အောင်ပန်းတွင် ခရီးသည်တင် Express မှန်လုံယာဉ်နှင့် ဆိုင်ကယ် တိုက်မိသဖြင့် ဆိုင်ကယ်မောင်းသူ သေဆုံး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, October 3, 2019

အောင်ပန်းတွင် ခရီးသည်တင် Express မှန်လုံယာဉ်နှင့် ဆိုင်ကယ် တိုက်မိသဖြင့် ဆိုင်ကယ်မောင်းသူ သေဆုံး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်အနီးတွင် စက်တင်ဘာလ ၂ ရက်၊ ညပိုင်းက Famous ယာဉ်လိုင်းမှ ခရီးသည်တင် Express မှန်လုံယာဉ်နှင့် ဆိုင်ကယ် တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင်သူ သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
.
“ဆေးရုံမှာ သေတာဖြစ်လို့ ပုဒ်မပြောင်းပြီး ယာဉ်တိုက်လူသေမှုနဲ့ ဖွင့်ထားပါတယ်” ဟု အောင်ပန်းနယ်‌မြေရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အောက်တိုဘာလ ၂ ရက်၊ ည ၆ နာရီ ၅၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်နေ ယာဉ်မောင်း သိန်းထက် (၃၉ နှစ်) မောင်းနှင်သော ရန်ကုန်-တောင်ကြီး ပြေးဆွဲနေသည့် Famous Express ခရီးသည်တင် မှန်လုံယာဉ်သည် ကလောဘက်မှ အောင်ပန်းဘက်သို့ မောင်းနှင်လာစဉ် အောင်ပန်းမြို့၊ ညောင်ပင် ထောင်ရပ်ကွက်ရှိ ပထမပုဂ္ဂလိကဘဏ်  အနီး ရေထွက်ဦးလမ်းဆုံ၊ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၇၇/၀) နှင့် (၇၇/၁) အကြား အရောက်တွင် အောင်ပန်းမြို့၊ အမှတ် (၃) ရပ်ကွက်နေ အောင်အောင် (၁၅ နှစ်) မောင်းနှင်လာ သည့် ဆိုင်ကယ်မှာ လမ်းသွယ်မှ လမ်းမကြီးပေါ် တစ်ဘက်ယာဉ်ကြောသို့ ဖြတ်ထွက်စဉ် ခရီးသည်တင်ယာဉ်၏ ရှေ့ ဝဲဘက်အစွန်းနှင့် ဝင်ရောက်တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူ အောင်အောင်တွင် ဦးခေါင်းနောက်စေ့ ဖူးယောင် နာကျင်ဒဏ်ရာအပြင် အခြားဒဏ်ရာများ ရရှိခဲ့သဖြင့် အောင်ပန်းဆေးရုံမှဆင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ လွှဲပြောင်းကုသခဲ့ရာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ ယာ်မဆင်မခြင်မောင်းနှင်သူ အောင်အောင် အား အောင်ပန်းနယ်မြေရဲစခန်းမှ ယာဉ်(ပ)၃၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈ တို့ဖြင့် အမှုဖွင့်လှစ်ထားရာမှ တောင်ကြီးစဝ်စံထွန်း ဆေးရုံတွင်ရရှိဒဏ်ရာများဖြင့် သေဆုံးသွားသဖြင့် ပုဒ်မပြောင်းကာ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် ပြောင်းလဲအမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats