အာဆီယံ ခရီးသွားမြို့တော် သန့်ရှင်းမှုစံပြဆုအား မြန်မာနိုင်ငံမှ တောင်ကြီး အပါအဝင် မြို့ ၃ မြို့ ရရှိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, October 10, 2019

အာဆီယံ ခရီးသွားမြို့တော် သန့်ရှင်းမှုစံပြဆုအား မြန်မာနိုင်ငံမှ တောင်ကြီး အပါအဝင် မြို့ ၃ မြို့ ရရှိ


စိုင်းရာဇာ
.
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ အတွင်း ဘရူနိုင်းနိုင်ငံတွင် ကျင်းပ မည့် 2020 AFT တွင် 2nd ASEAN Clean Tourist City Standad Award ဆုကို မြန်မာနိုင်ငံမှ တောင် ကြီးမြို့အပါအဝင် မြို့ ၃ မြို့ ရရှိခဲ့ ကြောင်း ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနမှ သိရသည်။
.

.
အဆိုပါ ဆုရရှိခဲ့သည့် မြို့များမှာ ရှမ်းပြည်နယ်မြို့တော် တောင်ကြီး မြို့၊ ကယားပြည်နယ်မြို့တော် လွိုင် ကော်မြို့နှင့် တနင်္သာရီတိုင်းမြို့တော် ထားဝယ်မြို့တို့က ရရှိခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
 .
‘‘ဆုရတယ်ဆိုတာ စာတစ်စောင် ထွက်တယ်။ အာဆီယံက နေပြီး တော့ ဘရူနိုင်းမှာ ယူဖို့ဆိုတာ တစ် ချက်သိတယ်။ ကျန်တဲ့ အသေးစိတ် အချက်အလက်ကတော့  ပရိုမိုးရှင်း ဌာနကသိပါလိမ့်မယ်’’ ဟု ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက မီဒီယာများသို့ ပြောဆိုထားသည်။
.
ယင်းကဲ့သို့ အာဆီယံ အသန့် ရှင်းဆုံး မြို့တော်ဆု ရရှိမှုနှင့် ပတ် သက်၍ တောင်ကြီးဒေသခံ တစ်ဦး ဖြစ်သူ ဦးကျော်အောင်က “အခုလို ဆုရရှိတဲ့အတွက် မြို့ဂုဏ် ရှိတာပေါ့။ မြို့သူ၊မြို့သားများ အနေနဲ့လည်း သန့်ရှင်းသပ်ရပ်ဖို့ ပိုမိုလုပ်ဆောင်ရ မယ်။ သက်ဆိုင်ရာဌာနတွေ အနေနဲ့ လည်း ထပ်မံကောင်းမွန်အောင် လုပ် ဆောင်ရမယ်” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
အာဆီယံ အဖွဲ့အစည်းသည် အာဆီယံ ခရီးသွားမြို့တော် သန့် ရှင်းမှု စံပြဆုအတွက် စံသတ်မှတ် ချက်များကို ထုတ်ပြန်ထားပြီး အဆို ပါ စံသတ်မှတ်ချက်နှင့် ကိုက်ညီ သည့်မြို့တော်များကို နိုင်ငံအလိုက် တင်ပြကာ ဘရူ နိုင်းနိုင် ငံတွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ၌ ကျင်းပမည့် 2020 ATF တွင် 2nd ASEAN Clean Tourist City Standard Award အား သွားရောက် ရယူမည်ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့ကို မြန်မာသက္က ရာဇ် ၁၅၂၆ ခုနှစ်၊ ခရစ်နှစ် ၁၈၉၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၄၇၁၂ ပေ တွင် တည်ရှိ ကြောင်း သိရသည်။ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ၂၀၁၈ခုနှစ် ဒေသဆိုင်ရာ အချက်အလက်များ အရ မြို့နယ်တစ်ခုလုံး၏ လူဦးရေ ၃၈၆၉၁၇ ဦးရှိပြီး တောင်ကြီးမြို့ပေါ် လူဦးရေမှာ ၁၃၆၇၁၈ ဦး ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats