ကျိုင်းတုံတွင် မူးယစ်တပ်ဖွဲ့စုမှူးမှ တပ်ဖွဲ့ဝင်၏ အရွယ်မရောက်သေးသော သမီးငယ်အား မဖွယ်မရာ ပြုကျင့် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Tuesday, October 15, 2019

ကျိုင်းတုံတွင် မူးယစ်တပ်ဖွဲ့စုမှူးမှ တပ်ဖွဲ့ဝင်၏ အရွယ်မရောက်သေးသော သမီးငယ်အား မဖွယ်မရာ ပြုကျင့်


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ အမှတ် (၂၈) မူးယစ်တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး မျိုးညွန့်လွင် ဆိုသူမှ တပ်ဖွဲ့ဝင် ဒုတိယတပ်ကြပ်၏ အရွယ်မရောက်သေးသော အသက် ၅ နှစ်အရွယ် သမီးငယ်အား မဖွယ်မရာ ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
မဖွယ်မရာ ပြုကျင့်ခံရသော ဒုတိယတပ်ကြပ်၏ သမီးဖြစ်သူအား မိန်းမကိုယ်အတွင်းသို့ မဖွယ်မရာ ထိုးသွင်းခဲ့သည် ဟူသော သံသယဖြင့် ကျိုင်းတုံအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ဆေးစစ်ချက် ခံယူလျက်ရှိပြီး အမှတ် (၂၈) မူးယစ်တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး မျိုးညွန့်လွင်အား ကျိုင်းတုံမြို့မရဲစခန်းအချုပ်၌ ထိန်းသိမ်း ချုပ်နှောင်ထားခြင်း မရှိကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် “အဲဒါကတော့ ကျွန်တော်တို့ ပြောလို့မရသေးပါဘူး” ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။
.
ထို့အတူ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမင်းအောင်ထံသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်းမရှိချေ။
.
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုင်းတုံမြို့ရှိ ရဲတပ်ဖွဲ့အတွင်း စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats