သူတော်ကောင်း လက္ခဏာ ၄ ပါး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Tuesday, October 22, 2019

သူတော်ကောင်း လက္ခဏာ ၄ ပါး


ရဲဘော်မြသိန်း (ဟိုပုံး)
.
ကျွနု်ပ်သည် ၂၆-၉-၂၀၁၉ ရက်နေ့ထုတ် ကမ္ဘောဇတိုင်းသတင်းဂျာနယ်တွင် သူယုတ်မာ လက္ခဏာ ၄ ပါးကို ရေးသားတင်ပြခဲ့ပါသည်။ တစ်ဆက်တည်းတွင်ပင် သူယုတ်မာနှင့် ဆန့် ကျင်ဘက်ဖြစ်သော သူတော်ကောင်းလက္ခ ဏာ ၄ ပါးကိုလည်း တင်ပြရန်တာဝန်ရှိလာပါ သည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓမြတ်စွာဘု ရားသည် သူယုတ်မာလက္ခဏာ ၄ ပါးကို ဟောကြားပြီးနောက် တစ်ဆက်တည်းတွင်ပင် သူတော်ကောင်းလက္ခဏာ ၄ ပါးကို ဟောကြား တော်မူခဲ့သောကြောင့်ဖြစ်ပါသည်။ သို့မှသာ လူသတ္တဝါတို့သည် သူယုတ်မာနှင့် သူတော်ကောင်းကို နှိုင်းယှဉ်စိစစ်နိုင်မည်ဖြစ်ပါ သည်။ အကဲဖြတ်နိုင်မည်ဖြစ်ပါသည်။ ထိုအခါ ဆောင်သင့်သည်များကိုဆောင်၍ ရှောင်သင့် သည်များကို ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။ ကျွန်ုပ်အနေနှင့်လည်း သူယုတ်မာလက္ခဏာ များကို တင်ပြပြီးနောက် သူတော်ကောင်းလက္ခ ဏာများကို ဆက်လက်တင်ပြသင့်သည်ဟု သဘောရပါသည်။
.
ဗုဒ္ဓမြတ်စွာဘုရား၏ တရားဒေသနာအဖြာ ဖြာတို့ကို လေ့လာရာတွင် မဂဓပါဋိဘာသာ စ ကားများကို သုံးနှုန်းထားရာ ထိုခေတ်ထိုအခါမှ ယခုခေတ်ယခုအခါအထိ အများကနားလည် လွယ်နေကြပါသည်။ ထိုခေတ်က မဂဓပါဋိစ ကားသည် အသုံးအတွင်ကျယ်ဆုံးဖြစ်ဟန်ရှိပါ သည်။ ဗုဒ္ဓမြတ်စွာသည် တရားဒေသနာများကို အမျိုးမြတ်သူရော အမျိုးနိမ့်သူရော၊ ပညာရှိ ပ ညာတတ်သူရော၊ ပညာမဲ့ ပညာချို့တဲ့သူရော၊ ဆင်းရဲသူရော ချမ်းသာသူရော လူတန်းစားမ ခွဲခြားဘဲ၊ အလုံးစုံများစွာ သတ္တဝါ(သဗ္ဗပါဏိနံ) တိုင်းသိရှိအောင် ရည်ရွယ်ရင်းဖြစ်ပါသည်။ ထို့ ကြောင့် လိုအပ်သည့်အခါ ကိုယ့်ဘာသာစကား (ဥပမာ မြန်မာ၊ ရှမ်း၊ ပအိုဝ်း၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ရခိုင်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမာန်၊ ဂျပန်၊ တရုတ်၊ ကိုရီးယား) စသဖြင့်ပြန်ပြော ပြန်ရေးကြရန်နှင့် သင့်တော်လျောက်ပတ်  သည်ဟု ခွင့်ပြုသည့်သဘောရှိပါသည်။ ခွင့်ပြု ပါသည်။
.
တစ်ခါတွင်ဘုရားရှင်သည် အများနားမ လည်နိုင်အောင်၊ အဆင့်အတန်းမြင့်မားအောင် သဘောအနက်အဓိပ္ပာယ်ခက်ခဲအောင်၊ သ မားဂုဏ်ပြဖြစ်အောင်၊ မဂဓပါဋိဘာသာစကား များကို ဝေဒိကသက္ကတဘာသာနှင့် ကျမ်းကြီး ကျမ်းခိုင်အဖြစ် ပြန်ဆိုတင်ပြသော ရဟန်းကို ဒုက္ကဋ်အာပတ်သင့်စေဟု အာဏာတော်ဥပဒေ ဝိနည်းနှင့် ပညတ်တော်မူခဲ့ပါသည်။ ထို့ ကြောင့်ကျွနု်ပ်သည် ယခုဆောင်းပါးကို တင်ပြ  ရာတွင် ခေတ်စကားတို့နှင့်ချိန်ဆ၍ အများနား လည်လွယ်အောင် ကြိုးစားတင်ပြသွားမည်ဖြစ်  ပါသည်။
.
သူတော်ကောင်းလက္ခဏာပထမဆုံးတစ် ချက်မှာ သူတစ်ပါး၏ မကောင်းကြောင်းအဆိုး အပြစ်သတင်းအချက်အလက်ကို မေးမြန်းသူ မရှိလျှင် လုံးဝဖွင့်ဟမပြောဘဲ အကယ်၍မေး မြန်းသူရှိလာပါကလည်း ချဲ့ကား၍မပြောဘဲ လျော့လျော့ပေါ့ပေါ့ ပြောဆိုတတ်သူဖြစ်ပါ သည်။ ထိုအချက်ကိုကျွန်ုပ်က "မမေးမပြော၊ မေးလျော့ပြော"ဟု စာကဗျာဖွဲ့မိပါသည်။ ထုံး စံအတိုင်း အလွယ်တကူ မှတ်မိသိရှိရန်ဖြစ်ပါ သည်။
.
လောကတွင်လူတို့သည် တစ်ဦးတစ် ယောက်(သို့မဟုတ်) အများ၏မကောင်းသော သတင်းအချက်အလက်များ၊ အဆိုးအပြစ်များ ကို ကြားချင်ကြပါသည်။ မြင်ချင်ကြပါသည်။ မကြားချင်မမြင်ချင်သူဟူ၍ရှားပါသည်။ ထိုမ ကောင်းသောအကြောင်းချင်းရာများသည် မှန် ချင်လည်းမှန်နို်င်ပါသည်။ မှားချင်လည်းမှားနိုင် ပါသည်။ တချို့မှန်၍တချိ်ု့မှားသည်များလည်း ဖြစ်နိုင်ပါသည်။ သို့စင်လျက်ပိုမိုကြားရအောင်၊ ပိုမိုမြင်ရအောင်၊ ပိုမိုသိရှိရအောင်လူတို့သည် သိရှိသူများထံ ချဉ်းကပ်မေးမြန်းလေ့ရှိပါသည်။ စုံစမ်းလေ့ရှိပါသည်။ မိမိစရိတ်နှင့်မိမိ အပင် ပန်းခံကာ ပြုမူကြခြင်းဖြစ်ပါသည်။ ထိုအခါမျိုး တွင် အမေးအမြန်း အစုံစမ်းခံရသူများသည် အားပါးတရပြောပြသူများရှိသလို ခပ်ပေါ့ပေါ့ ခပ်လျော့လျော့ပြောတတ်သူများလည်း ရှိကြ ပါသည်။ မကောင်းသောသတင်းအချက်အ လက်များ အဆိုးအပြစ်များသည် မှားယွင်းနေ ပါက လုံးဝမှားယွင်းကြောင်း၊ မှန်ကန်ပါလည်း အတန်အသင့်တော့မှန်ကြောင်း၊ ဆိုးဆိုးဝါးဝါး မဟုတ်ကြောင်း စသဖြင့်သူတစ်ဖက်သားအား ဖေးဖေးမမထောက်ထားညှာတာစွာ ပြောဆို သူသည် သူတော်ကောင်းဖြစ်ပါသည်။ ထိုသူ တော်ကောင်းသည် မေးမြန်းသူရှိလို့သာ ရိုး ဖြောင့်စွာပြောဆိုခြင်းဖြစ်၍ မေးမြန်းသူမရှိက လုံးဝပြောဆိုလိမ့်မည်မဟုတ်ပါ။ ဆိတ်ဆိတ် နေမည်သာ ဖြစ်ပါသည်။
.


.
ဥပမာ တစ်ဦးတစ်ယောက်သည် ရပ်ထဲ  ရွာထဲတွင် ဖဲရိုက်၊ ကြက်တိုက်၊ ချဲထီရောင်း၊ ဂျင်လှည့်စသည်ဖြင့် လောင်းကစားမူအမျိုးမျိုး ကို လုပ်ကိုင်နေသည်ဆိုပါစို့ ကျော်စောသတင်း ဖြစ်နေသည်ဆိုပါစို့။ သူ၏အကြောင်းခြင်းရာ တို့ကို သူတော်ကောင်းသည် နှစ်မြိုခြင်းမရှိ သော်လည်း ထိုအကြောင်းများကို မည်သူတစ် ဦးတစ်ယောက်ကိုမျှ ဖွင့်ဟပြောဆိုလိမ့်မည်မ
ဟုတ်ပါ။ အတင်းအဖျင်းတွေမို့ပါ။ သို့တစေ၊ အခါအခွင့်ကြုံလျှင်တော့ ထိုမကောင်းမှုကျူး လွန်သူကို အပြုသဘောဖြင့် ပြောဆိုဆုံးမပေ လိမ့်မည်။ ကောင်းသောလုပ်ရပ်များဖြင့် အ စားထိုးရန် အကြံပြုပေလိမ့်မည်။ သို့သော်ထို သူ၏ အပြုအမူများသည် အများပြည်သူကို ထိ ခိုက်အနှာင့်အယှက်ဖြစ်လာပြီဆိုပါက သူ့ကို သူတော်ကောင်းက လျစ်လျူရှုထားပေလိမ့် မည်။ သူ့ထိုက်နှင့်သူ့ကံ လွှတ်ထားပေလိမ့်မည်  သက်ဆိုင်ရာလူကြီး၊ တာဝန်ရှိသူတို့က မေး မြန်းစုံစမ်းလာပါကလည်း သူတော်ကောင်း သည်အမှန်အတိုင်းဖွင့်ဟပြီး အပိုအလိုမရှိ အောင် ထိန်းထိန်းသိမ်းသိမ်း ပြောဆိုသွားမည် ဖြစ်ပါသည်။ မကောင်းမှုအဆိုးအပြစ်ကို တတ် နိုင်သလောက်မချဲ့မကားဘဲ လျော့လျော့ပေါ့ ပေါ့ပြောဆိုသွားမည်ဖြစ်ပါသည်။ အထူးသဖြင့် ကြီးသည့်အမှုငယ်စေ၊ ငယ်သည့်အမှုပပျောက် စေဆိုသည့် မျှတမှန်ကန်သည့် မြန်မာ့ဓလေ့ ထုံးကို ဆင်ခြင်နှလုံးသွင်း ဆောင်ရွက်သွား မည်ဖြစ်ပါသည်။ သူတော်ကောင်း၏ အရင်းခံ ကျတော့ စိတ်ဓာတ်ပင်တည်း။
.

သူတော်ကောင်းလက္ခဏာ ဒုတိယတစ် ချက်မှာ "သူတစ်ပါးကောင်းကျိုးပြုမှု ဂုဏ် ကျေးဇူး (သို့မဟုတ်) ကောင်းကွက်သတင်းအ ချက်အလက်များကို မည်သူကမျှမပေးဘဲနှင့် ပြောတတ်သူ၊ တစ်စုံတစ်ဦးက မေးမြန်းလာ လျှင်လည်း စုံစေ့အောင် ပြည့်ပြည့်စုံစုံပြော တတ်သူ"ဖြစ်ပါသည်။ ထိုအချက်ကို ကျွန်ုပ်က "မမေးဘဲပြော၊ မေးစုံပြော"ဟု စာကဗျာဖွဲ့ လိုက်ပါသည်။
.
လောကတွင် လူတို့သည် ကောင်းသောအ လုပ်များကို လုပ်ကိုင်ပြုမူခြင်း၊ ကောင်းသောအ ကျိုးကျေးဇူးများ ဖြစ်ထွန်းခံစားခြင်းတို့ကို တွေ့ကြုံရတတ်ပါသည်။ တစ်ဖက်တွင်လည်း မကောင်းသောအလုပ်များကို လုပ်ကိုင်ခြင်းနှင့် မကောင်းသော ဆိုးကျိုးများဖြစ်ပေါ်ခြင်းတို့ကို လည်းတွေ့ကြုံရတတ်ပါသည်။ သူတော် ကောင်းသည် ကောင်းသောအလုပ်များကို လည်းကောင်း၊ ကောင်းသောအကျိုးဖြစ်ထွန်း မှုများကိုလည်းကောင်း မေတ္တာစိတ်နှင့်ယှဉ်၍ ဝမ်းမြောက်ဝမ်းသာဖြစ်မိတတ်ပါသည်။ ထို ကောင်းကွက် သတင်းအချက်အလက်များကို သူတော်ကောင်းသည် မည်သူကမေးမေး မ မေးမေး ဖြန့်ဝေပြောဆိုတတ်ပါသည်။ သူ့တွင် မနာလိုဝန်တိုစိတ်မရှိပါ။ မုဒိတာစိတ်သာရှိပါ သည်။ အကယ်၍တစ်စုံတစ်ဦးက ထိုကောင်း ကွက်အချက်အလက်များကို မေးမြန်းလာမည် ဆိုပါကလည်း သူတော်ကောင်းသည်ပြောမ ဆုံပေါင် တောသုံးထောင်ဖြစ်သွားပြီး ပြည့် ပြည့်စုံစုံ ချီးကျူးပြောဆိုတတ်ပါသည်။
.
ဥပမာရွာသားတစ်ဦးသည် မိမိ၏ရွာမှ လယ်သမားတစ်ဦးစပါးအထွက်နှုန်း အထူး ကောင်းမွန်၍ ဝင်ငွေများမြိုးမြိုးမြတ်မြတ်ရ သည်ကို သိရှိသည်ဆိုပါစို့။ ထိုအခါ သူတော် ကောင်းရွာသားသည် အထွက်တိုးလယ်သမား ၏ ရိုးသားပုံ၊ ကြိုးစားပုံ၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်တတ်ပုံနှင့် စိုက်ပျိုးပုံ၊ဓာတ်မြေသြဇာ နှင့် မြေဆီမြေနစ်များ၊ သြဇာများအချိုးညီပုံ၊ လုပ်ငန်းခွင် ဇွဲဝီရိယရှိပုံတို့ကို ရွာအနှံဝမ်း မြောက်ဝမ်းသာ ပြောဆိုုသတင်းလွင့်မည်ဖြစ် ပါသည်။ မည်သူကမျှမမေးဘဲနှင့် ကောင်းသ တင်းအဖြာဖြာကို ဖြန့်ဝေမည်ဖြစ်ပါသည်။ ရွာသူရွာသားအားလုံး (သို့မဟုတ်) အများ ကောင်းကျိုးအတွက်ဖြစ်ပါသည်။ အကယ်၍ ထိုအကြောင်းခြင်းအရာကို ရွာသူရွာသားတစ် ဦးဦးက မေးမြန်းစုံစမ်းလာလျှင်လည်း လုံးစေ့ ပတ်စေ့ မချွင်းမချန် ပြောပြတတ်မည် ဖြစ် ပါသည်။ ကောင်းကွက်မှန်သမျှ မိမိကိုယ်တိုင် ခံစားနေရသည့်နှယ် ပြောဆိုမည်ဖြစ်ပါသည်။ စင်စစ်စိတ်ရင်းစေတနာကောင်းပြီး အပြုသ ဘောဆန်ခြင်းသည် သူတော်ကောင်း၏ အပြု အမူအကျင့်စရိုက်ဖြစ်ပါသည်။
.
သူတော်ကောင်းလက္ခဏာ တတိယတစ် ချက်မှာ "မိမိမကောင်းကြောင်း  အဆိုးအပြစ် သတင်းအချက်အလက်ကို မည်သူကမျှမမေး ဘဲနှင့် ပြောတတ်သူ၊ အကယ်၍ တစ်စုံတစ်ဦး က မေးမြန်းလာလျှင်လည်း ထိန်ချန်မထားဘဲ ပြည့်ပြည့်စုံစုံပြောတတ်သူ ဖြစ်ပါသည်။" "မ မေးဘဲပြော၊ မေးစုံပြော"ဟုလက္ခဏာဒုတိယ အချက်က ကဗျာကိုယူမှတ်လျှင် သင့်တော် မည်ထင်ပါသည်။
.
လူတို့သည် မိမိတို့တွင် အဆိုးအပြစ်အနာ အဆာများရှိပါက ထိုအကြောင်းအချက်များကို ဖုံးကွယ်ထားတတ်ကြပါသည်။ ဖွင့်ဟပြောဆို လေ့မရှိပါ။ လူအများသိရှိသွားမည်ကို စိုးရိမ် ကြောက်ရွံ့ကြပါသည်။ ထို့ကြောင့်ဟန်ဆောင် ပန်ဆောင်နေကြပါသည်။ သာမန်အဆိုးအပြစ် မှ ကြီးမားသောရာဇဝတ်ပြစ်မှုများအထိ ဤသ ဘောအတိုင်းဖြစ်ပါသည်။ သို့ရာတွင် သူတော် ကောင်းသည် အဆိုးအပြစ်များဖြစ်လာပါက မိ မိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးတို့ကို လည်းကောင်း မကွယ်ဝှက်ဘဲ ဝန်ခံတတ်ပါ သည်။ အမှန်အတိုင်းပြောတတ်ပါသည်။ တစ် စုံတစ်ဦးက မေးမြန်းလာမှ မဟုတ်ပါ။ သူသည် လူ့ပတ်ဝန်းကျင်ကို မလိမ်ညာပါ။ မကြောက် ပါ၊ မိမိကိုယ်ကိုယုံကြည်ပါသည်။ တစ်စုံတစ်ဦး (သို့မဟုတ်) တာဝန်ရှိသူတစ်ဦးဦးက မေးမြန်း လာလျှင်လည်း သူတော်ကောင်းသည် မိမိ၏ အားနည်းပျော့ညံ့ချက်များကို ထိန်ချန်မထား ဘဲ ခြေခြေမြစ်မြစ်နှင့် ပြည့်ပြည့်စုံစုံပြောပြမည် ဖြစ်ပါသည်။
.
ဥပမာ ကားတိုက်မှုဖြစ်ပြီး လမ်းပေါ်ကလူ တစ်ယောက် သေဆုံးသွားသည်ဆိုကြပါစို့။ သူတော်ကောင်း ကားမောင်းသမားသည် သူ၏ကားမောင်းပုံ အနေအထားကိုုလည်း ကောင်း၊ လမ်းဖြတ်ကူးသူ၏အခြေအနေကို လည်းကောင်း တရားရုံးတွင်ရိုးရှင်းစွာ တင်ပြရ မည်ဖြစ်ပါသည်။ အမှန်တိုင်းထွက်ဆိုမည်ဖြစ် ပါသည်။ သူ့ကြောင့်လူသေသွားရခြင်းကို ငြင်း ဆိုလိမ့်မည်မဟုတ်ပါ။ ထိုအမှုတွင်သူ၏ပေါ့ လျော့မှုရှိခဲ့သော် အပြစ်ကျ(ထောင်ကျ) မည် ဖြစ်ပြီး ပေါ့လျော့မှုမရှိခဲ့သော် လွတ်မြောက် မည်ဖြစ်ပါသည်။ ဒါကိုတရားရုံးကဆုံးဖြတ်မည် ဖြစ်ပါသည်။ သူတော်ကောင်းကားမောင်းသ မားသည် မည်သူမေးမေး မမေးမေး (ရဲဖြစ်ဖြစ်၊ ရှေ့နေဖြစ်ဖြစ်၊ တရားသူကြီးဖြစ်ဖြစ်) အမှန်အ တိုင်းသဘောရိုးဖြင့် တင်ပြသွားမည်သာဖြစ်ပါ သည်။ ဥပဒေရှုထောင့်အရ အပြစ်ကျမည်ဆိုပါ ကလည်း တည်ငြိမ်စွာခံယူသွားမည်ဖြစ်ပါ သည်။ လောကတွင်အပြစ်ကျ (ထောင်ကျ)သူတိုင်း လူဆိုးလူမိုက်များမဟုတ်ကြပါချေ။ အပြစ်မကျ(ထောင်မကျ) သူတိုင်းလည်း လူ ကောင်းသူကောင်းများ မဟုတ်ကြပါချေ။ ကံ မကောင်းအကြောင်းမလှ၍ ထောင်ကျသွား သည့်တိုင် သူတော်ကောင်းသည် သူတော် ကောင်းသာဖြစ်ပါသည်။ သူတော်ကောင်း၏ ဂုဏ်အရည်အချင်းများ ယုတ်လျှော့သွားမည် မဟုတ်ချေ။
.
သူတော်ကောင်းလက္ခဏာ စတုတ္ထအ ချက်မှာ "မိမိ၏အကျိုးပြုမှု ဂုဏ်ကျေးဇူး(သို့မ ဟုတ်) မိမိ၏ကောင်းကွက်သတင်းအချက်အ လက်များကို မည်သူကမျှမေးမြန်းသူမရှိလျှင် လုံးဝဖွင့်မပြောဘဲ အကယ်၍ မေးမြန်းသူရှိလာ ပါကလည်း ချဲ့ကား၍မပြောဘဲ လျော့လျော့ ပေါ့ပေါ့ပြောတတ်သူဖြစ်ပါသည်။" "မမေးမ ပြော၊ မေးလျော့ပြော"သူမျိုးဖြစ်ပါသည်။
.
လောကတွင်လူတို့သည် မိမိတို့၏ဂုဏ်အ ရည်အချင်းများကို နည်းသည်ဖြစ်စေ၊ များ သည်ဖြစ်စေ၊ ထုတ်ဖော်ပြောချင်တတ်ကြပါ သည်။ ကလေးသူငယ် လူရွယ်လူလတ်မှသည် လူကြီးများအထိဤစိတ်ဓာတ်မျိုးရှိပါသည်။ မိ မိ၏ရုပ်ရည်ရူပကာ၊ အဝတ်အစား၊ အိုးအိမ်၊ ပညာအရည်အချင်း၊ အလုပ်အကိုင်ထင်ပေါ် ကျော်ကြားမှုအဆုံး အစစအရာရာပြည့်ဝ ပြည့် စုံကြလျှင် ပိုမိုဖော်ထုတ်ချင်ကြပါသည်။ သတိ ထားမိသည်ဖြစ်စေ၊ သတိမထားမိသည်ဖြစ်စေ ကြွားဝါမှုသဘောလည်းပါဝင်ကြပါသည်။ ဆို တော့ကာလူတို့သည် မိမိတို့၏ကောင်းူကွက် များကို ယေဘုယျအားဖြင့် အများသိရှိအောင် လုပ်တတ်ကြသည်ချည်းဖြစ်ပါသည်။ သို့ရာ တွင် သူတော်ကောင်းတို့သည် ထိုအပြုအမူ များကို အလေးဂရုမပြုကြပါ။ မိမိတို့၏ကောင်း ကွက်များကို မြိုသိပ်ထားတတ်ကြပါသည်။ ရင်ထဲတွင်ပင် သိမ်းဆည်းထားတတ်ကြပါ သည်။ တစ်နည်းအားဖြင့် ကိုယ့်ဂုဏ်ကိုမဖော် ကြပါ။ သာမန်လူတစ်ယောက်လိုပင် နေထိုင် သွားလာဝတ်စားလှုပ်ရှားကြပါသည်။ အကယ် ၍ တစ်စုံတစ်ဦးက သူတော်ကောင်း၏ဂုဏ်အ ရည်အချင်းများကို မေးမြန်းလာပါက (သိုု့ တည်းမဟုတ်) ချီးမွမ်းခန်းဖွင့်ပြီး စုံစမ်းလာပါ ကလည်း ကောင်းကွက်မှန်သမျှကို အတန်အ သင့်လောက်သာ ပြောပြမည်ဖြစ်ပါသည်။ သူ ၏ကောင်းကွက်မှန်သမျှ အရေးမကြီးအရာမ ရောက်ဟန် လျော့ပေါ့ပြောဆိုမည်ဖြစ်ပါသည်။ နှိမ့်နှိမ့်ချချပြောဆိုမည်ဖြစ်ပါသည်။ ပိုမိုဝင့် ကြွားခြင်း၊ တိုးချဲ့ပြောဆိုခြင်းများ အလျဉ်းပြု လုပ်မည်မဟုတ်ပါချေ။
.
ဥပမာ နို်င်ငံခြားမှပညာတော်သင် ပြန် ရောက်လာသော အကြင်သူတော်ကောင်းတစ် ဦး ရှိသည်ဆိုပါစို့။ ထိုသူသည် နိုင်ငံရပ်ခြားမှ ပြန်ရောက်လာသည့်တိုင် မိမိနိုင်ငံတွင် ပုံမှန် အတိုင်း သွားလာလှုပ်ရှားကာ မိမိ၏ဆွေမျိုးအ သိုက်အဝန်းနှင့် မိတ်ဆွေသူငယ်ချင်းများထဲ က မေးမြန်းစူးစမ်းလာမှုများ မရှိပါက မိမိဘက် ကဘာမှပြောစရာမရှိဘဲ ထိုသူတို့မေးမြန်းလာ အောင်လည်း ရေလာမြောင်းပေးလုပ်ဆောင်ငံ့ လင့်မနေဘဲ မသိကျိုးကျွံပြု နေထိုင်သွားမည် ဖြစ်ပါသည်။ အကယ်၍ လူတို့၏သဘာဝအရ မေးမြန်းစုံစမ်းလာပါကလည်း နိုင်ငံရပ်ခြား၏ ထူးမခြားနားသော အခြေအနေများတို့ကို မျှမျှ တတချိန်ဆပြောဆိုသွားမည်ဖြစ်ပါသည်။
.
အချုပ်အားဖြင့် သူတော်ကောင်းဟူူသည် ကိုယ်နှုတ်နှလုံး ၃ ပါးစလုံးကို ခိုင်မြဲစွာ ထိန်း သိမ်းနိုင်စွမ်းရှိသူဖြစ်ရာ ထိုအချက်ကို အလေး ဂရုုပြုပြီးသကာလ သူတော်ကောင်းစိတ်ဓာတ် များ ရှင်သန်ထွန်းကားနေအောင် သတိတရား ရှိရှိ အသိတရားပြည့်ပြည့်ဖြင့် နေထိုင်ပြောဆို ပြုမူသွားကြရမည်ဖြစ်ကြောင်း တင်ပြလိုက်ရ ပါသည်။

No comments:

Post a Comment

Journal Download

Photo of three cats