ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအနီးတွင် ငွေကျပ် သိန်း ၇၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Tuesday, October 22, 2019

ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအနီးတွင် ငွေကျပ် သိန်း ၇၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအနီး၊ အောင်ပန်း-ရွာငံကားလမ်းပေါ်တွင် အောက်တိုဘာ လ ၂၁ ရက်၊ ညနေပိုင်းက မူးယစ်စိတ်ကြွဆေးပြား ၇ သိန်းပြား၊ ကာလတန်ဖိုး ကျပ်သိန်း ၇၀၀၀ ခန့်အား ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်တပ်ဖွဲ့စု (၂၅) မှ ရဲအုပ်စိုးနိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ရွာငံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၂၁ ရက်၊ ညနေ ၄ နာရီခန့်တွင် မူးယစ်ဆေးဝါးသတင်းအရ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စု၊ အောင်ပန်း-ရွာငံ ကားလမ်းပေါ်တွင် သွားလာနေသည့်ယာဉ်များအား ရပ်တန့်ရှာဖွေ စစ်ဆေးနေစဉ် အောင်ပန်းဘက်မှ ရွာငံဘက်သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးအား ရပ်တန့်ခိုင်းရာ နောက်သို့ပြန်လှည့်မောင်းပြေးသဖြင့် လိုက်ပါပိတ်ဆို့ဖမ်းဆီး ရာ ဘုရားကြီးကုန်းကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ပြီး ယာဉ်အား ရှာဖွေစစ်ဆေးရာ ယာဉ်ကြမ်းခင်းအတွင်းမှ WY စာတ်းပါ မူးယစ်စိတ်ကြွဆေးဝါး အပြား ၇ သိန်း၊ တစ်ပြားလျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် တန်ဖိုးငွေကျပ် သိန်း ၇၀၀၀ အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူမှာ မိတ္ထီလာမြို့နယ်၊ ဇေယျာရပ်ကွက်နေ ကျော်နိုင်လွှု် (ခ) ချစ်ခိုင်လွင် (၂၅ နှစ်) ဆိုသူဖြစ်ကြောင်း သိရှိရပြီး ၎င်းအား ရွာငံမြို့မရဲစခန်းမှ မယ(ပ) ၁၄/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats