ထိုင်းနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ လာရောက်လွှဲပြောင်းပေးအပ်ရာတွင် လူကုန်ကူးခံရသူများ မပါဝင် ဟုဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Friday, October 25, 2019

ထိုင်းနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ လာရောက်လွှဲပြောင်းပေးအပ်ရာတွင် လူကုန်ကူးခံရသူများ မပါဝင် ဟုဆို


မိုင်းမော (တြိဂံနယ်မြေ)
.
မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားတွင် အောက်တိုဘာလ ၂၄ ရက်က ထိုင်းနိုင်ငံမှ တရားမဝင် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ လာရောက်လွှဲပြောင်းပေးအပ်ရာ၌ လူကုန်ကူးခံရသူများ မပါဝင်ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့မှ သိရသည်။
.
.
တာချီလိတ်မြို့နယ် လူကုန်ကူးမှု တားဆီကာကွယ်ရေးအဖွဲ့ဝင်များဖြစ်သော ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ လူဝင်မှုကြီးကြပ်ရေးဌာနခွဲ (တာချီလိတ်) မှ ဒုတိယလဝကမှဓး ဦးထွန်းမြင့်၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် (၁) မှ ရဲအရာခံ ခင်မောင်ရွှေတို့သည် အောက်တိုဘာလ ၂၄ ရက်၊ မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၊ လဝကအရာရှိ Pol.Cap. Somssak Singkhan ဦးစီးအဖွဲ့မှ လာရောက်လွှဲပြောင်း ပေးအပ်သော တရားမဝင် မြန်မာအလုပ်သမား အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၇ ဦး၊ စုစုပေါင်း ၃၇ ဦးတို့အား လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
.
ထို့အတူ ထိုင်းနိုင်ငံမှ လူကုန်ကူးခံရသူ ၅၄ ဦးအား တာချီလိတ်နှင့် မြဝတီနယ်စပ်မြို့များသို့ နှစ်နိုင်ငံ ညှိနှိုင်း လွှဲပြောင်းပေးအပ်ရန် ရှိပြီး တာချီလိတ်မြို့သို့ လွှဲပြောင်းရန် ရှိနေကြောင်း သိရသည်။
.
ထိုင်းနိုင်ငံ၊ ချင်းရိုင်းတရားရုံးမှ မြန်မာနိုင်ငံသား ၁၁ ဦးအား လူကုန်ကူးခံရသူမဟုတ်ကြောင်း စီရင်ချက် ချခဲ့ပြီး အမှန်တကယ် လာရောက်လွှဲပြောင်းစဉ် ၁၁ ဦးအနက် တစ်ဦး ထပ်မံကျန်ရှိနေသေးကြောင်း၊ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ကြိုတင်အကြောင်းမကြားခဲ့သည့်အတွက် အချက်အလက်များ လွဲမှားနေကြောင်း သိရသည်။
.
အဆိုပါ လာရောက်လွှဲပြောင်းပေးသည့် ၁၀ ဦးတို့သည် လွန်ခဲ့သော မေလခန့်က အလုပ်လုပ်ရန် ထိုင်းနိုင်ငံရှိ ဆွေမျိုးများ၏ ချိတ်ဆက် ခေါ်ဆောင်မှုဖြင့် တာချီလိတ်မြို့သို့ ရောက်ရှိခဲ့ပြီး တာချီလိတ်-မယ်ဆိုင် အမှတ် (၁) ချစ်ကြည်ရေးတံတားပေါ်မှ ၇ ရက် တစ်ပတ် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များဖြင့် မယ်ဆိုင်မြို့သို့ ဝင်ရောက် ခဲ့ပြီး ချင်းမိုင်မြို့ရှိ အိမ်တစ် အိမ်သို့ ရောက်ရှိစဉ် ထိုင်းရဲတပ် ဖွဲ့ဝင်များမှ ရှောင်တခင်စစ်ဆေးတွေ့ရှိမှုကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
၎င်းတို့အား ချင်းမိုင်ရဲစခန်းတွင် ၄၅ ရက် ချုပ်နှောင်ခဲ့ပြီး ထိုမှတစ်ဆင့် ချင်းရိုင်းအမျိုးသားစောင့်ရှောက်ရေး ဂေဟာသို့ ပို့ဆောင်ခဲ့ရာ ၄ လခန့်နေထိုင်ခဲ့ရပြီး ထိုမှတစ်ဆင့် ချင်းမိုင်ရဲစခန်းတွင် ၃ ရက် ထပ်မံချုပ်နှောင် ခံခဲ့ရကာ အောက်တိုဘာ ၂၄ ရက်တွင် တရားမဝင် အလုပ်သမားများ အဖြစ် မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းခံခဲ့ရကြောင်း သိရသည်။
.
''ကျွန်တော်တို့ကို လူကုန်ကူးခံရလို့ ထိုင်းရဲက ကယ်တင်ခဲ့တယ်လို့ မီဒီ ယာတွေမှာ မဟုတ်မမှန် သတင်း လွှင့်ထားတာပါ၊ တကယ်တန်း သူတို့ပြောသလို့ ကယ်တင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ့်ဘာသာ အမျိုးတွေနဲ့ ချိတ်ဆက်ပြီး အလုပ်သွားလုပ်ရင်း နေအိမ်အတွင်းမှာ တရား မဝင် ဝင်ရောက်မှုနဲ့ အဖမ်းခံရပါတယ်။ ထိုင်းတရားရုံးမှာလည်း အမိန့်ချပြီး လို့ အခုမြန်မာနိုင်ငံကို ပြန်လည်ရောက် ရှိလာတာပါ'' ဟု ပြန်လည်ရောက် ရှိလာသူ တစ်ဦးကပြောသည်။
.
လွှဲပြောင်းပေးအပ်သော ၁၀ ဦးအား ဇာတိနေရပ်သို့ ပြန်လည်ထွက်ခွာနိုင် ရေးအတွက် ရွှေတောင်ရိုး အမြန်ယာဉ်ငယ်ဖြင့် အောက်တိုဘာ ၂၄ ရက် ညနေပိုင်းတွင် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats