“ဝ” တောင်ပိုင်း (၁၇၁) စစ်ဒေသမှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး၊ လက်နက်များနှင့် တရားခံများကို အစိုးရသို့ လွှဲပြောင်းပေးအပ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, October 26, 2019

“ဝ” တောင်ပိုင်း (၁၇၁) စစ်ဒေသမှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး၊ လက်နက်များနှင့် တရားခံများကို အစိုးရသို့ လွှဲပြောင်းပေးအပ်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ ဟွေအောဒေသ၊ “ဝ” အမှတ်(၁၇၁)စစ်ဒေသတွင် ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများ၊ လက်နက်များနှင့်တရားခံများကို အောက်တိုဘာလ ၂၅ ရက်က  အစိုးရသို့လွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
.
 .
ဖမ်းဆီးရမိထားသည့် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားဟုယူဆရသော ဆေးပြား ၄၉ သိန်းခန့်၊ ဘိန်းဖြူဟု ယူဆရသည့် အဖြူရောင်အမှုန့် ၂ဝ ဒသမ ၅ ကီလိုဂရမ်ခန့်၊ ဘိမ်းမဲ ၂ ပိဿာခန့်၊ M 16 သေနတ် တစ်လက်၊ ၎င်းကျည်ကပ် ၃ ကပ်၊ ကျည် ၄၀ တောင့်၊ တစ်လုံးထိုးသေနတ် ၃ လက်၊ ပစ္စတို ၂ လက်၊ ကျည် ၉ တောင့်နှင့် တရားခံ ၉ ဦးတို့အား နယ်မြေခံဗျူ ဟာမှူး၊ မူးယစ်ရဲတပ်ဖွဲ့တို့ ပါဝင်သည့် အဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
“တရားဥပဒေအရ အစိုးရက အရေးယူနိုင်ဖို့ လွှဲပြောင်းပေးအပ်လိုက်ခြင်းဖြစ်ပါတယ်ဟု “ဝ” တောင်ပိုင်း စစ်ဒေသ (၁၇၁) ပြင်ပဆက်ဆံရေးရုံးမှ ဦးစံပိန်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါလွှဲပြောင်းမှုအား ၀”တောင်ပိုင်း (၁၇၁) စစ်ဒေသ၊ တပ်မဟာ (၇၇၈) နိုင်ငံရေးမှူး အားဖူ (မူးယစ်တိုက်ဖျက်ရေးခေါင်းဆောင်)မှ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်မှ ၄ ရက်အထိ UWSA “၀”တောင်ပိုင်း (၁၇၁)စစ်ဒေသလက်အောက်ခံ တပ်မဟာ (၇၇၅)နှင့် “ဝ” မူးယစ်အထူးနှိမ်နှင်းရေးတပ်ဖွဲ့တို့သည် မူးယစ်ဆေးဝါးမှောင်ခိုအဖွဲ့ကို တွေ့ရှိပြီး လိုက်ခံဖမ်းဆီးခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တရားခံ ၁၇ ဦးအနက် ၈ ဦးအသေ၊ ၉ ဦးကို အရှင်လက်ရဖမ်းမိခဲ့ရာ ၎င်းတို့နှင့်အတူ ကျောပိုးအိတ် ၄၉ လုံးအတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားဟုယူဆရသော ဆေးပြား ၄၉ သိန်းခန့်၊ M 16 သေနတ် တစ်လက်၊ ၎င်းကျည် ၃ ကပ်၊ ကျည် ၄၀ တောင့်၊ တစ်လုံးထိုးသေနတ် ၃ လက်၊ ပစ္စတို ၂ လက်၊ ကျည် ၉ တောင့်တို့ကို ဖမ်း ဆီးရမိခဲ့ပြီးနောက်  အောက်တိုဘာလ ၆ ရက် တွင် မိုင်းဆတ်မြို့နယ်၊ ဝမ်ဟုန်နှင့် ဆီဟုန်ကြားရှိ ပါပီးရွာတွင် တပ်မဟာ(၅၁၈) မှ ဘိန်းဖြူဟုယူဆရသည့် အဖြူရောင်အမှုန့် ၂ဝ ဒသမ ၅ ကီလိုဂရမ်ခန့်၊ ဘိမ်းမဲ ၂ ပိဿာခန့်အား ပိုင်ရှင်မဲ့ထပ်မံဖမ်းဆီးရမိသဖြင့် တရားခံများအား ဥပဒေအရ အရေးယူနိုင်ရန် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်တရားခံများကို မြန်မာ-ထိုင်းနယ်စပ် နမ့်ယွန်းချောင်းဖျားအနီး နမ့်ယွန်းနှင့် လွယ်ထွေတောင်ကြောသို့ သတင်းအရ ရက်ပေါင်း ၂၀ ခန့် ကင်းလှည့်ခြင်း၊ ကင်းပုန်းဝပ်ခြင်းတို့ပြုလုပ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားကာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats