ကမ္ဘာ့လေဖြတ်ရောဂါ ကာကွယ်ရေးနေ့ အထိမ်းအမှတ် လူထုလမ်းလျှောက်ပွဲ ပြုလုပ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, October 19, 2019

ကမ္ဘာ့လေဖြတ်ရောဂါ ကာကွယ်ရေးနေ့ အထိမ်းအမှတ် လူထုလမ်းလျှောက်ပွဲ ပြုလုပ်


ကမ္ဘောဇတိုင်း
.
ကမ္ဘာ့လေဖြတ်ရောဂါ ကာကွယ်ရေးနေ့ အထိမ်းအမှတ် လူထုလမ်းလျှောက်ပွဲကို ယနေ့ အောက်တိုဘာလ ၁၉ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံရှေ့မှ စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
ထိုသို့ စုပေါင်းလမ်းလျှောက်ရာတွင် စဝ်စံထွန်းဆေးရုံရှေ့မှ ဗိုလ်ချုပ်လမ်းမအတိုင်း သစ်တောရပ်ကွက်ရှိ ပြည်နယ် လေ့ကျင့်ရေးအားကစကားရုံသို့ ချီတက်ခဲ့ကြပြီး အားကစားရုံတွင် ကျန်းမာရေးဆိုင်ရာ လေ့ကျင့်ခန်းများ စုပေါင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
လမ်းလျှောက်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ စဝ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာမြင့်သိန်း၊ တောင်ကြီးပညာရေးကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်ဝေနှင့် ကျောင်းသား/သူများ၊ တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာကျောင်း များမှ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား/သူများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ စုပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။
.
ဆက်လက်ပြီး ကမ္ဘာ့လေဖြတ်ရောဂါ ကာကွယ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ မြို့တော်ခန်းမတွင် ပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
.
ထို့နောက် ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှဓး ဒေါက်တာသူဇာချစ်တင် က အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆရာဝန်များအသင်း၊ ဦးနှောက်နှင့် အာရုံကြောရောဂါပညာဆိုင်ရာ အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းမင်းသစ်က ကမ္ဘာ့လေဖြတ်ရောဂါ ကာကွယ်ရေးနေ့ (World Stoke Day) အထိမ်း အမှတ် အခမ်းအနား ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဦးနှောက်သွေးကြောပိတ်ရောဂါ လူနာများအား သွေခေဲပျော်ဆေးသွင်း၍ ကုသခြင်းဆိုင်ရာ ပညာပေးဗီဒီယို အား ပြသခဲ့ကြောင်း သိရသည်။
.
အဆိုပါ ကမ္ဘာ့လေဖြတ်ရောဂါ ကာကွယ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စဝ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာမြင့်သိန်း၊ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသူဇာချစ်တင်၊ ရှမ်းပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှဓး ဦးကျော်ဆွေ၊ တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးဆေးရုံမှ ဒေါက်တာမြတ်ခိုင်၊ သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်နွယ်နွယ်ချို၊ သားဖွား သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ဟေမာစိုးဝင်းနှင့် သင်တန်းသူများ၊ မြန်မာနိုင်ငံဆရာဝန်များအသင်း ဦးနှောက်နှင့် အာရုံကြောရောဂါပညာဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းမင်းသစ်၊ ဦးနှောက်နှင့် အာရုံကြော အထူးကုဆရာဝန်ကြီး ဒေါက်တာစိမ်းမြမြအေး၊ ဆေးတက္ကသိုလ် (မန္တလေး) ဦးနှောက်နှင့် အာရုံကြောဆေးပညာ ဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာ မိုးမိုးဇော်၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ် ပညာဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာမြတ်သူ၊ ဆေးတက္ကသိုလ် (တောင်ကြီး) ပါမောက္ခချုပ် (ယာယီ) ဒေါက်တာ စီစီထွန်းနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း ၃၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
.
ထို့နောက် ကမ္ဘာ့လေဖြတ်ရောဂါ ကာကွယ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ပြုလုပ်ရာ ဦးနှောက်နှင့် အာရုံကြောအထူးကုဆရာဝန်ကြီး ဒေါက်တာစိမ်းမြမြအေးမှ လေဖြတ်ရောဂါအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးတက္ကသိုလ် (မန္တလေး) ဦးနှောက်နှင့် အာရုံကြောဆေးပညာ ဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာ မိုးမိုးဇော်မှ လေဖြတ်ရောဂါ ကာကွယ်ကုသခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ပညာ ဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါ်ကတာမြတ်သူက ဦးနှောက်သွေးကြောပေါက်လေဖြတ်ရောဂါ ခွဲစိတ်ကုထုံးများ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများအား အခြေခံကျန်းမာရေး စစ်ဆေးခြင်းများ ပြုလုပ် ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats