နမ့်စန်တွင် အရွယ်မရောက်သေးသည့် မိန်းကလေးငယ်အား အဓမ္မကျူးလွန်သူများကို တစ်လကျော် ကြာသည်အထိ တရားစွဲဆိုနိုင်ခြင်း မရှိသေးဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Thursday, October 17, 2019

နမ့်စန်တွင် အရွယ်မရောက်သေးသည့် မိန်းကလေးငယ်အား အဓမ္မကျူးလွန်သူများကို တစ်လကျော် ကြာသည်အထိ တရားစွဲဆိုနိုင်ခြင်း မရှိသေးဟု ဆို

ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ တိန်း ချောင်း သဘာဝရိပ်သာမှ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်အား ကာမကျူးလွန်သူများနှင့် ဆက်စပ် တရားခံများကို နမ့်စန်မြို့မရဲစခန်း တွင် အမှုဖွင့်တိုင်တန်းခဲ့သော်လည်း တစ်လကျော် ကြာမြင့်သည်အထိ တရားရုံးသို့ စွဲဆိုတင်ပို့နိုင်ခြင်း မရှိ သေးကြောင်း သိရသည်။
.

.
အမှုဖွင့်ထားတာ တစ်လပြည့်နေပြီ။ ရဲစခန်းက အဲဒီအမှုကို တရားရုံး မတင်နိုင်သေးဘူး။ ရဲစခန်းကို သွားတော့လည်း တရားရုံးတင်ဖို့ ဆရာဝန်ကြီးရဲ့ ဆေးစာလိုနေတယ်တဲ့။ ဆရာဝန်ကြီးကလည်း ကျန်းမာရေး မကောင်းလို့ ဆေးသွားကုတယ် တဲ့။ လက်ထောက်ဆရာဝန်ကလည်း ထုတ်မပေးရဲဘူး။ အခုအမှုကလည်း အမှုကြီး ဖြစ်တယ်။ ကျူးလွန်သူတွေကို ကြိုတင်ပြင်ဆင်ခွင့်ရအောင် လုပ်ပေးသလို ဖြစ်နေတယ်ဟု တရားလိုအဖြစ် တိုင်တန်းခဲ့သူ နမ့်စန်မြို့၊ အမှတ် () ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်တင်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နမ့်စန်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးစိုးလှအောင်အား ကမ္ဘောဇ တိုင်းမှ ဆက်သွယ်မေးမြန်းရာကျွန်တော့်ဆရာ အပြင်သွားနေလို့ ဖုန်းထားခဲ့ပါတယ်ဟု ပြန်လည်ဖြေ ကြားခဲ့သည်။
.
အဆိုပါ ကာမကျူးလွန်ခံရသည့် မိန်းကလေးငယ်သည် တိန်းချောင်း သဘာဝရိပ်သာမှ အသက် ၁၅ နှစ် အရွယ် ကလေးငယ်ဖြစ်ပြီး ကာမကျူး လွန်ခံရခြင်းများ ရှိနေကြောင်း ကြား သိရသည့်အတွက် မေးမြန်းရာမှ သိ ရှိခဲ့ရခြင်းဖြစ်သည်ဟု ဦးအောင်တင် ဦးက ဆက်လက်ပြောကြားခဲ့သည်။
.
ထို့အတူ ယင်းအမှုမှ အမှုစစ်ရဲ အုပ်မြင့်ဇော်အား ဆက်သွယ် မေး မြန်းရာတွင်အပြင်ထွက်သွားတာ ဖုန်းထားခဲ့ပါတယ်ဟုသာ ပြန်လည် ဖြေကြားခဲ့သည်။
.
ရိပ်သာတွင် မှီခိုနေထိုင်ရသည့် မိဘမဲ့ မိန်းကလေးကို လိင်လုပ်သား ဘဝသို့ ရောက်ရှိအောင် တွန်းပို့သည့် ဖြစ်စဉ်မျိုး ဖြစ်နေသည့်အတွက် ကျူးလွန်သူများနှင့် ဆက်စပ်သံသယရှိ သူများကို ပုဒ်မ ၃၆၆ အရ အရေးယူ ဆောင်ရွက်ပေးရန် ဦးအောင်တင်ဦး မှ စက်တင်ဘာလ ၁၃ ရက်တွင် နမ့် စန်မြို့မရဲစခန်း၌ အမှုဖွင့်တိုင်တန်း ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

.

No comments:

Post a Comment

Journal Download

Photo of three cats