အောင်ပန်းတွင် အွန်လိုင်းမှ ခြိမ်းခြောက်ငွေ တောင်းခံသူအား ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Thursday, October 3, 2019

အောင်ပန်းတွင် အွန်လိုင်းမှ ခြိမ်းခြောက်ငွေ တောင်းခံသူအား ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ က လောမြို့နယ်၊ အောင်ပန်းမြို့တွင် အွန်လိုင်းမှတစ်ဆင့် ခြိမ်းခြောက်ငွေ တောင်းခံသူ အကောက်ခွန်ဝန်ထမ်း ဆိုသူအား စက်တင်ဘာလ ၂၃ ရက် က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဂ) ဖြင့် အမှုဖွင့် တိုင်တန်းမှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
.
.
စုံစမ်းစရာကတော့ အများကြီး ပါပဲ။ လောလောဆယ်တော့ အမှုဖွင့် ထားဆဲပဲ ရှိပါသေးတယ်ဟု အောင်ပန်း နယ်မြေရဲစခန်းမှူး ရဲအုပ်စိုးဝင်း က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက် နေ ဦးမြင့်သိန်းထံသို့ ဩဂုတ်လအ တွင်းက Linda Mark ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်မှ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကို တောင်းခံခဲ့ပြီး နောက် Viber ဖြင့် ဆက်သွယ်ကာ စာအိတ်တစ်လုံး ပေးပို့မည်ဖြစ် ကြောင်း အကြောင်းကြားလာပြီး နောက် စက်တင်ဘာလ ၁၈ ရက် တွင် ရန်ကုန်လေဆိပ်၌ ပါဆယ်ထုပ် တစ်ထုပ် ရောက်ရှိနေကြောင်း အ ကောက်ခွန်ဝန်ထမ်း ဒေါ်ထက်ဝေ လွင်ဆိုသူမှ ဆက်သွယ်လာပြီး ပေး ပို့လိုက်သည့် ပစ္စည်းအတွက် အ ကောက်ခွန် Duty ဆောင်ရန် ဒေါ် သန္တာလွင် အမည်ဖြင့် ဖွင့်လှစ်ထား သည့် CB ဘဏ် အကောင့်သို့ ငွေ ကျပ် ၁၅၃၆၀၀၀ လွှဲပြောင်းပေးခဲ့ပြီး နောက် ပေးပို့လာသည့် ပစ္စည်းမှာ ဥပဒေနှင့် ညှိစွန်းနေသဖြင့် CID ခွင့်ပြုချက်လိုအပ်၍ ထပ်မံ ငွေလွှဲပေး ရန်နှင့် ငွေမသွင်းပါက ထောင်ကျနိုင် ကြောင်း ဒေါ်ထက်ဝေလွင်မှ ခြိမ်း ခြောက်ပြောဆိုလာသဖြင့် ငွေကျပ် ၅၃၇၂၅၀၀ ကို CB ဘဏ်မှပင် ဒုတိယ အကြိမ် လွှဲပြောင်းပေးခဲ့ကြောင်း သိ ရသည်။
.
ထို့အပြင် စက်တင်ဘာလ ၁၉ ရက်တွင် လဝကခွင့်ပြုချက်ရယူရန် ငွေကျပ် ၁၀၇၄၅၀၀၀ ကို ထပ်မံပေး ပို့ရန် ပြောသဖြင့် အောင်ပန်း ဧရာဝ တီဘဏ်မှ တတိယအကြိမ် လွှဲ ပြောင်းပေးအပ်ခဲ့ပြီး စက်တင်ဘာ လ၂၀ ရက်တွင် ICIG နှင့် MJIU ထောက်ခံချက်များတွက် ငွေထပ်မံ တောင်းခံသဖြင့် ငွေကျပ် ၇၆၆၅၀၀၀ ကို စတုတ္ထအကြိမ်အဖြစ် လွှဲပြောင်း ပေးအပ်ခဲ့ရကြောင်း သိရသည်။
.
ထိုသို့ ငွေကျပ် ၂၅၃၁၈၅၀၀ အား ၄ ကြိမ်တိုင်တိုင်ခွဲ၍ ပေးပို့ပြီးနောက် အကောက်ခွန်ဝန်ထမ်းဆိုသူ ဒေါ် ထက်ဝေလွင်နှင့် Linda Mark အ ကောင့်တို့အား ဆက်သွယ်၍ မရရှိ တော့သဖြင့် အွန်လိုင်းမှ ဆက်သွယ် ပြီး ယုံကြည်အောင် ပြောဆို၍ ခြိမ်း ခြောက်ငွေ တောင်းခံကာ လိမ်လည် ရယူသွားသူအား အရေးယူပေးရန် ဦးမြင့်သိန်းမှ စက်တင်ဘာလ ၂၃ ရက်တွင် အောင်ပန်းနယ်မြေရဲစခန်း ၌ အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
.
ယင်းကဲ့သို့ တိုင်တန်းမှုနှင့် ပတ် သက်၍ အောင်ပန်း နယ်မြေရဲစခန်း မှ (ပ) ၁၀၈/၂၀၁၉၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဂ)ဖြင့် အမှုဖွင့်စစ် ဆေးလျက်ရှိကြောင်း သိရှိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats