တရုတ်နိုင်ငံ၊ ချုံ့ရှင့်ရဲစခန်းတွင် လူကုန်ကူးခံရသူ မြန်မာအမျိုးသမီးတစ်ဦးအား ကယ်ဆယ်ထား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Thursday, October 24, 2019

တရုတ်နိုင်ငံ၊ ချုံ့ရှင့်ရဲစခန်းတွင် လူကုန်ကူးခံရသူ မြန်မာအမျိုးသမီးတစ်ဦးအား ကယ်ဆယ်ထား


မင်းဇော်မင်း
.
တရုတ်နိုင်ငံ၊ ချုံ့ရှင့်ရဲစခန်းတွင် အောက်တိုဘာလဘ ၂၃ ရက်က လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား အမျိုးသမီး တစ်ဦးအား ကယ်ဆယ်ထားကြောင်း ရွှေလီအခြေစိုက် မိုးမခဖောင်ဒေးရှင်းမှ သိရသည်။
.
.
တရုတ်နိုင်ငံတွင် လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီး ၂ ဦးအား ကယ်ဆယ်ပေးရန် ကိုတင်မင်းဦး၊ ကိုနိုင်ဝင်းဘိုနှင့် ကိုဇော်ဌေးတို့ ၃ ဦးမှ မိုးမခဖောင်ဒေးရှင်းသို့ လာရောက်အကူအညီတောင်းခံချက်အရ အမျိုးသမီး တစ်ဦးအား ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
“၂ ယောက်ထဲက တစ်ယောက်ကို လက်လှမ်းမီသလောက် လူကုန်ကူးရုံးတွေနဲ့ ချိတ်ဆက်ပြီး ကယ်တင်နိုင်ခဲ့ပါပြီ။ ကျန်တဲ့တစ်ယောက်ကိုလည်း အမြန်ဆုံ ကယ်တင်နိုင်ရေး ဆောင်ရွက်နေပါတယ်။ တစ်ဘက်ကို အယုံမသွင်းထားရင် အခန်းထဲလှောင်ပိတ်တတ်တာဖြစ်လို့ သူတို့ကို အယုံသွင်းထားပြီး အဆင်ပြေတာနဲ့ ရဲစခန်းကို ထွက်ပြေးဖို့ ပြောထားပါတယ်” ဟု မိုးမခဖောင်ဒေးရှင်းမှ ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်နေ မစုမြတ်ဝင်း (၂၇ နှစ်) မှာ တရုတ်နိုင်ငံ၊ စီချွမ်မြို့တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်နေ မချစ်ဝေဝေထွန်း (၂၄ နှစ်) မှာ စန်တုံမြို့တွင်လည်းကောင်း လူကုန်ကူးခံရကြောင်း သိရှိရသဖြင့် မူဆယ်မြို့ရှိ လူကုန်တားရုံးနှင့် တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ လူကုန်တားအဖွဲ့ များထံ ဆက်သွယ်အကူအညီတောင်းခံချက်အရ အောက်တိုဘာလ ၂၂ ရက်၊ ညပိုင်းတွင် စီချွမ်မြို့မှ မစုမြတ်ဝေမှာ အောက်တိုဘာလ ၂၂ ရက်တွင် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ချုံ့ရှင့်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
.
“ဟိုဘက်ရဲတပ်ဖွဲ့နဲ့ ပေါင်းပြီး ကယ်တင်နိုင်ခဲ့တာပါ။ လောလောဆယ်တော့ တရုတ်ရဲတပ်ဖွဲ့ကပဲ ထိန်းသိမ်းထားပြီးမှ ပြန်လည်လွှဲအပ်မှာဖြစ်ပါတယ်။ ကျန်တစ်ယောက်ကတော့ စုံစမ်းဆဲဖြစ်ပါတယ်”ဟု မူဆယ်မြို့ အမှတ်(၁၇) လူကုန်ကူးမှုတား ဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်ညွန့်က ပြောသည်။
.
အမှတ်(၁၇) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု(မူဆယ်) အနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း လူကုန်ကူးမှု စုစုပေါင်း ၄၀ မှု ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံ ကျား ၃၂ ဦး၊ မ ၈၁ ဦး ဖမ်းဆီးနိုင်ခဲ့ကာ လူကုန်ကူးခံရသူ မ ၅၈ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats