တောင်ကြီးမြို့၊ အမှတ်(၅)ဈေး၌ ဆိုင်ကယ် ရပ်နားခ ကောက်ခံရာတွင် တာဝန်ယူမှု မရှိကြောင်း ဒေသခံများ ဝေဖန် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Thursday, October 10, 2019

တောင်ကြီးမြို့၊ အမှတ်(၅)ဈေး၌ ဆိုင်ကယ် ရပ်နားခ ကောက်ခံရာတွင် တာဝန်ယူမှု မရှိကြောင်း ဒေသခံများ ဝေဖန်


ခွန်သက်ထူး
.
ရှမ်းပြည်နယ်၏ မြို့တော်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ် ကွက်ရှိ အမှတ်(၅)စျေး ဆိုင်ကယ်ရပ် နားရာ နေရာတွင် ရပ်နားခကောက် ခံရာ၌ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိ ကြောင်း ဒေသခံများမှ ပြောဆိုလျက် ရှိသည်။
.

.
ဆိုင်ကယ်ရပ်နားခ ကောက်ခံ နေတဲ့သူတွေက ဆိုင်ကယ်ရပ်တာနဲ့ လက်မှတ်ပေးပြီး ဆိုင်ကယ်ပြန်ယူ တဲ့အခါ အဲဒီလက်မှတ်နဲ့ ဆိုင်ကယ် ပြန်ယူရမှာပါ။ အခုကအဲဒီလိုမဟုတ် ဘဲ ဆိုင်ကယ်ရပ်ပြီဆိုတာနဲ့ မမြင် ချင်ယောင်ဆောင်နေပြီး ဆိုင်ကယ် လာယူတော့မှ လက်မှတ် လာပေး ပြီး ပိုက်ဆံ တောင်းတယ်။ တာဝန်ယူ မှု၊ တာဝန်ခံမှု ဘာမှ မရှိပါဘူး”ဟု တောင်ကြီးမြို့နေ ဒေသခံတစ်ဦးက ပြောဆိုခဲ့သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ် စည်ပင်သာယာရေး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦး အေးကိုအား ကမ္ဘောဇတိုင်းမှ ဆက် သွယ်မေးမြန်းရာ “သူတို့မှာလည်း စည်းကမ်းသတ်မှတ်ချက်တွေ ရှိပါ တယ်။ အဲဒီနေရာကို အချိန်ပိုင်း ရပ် နားခွင့် မသတ်မှတ်ထားတဲ့အတွက် တစ်နေကုန် ရပ်ထားလည်း ၂၀၀ ကျပ်ပါပဲ။ ရပ်နားခနဲ့ အပ်နှံခ မတူပါ ဘူး။ အခုက အပ်နှံခ ကောက်ခံတာ မဟုတ်ဘူး။ အပ်နှံခ ဆိုရင်တော့ ထိန်းသိမ်းပေးရမှာပေါ့”ဟု ပြန်လည် ဖြေကြားခဲ့သည်။
.
တောင်ကြီးမြို့ပေါ်တွင် မြို့မ စျေး၊ စဝ်စံထွန်းစျေး၊ အမှတ်(၅) စျေး နှင့် ရဲဘော်စျေးဟူ၍ အဓိကစျေးကြီး ၄ ခုရှိပြီး ယင်းစျေးအနီး ဝန်းကျင်ရှိ ယာဉ်ရပ်နားခ ကောက်ခံခြင်း လုပ် ငန်းများကို ပုဂ္ဂလိကလုပ်ငန်းရှင်များ သို့ လေလံစနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့ပေါ်ရှိ အဆိုပါ စျေး ကြီးများအနီးတစ်ဝိုက်တွင် စျေး သွားစျေးလာများနှင့် စျေးရောင်းချ သူများ၏ မော်တော်ဆိုင်ကယ်များ၊ မော်တော်ယာဉ်များ ရပ်နားထားမှု ကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားတတ်လေ့ ရှိ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats