင်ရန်များ သူတို့လေးတွေ ကြိုတင်သိ ထားဖို့ လိုသည်။ အရိပ်မြွက်မျှရေးချင်စိတ် ပေါ် လာပါတော့သည်။
.
အိမ်တွင်းရေး
.
            တစ်နေ့လယ်ခင်းမှာ မိုးအေးအေးနှင့် စာ တစ်အုပ်  ဖတ်လို့ကောင်းနေစဉ်တွင် ဖြစ်၏။ ဓမ္မမိတ်ဆွေတစ်ဦး၊ ဆိုင်းမဆင့် ဗုံမဆင့်ဘဲ ရောက်ရှိလာသည်။ စိတ်အလွန် ရှုပ်ထွေးနေပုံ ပေါက်၏။ မျက်နှာလည်း ညှိုးနွမ်းပြီး လေသံက အားသိပ်မရှိလှပေ။ အိပ်ပျက်စားပျက်နေသည် မှာ ကြာမြင့်နေပြီဟု သိသာလွန်း၏။ အလွန်ခင် မင်ရင်းနှီးစွာ လူမှုရေးကိစ္စ သာသနာရေးကိစ္စ များနှင့် ပတ်သက်၍သာ ပေါင်းစုလုပ်ဆောင် ဖြစ်သော ဓမ္မမိတ်ဆွေအဆင့်ပါ။ သူ့အိမ်တွင်း ရေးကိစ္စများကိုတော့ ဘာမှ သိမနေခဲ့ပါ။ သူ့ သားကိစ္စ ဖြစ်နေ၍ ဇာတ်လမ်းလိပ်ပတ်လည် အောင် မေးမြန်းရပါသည်။ သူ့တွင် မိခင်အ သက် ၇၀ ခန့် တစ်ဦးနှင့် သူ့သားအသက်အ စိတ်ကျော်တစ်ဦးတို့က အတူဖြစ်နေသည်။ ကျန် မောင်နှမများက အိုးကွဲ အိမ်ခွဲတွေပါ။ သူ့ သားမင်္ဂလာဆောင် ပြီးခဲ့သည်မှာ ၂ နှစ်ကျော် တော့ရှိပြီ။ သားသမီးမပွားစီးကြသေးပါ။ လော လောဆယ် ခေတ္တာကွဲနေကြ၏။ သားကအ ခြား မိန်းကလေးတစ်ဦးနှင့် တွဲနေပြီ။ ယူကြ မည့် အနေအထားရှိ၏။ ဤသို့ဖြစ်ရခြင်းတွင် သူ့မိခင်နှင့် သူ့မောင်နှမများက တစ်ဖက်သတ် ခလောက်ဆန်မှု အဓိကကြောင့်ဟု ဆို၏။ သူ့ အနေနှင့်ကတော့ သူချွေးမကြီးကို သနား၏။ ချွေးမကြီးက သဘောလည်းကောင်း၊ အေး လည်းအေးလွန်း၍ သူနှင့်တော့ အလွန်းသင့်အ ဆင်ပြေနေသည်။ အဆင်မပြေနေသည်က သူ့ မိခင်။ သူ့သားက မြေးဦးဖြစ်ရာ သူ့အမေဖြစ် သူအဘွားက တုန်နေအောင် ချစ်၏။ အဘွား လက်ပေါ် မြေးဦးကြီးလာခဲ့ရတာကြောင့် မြေး အဘွားက ပိုမို၍ သွေးစည်းကြသည်။ အချိန် တန် အရွယ်ရောက်တော့ မြေးက အမြီးပေါက် ပြီး ရည်းစားရှိနေပြီ သိရကတည်းက မြေးချစ် အဘွားမှာ စွေ့စွေ့ခုန်နေချေပြီ။
.

            စစွာဦးမှာပဲ ချစ်ရည်လူးလို့ ပျော်မြူး လျှောက်လည်ကြစဉ်၊ မော်တော်ဆိုင်ကယ် မှောက်၍ တစ်ရပ်ရွာသူ ဒဏ်ရာကြီးငယ်ကြောင့် ဆေးရုံဆင်းပြီး အိမ်ပေါ်တင်ထားရ၏။ မင်္ဂလာ ဆောင်ဖို့ လပိုင်းမျှ လိုသေးချိန်၊ အချစ်ဆိပ်က လည်း တက်ချိန်၊ မြို့ခံအိမ်ရှင် ဝတ္တရားကျေ ပွန်လွန်းသူ မြေးဦးအဖြစ်သည်းသည်းလှုပ်ကို အဘွားက မရှုဆိတ်နိုင်။ မတော်ရသေးသည့် မြေးချွေးမလေးလောင်းကို ကြည့်မရ။ ချဉ် လိုက်သည်မှ ကိုးဆယ်ခါပြန်ဆိုရမည်။မင်္ဂလာ ဆောင်ကို တားမြစ်ချင်သော်လည်း မအောင် မြင်။ ဆောင်ပြီးတော့ ပိုဆိုး။ အဘွားက ဗူးဆို ဖရုံမသီးသည့် ခေါင်းမာမာ အသည်းမာမာလူ စားမျိုး။ ကျန်သားသမီးများကို သူ့ဘက်သိမ်း သွင်းတော့ ပါတီတောင့်သွားရော။ တဆိတ်ကို တစ်အိတ်ဇာချဲ့အပြစ်ဖို့ အပွတ်အတိုက်တွေ များ၍ လာလေပြီ။ ကျောက်ဆောင်များတောင် လေတိုက်ရေတိုက်ဖန်များလာခဲ့သော် လှုပ်ရ သေးသည်ပဲ။ လူသားမြေးချစ်လည်း ယိုင်နဲ့ လေပြီ။ သည်ဟာမနှင့် ကွဲလျှင်ပြီးရော့သဘော ဖြင့် အခြားလည်ပယ်လွန်းသူ ကလေးမတစ် ဦးနှင့် လှော်ပေးကြတော့၏။ ဟိုက နှစ်ခုလပ်။ အဘွားနှင့် အဒေါ်များ မသိကြ။ အမေလုပ်သူ ကျွန်တော့်ဓမ္မမိတ်ဆွေက သိလိုက်ရတော့ သားကို မနစ်မွန်းစေချင်။ သူ့က ချွေးမကြီးနှင့် နှစ်ဦးတည်း တစ်ပါတီ။ ကဲ ဤသပွတ်အူဇာတ် ရှုပ်ကို ဘယ်လိုရှင်းကြမည်နည်း။ မြွေမသေ တုတ်မကျိုး ဖြစ်ဖို့ မလွယ်ကြောပါပေ။
.

"ချစ်တာ ပဓာနလို့ ဆိုချင်ပါတယ်။ မောင် ရယ်။ အခုလဲ ချစ်ရတယ်။ နောင်လဲ ချစ်ရပါ မယ်" ဆိုသည်ကား စိတ်ကူးယဉ် အချစ်သီချင်း ထဲ၌သာ ရှိနိုင်ပါလိမ့်မည်။

            "ချစ်တာ ပဓာနလို့ ဆိုချင်ပါတယ်။ မောင် ရယ်။ အခုလဲ ချစ်ရတယ်။ နောင်လဲ ချစ်ရပါ မယ်" ဆိုသည်ကား စိတ်ကူးယဉ် အချစ်သီချင်း ထဲ၌သာ ရှိနိုင်ပါလိမ့်မည်။ လူ့လောက လော ကီဘုံဖြစ်ရပ်စုံစုံတွေမှာတော့ ချစ်တာတစ်ခု တည်းနှင့် မပြီးပါ။ ချစ်တာပဓာနဆိုသည်ကား သမီးရည်းစားဘဝ၌ ဟုတ်ကောင်းဟုတ်ပါလိမ့် မည်။ အိမ်ထောင်သည်ဘဝမှာ နှစ်ယောက် တည်းတစ်ကမ္ဘာလုပ်၍ မရနိုင်တော့ပါ။ သူ့ ဘက်ကိုယ့်ဘက် အသိုင်းအဝိုင်းတွေ ပါလာ တော့၏။ အားလုံးနှင့် သင့်တင့်အောင် ပေါင်း သင်းဆက်ဆံနိုင်ပါမှ ပြေလည်မှု ရရှိနိုင်ပါမည်။ ပဓာနအကျဆုံးမှာကား ကြင်စဦး ဇနီးမောင်နှံ နှစ်ယောက်တို့ ဖြစ်ကြ၏။ ပတ်ဝန်းကျင်ကား ဒုတိယအနေအထား၌ ရှိ၏။ နှစ်ဦးသား နား လည်မှု ရှိကြပြီး ကိုယ်ချင်းစာနာစိတ်၊ စေတနာ မေတ္တာ ကြီးမားစွာဖြင့် သည်းညည်းခံနိုင်ခွင့် လွှတ်နိုင်ပါမှ ရေရှည်ဘဝခရီးမှာ ပြေလည်သာ ယာနိုင်ပါလိမ့်မည်လေ။ ကျွန်တော့်အခြားဓမ္မ မိတ်ဆွေတစ်ဦး၏ တစ်ဦးတည်းသော သမီး၊အ ပျိုးမကြီးတကြီး၊ အရွယ်မဟိုင်းတဟိုင်းက "ဆ ရာ သမီးသီတင်းကျွတ်ပြီးရင် အိမ်ထောင်ပြု တော့မယ်။ အဲဒါကို ဆရာက သြဝါဒလေး ချီး မြှင့်ပေးပါဦး"ဟု လွန်ခဲ့သော ရှစ်နှစ်ဝန်းကျင် ဝါကျွတ်ခါနီးတစ်နေ့တွင် မေတ္တာရပ်ခံလာ၏။ ဘွဲ့ရပညာတတ်တွေမို့ ဆိုးဆိုးဝါးဝါးကြီး မဖြစ် နိုင်သော မိသားစုပါ။ သတို့သားလောင်းကား အညာဘက်ကမို့ သဘောသဘာဝချင်း နည်း နည်းကွာခြားနိုင်ပါ၏။
.
            မကွာခြားသည်က ပညာအင်အား ဓနအင် အားချင်း မျှတအဆင့်အတန်းတူတွေ ဖြစ်ကာ အသက်အရွယ်တွေကလည်း အထိန်းမတတ် စိမ်းဇတ်ဇတ်တွေ မဟုတ်တော့ပြီ။ ခက်သည် မှာမူ သမီးရှင်က တစ်ဦးတည်း သမီးမို့ မထည့် လိုက်နိုင်ပါ။ သမက်အိမ်တက်ရမည့် အခြေပါ။ ချစ်တုန်းမှာတော့ တစ်ဦး အကြိုက်တစ်ဦးလိုက် လျောနိုင်ကြ၏။ ကြာရှည်လိုက်လျောဖို့ကား အခက်သားလား။ ယောက္ခမ အိမ်ထက် သမက် မျက်နှာငယ်ဆိုစကားက အရှိသား။ ကျားဆို သော ယောကျာ်းဖသားတိုင်း ကျားမာန်မာနက တော့ ရှိတတ်ကြစမြဲ။ တစ်ခါသည်းခံနိုင်မည်။ နှစ်ကြိမ်သုံးကြိမ်လည်း မထောင်းသာသေး။ အကြိမ်များလာသောအခါထောင်းခနဲ ထ၍ ပေါက်ကွဲတတ်ကြ၏။ "သမီး အိမ်ထောင်ရေး မှာ တစ်ဦးကိုတစ်ဦး နားလည်မှု ပေးနိုင်ဖို့ အဓိ ကအရေးကြီးပါတယ်။ Understanding လို့ ဆို ကြတယ်။ သူ့တစ်ခုတည်းနဲ့တော့လည်း မပြီး သေးဘူးပေါ့။ သည်းခံစိတ်ရှည် ခွင့်လွှတ်တတ် ဖို့လည်း လိုတယ်။ မေတ္တာတကယ်ကြီးကြီး ထားနိုင်ပါမှ အဆင်ချောနိုင်တာ။ တကယ့် မေတ္တာအရင်းခံနိုင်ပါမှ မောင့်မျက်နှာ တစ်ရွာ မှတ်ထင်၊ အချစ်ဓာတ် ရစ်ပတ်မိရင်၊ ကြာလေ လေ ခိုင်မြဲလေလေ ဆိုတာ အချစ်တစ်ခုတည်း မဟုတ်"ဟူ၍  အတော်ရှည်ရှည်ဝေးဝေးကြီး ရှင်းပြသြဝါဒ ပေးမိ၏။ နှစ်ဦးသား တစ်ဘဝက တော့ အစပိုင်းမှာ ဟုတ်တုတ်တုတ်။ နှစ်က လေး ရ၊ အိမ်ထောင်သက် မရင့်တရင့်၊ သားသ မီးမပွားစီးလေတော့ အချစ်မီး အေးလာပြီထင့်။ ဖခင့်ကိုယ်ပွား လိုလား၍လား မသိ။ ဗွေဖောက် ချင်လာလေပြီ။
.

ပတ်ဝန်းကျင်
.
            အိမ်ထောင်ရေး၌ နယ်လုတတ်ကြခြင်းက ရှိတတ်ကြစမြဲပါ။ သူ့ဘက်ကိုယ့်ဘက် သူအ သာစီးရရေး ကိုယ်အသာစီးရရေး ဆိုသည်ကား အခက်တကာ့ အခက်ဆုံးပါ။ အိမ်ထောင်သက် ၁၀ နှစ် ကျော်လာခဲ့ပြီးတာတောင်၊ တချို့များ နယ်လုလို့ကောင်းတုန်း ရှိသေး၏။ "ဟေ့ မင်း တို့က လူသားတွေပါကွ။ ဘယ့်နှယ်ကွာ။ ခွေး တွေကျနေရော။ နယ်လုတာက အလွန်ပဲကိုး ကြားထဲမှာ သားသမီးတွေက မြေစာပင် ဖြစ် ကုန်ပါဦးမယ်" ဤစကားကို ကျွန်တော့်ဘကြီး တစ်ဦးက ဆွေမျိုးထဲကလင်မယား တကျက် ကျက်ဖြစ်တတ်လွန်း အငြင်းပွားတတ်လွန်း သည့် သားသမီး သုံးရောက် ပွားစီးပြီးသည့် တ စောင်းစေးနှင့် မျက်ချေးစုံတွဲ တစ်တွဲအား မြည် တွန်တောက်တီးသည့် စကားလေး တစ်ခွန်း ဖြစ်၏။ ဟုတ်လည်း ဟုတ်၏။ ခွေးတွေက သူ့နယ်နှင့်သူ အပိုင်စားတွေမို့၊ နယ်မြေမှား ရောက်လာသော သူစိမ်းခွေးကို ဝိုင်းပြီးဆွဲကြ ကိုက်ကြ သမကြတော့၏။ ကျွန်တော်တို့က အစဉ်းစားဉာဏ်ရှိသည့် လူတွေလေ။ ဘာ ကြောင့် နှစ်ယောက်တစ်ကမ္ဘာ ထူထောင်ကြ ပြီးမှ နယ်လုနေကြရဦးမည်နည်း။ သူမသာ ကိုယ်မနာ သဘောထားမျှတပါက ညီညွတ်ချစ် ကြည် ငြိမ်းချမ်းသင့်ပြီ မဟုတ်ပါလား။
.
            ဘေးက ခြေထိုးပင့်ကော် ချောက်တွန်းမည့် ဆွေမျိုးသားချင်းများ၊ အကျိုးလိုလားယောင် ယောင်နှင့် အကျိုးမဲ့အောင် ပြုကြသည့် မိတ် တုများကို သတိထားကြရပါမည်။ အချစ်သည်း အဖြစ်သည်းကြသည့် မိခင်အပါအဝင် ဒေါ်ကြီး ဒေါ်လေး ဒွေးကြီးဒွေးလေး အတ္တကြီးသမား အဘွားများကို ကြိုတင်နားလည်အောင် ကာ ကွယ်ထားကြရပါမည်။ ယောကျ်ားသားတွေက ဖာသိဖာသာနေကြသည်က များ၍ ပြဿနာအ ရှုပ်အရှင်းထဲ သိပ်မပါလိုတတ်ကြပါ။ မိန်းမအိမ် ဆင်း၊ ယောကျ်ား အိမ်ဆင်းများ မဖြစ်ကြစေ နှင့်။ မနှင် မမောင်းထုတ်ဘဲ မိမိစိတ်လိုက်မာန် အရ အိမ်ပေါ်ဆင်းသက်ခဲ့ပြီး နောက်မှလိုက်မ ပင့်မခေါ်ခဲ့သော်၊ မိမိဖာသာ အိမ်ထက်ပြန်တက် ရခက်ပေတော့မည်။ မကွဲပြဲစေလိုသည့် ဆွေ မျိုးနှင့် မိတ်ရင်းတို့ကစေတနာ့ဝန်ထမ်းကာ ကြားမှ စေ့စပ်ဖြေရှင်းပြေငြိမ်းစေလျက် ပြန် လည်ပေါင်းဖက်ဖို့ အကြောင်းဆက်ပေးသင့်ကြ ၏။ အိမ်ထောင်တစ်ခုဆိုသည်ကား ပေါင်းရန် ထူထောင်ကြခြင်းပါ။ ကွဲဖို့ အိမ်ထောင်ပြုခြင်း မဟုတ်ကြောင်း ခံယူထားရန် လိုအပ်ပါသည်။ သားသမီးမျက်နှာကို ကြည့်ပြီး သည်းခံရပါမည်။
.
            အတိုကို မကြည့်နှင့် အရှည်ကို ကြည့်ပါ။ ဆိုစကားမှန်၏။ လောလောဆယ် အနိုင်ရလိုမှု ကြောင့် မျက်တောင်မွေးတစ်ဆုံး ရေတိုကို ကြည့်ခဲ့၍ အကျိုးနည်း၊ အပြတ်ပြတ်နှင့် နှာ ခေါင်းသွေး ထွက်ကြရကိန်း ကြုံရသူများကြည့် ပြီး သင်ခန်းစာယူသင့်၏။ တစ်သက်တာ ရေ ရှည်မိုင်ပေါင်းများစွာကို မျှော်ကြည့်ကာ သည်း ညည်းခံစိတ်ဖြင့် ခွင့်လွှတ်အနိုင်ယူခြင်းကား မြတ်၏။ အကျိုးများ၏။ အိမ်ထောင်ပြု ဘုရား တည်၊ ဆေးမင်ရည် စုတ်ထိုး ဤသုံးချက် ခုမ ပိုင်လျှင် နောင်ပြင်ခက်သည့်မျိုး ဆိုရိုးစကားအ တိုင်း အိမ်ထောင်မပြုမီ နှစ်ဖက်မိဘအသိုင်းအ ဝိုင်းကို သေချာကျနစွာ လေ့လာသုံးသပ်ပြီးမှ ဆုံးဖြတ်ချက် ပိုင်နိုင်စေသင့်ပါ၏။ အိမ်ထောင် တစ်ခု ရေရှည်ခိုင်ခံ့တည်မြဲရေးမှာ အနုပညာ မြောက်စွာ ခံယူကျင့်သုံးနိုင်ပါမှ ရာသက်ပန်ခ ရီး ရိုးမြေကျ ပေါင်းသင်းအောင်မြင်စိတ်ချမ်း သာနိုင်မည်ဖြစ်ကြောင်း။    
.

No comments:

Post a Comment

Journal Download

Photo of three cats