တောင်ကြီးမှာ ရေ မကြီးစေဖို့ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, October 10, 2019

တောင်ကြီးမှာ ရေ မကြီးစေဖို့

စိုင်းသိင်္ခသူ
.
အဆိုတော်ကြီး စိုင်းထီးဆိုင်၏ မေမြို့တွင် မိုးခေါင်တာ ကြားဖူးပြီဆိုသည့် သီချင်းအလိုက် ဖြင့် တောင်ကြီးတွင် ရေကြီးတာ ကြားဖူးပြီဟု ပြောချင်သူများအတွက် တောင်ကြီးတွင် ရေမ ကြီးရအောင် လိုက်နာလုပ်ဆောင်နိုင်ဖို့ ဤ ဆောင်းပါးကို မေးမြန်းမှတ်သား ဖတ်မိသမျှ အပေါ် ပြန်လည်မျှဝေခြင်းပါ ခင်ဗျား။
.
လွန်ခဲ့သော နှစ်အနည်းငယ်က တောင်ကြီး မြို့ဆိုသောအသံ ကြားလိုက်သည်နှင့် အေး ချမ်းသော တောင်ပေါ်မြို့ကို မြင်ယောင်မိ ကြ ပေမည်။ လာရောက် လည်ပတ်ကြသူများထံမှ တောင်ကြီးမြို့သည် ရာသီဥတုအေးပြီး ကား များလည်း လမ်းမပိတ်ဘဲ၊ လမ်းတွေကလည်း သန့်ရှင်းနေကြကာ၊ ရေမဝပ်၊ ခြင်မကိုက်သည့် အပြင် တောင်ပေါ်လမ်းလေးတွေကလည်း သာယာလိုက်တာဟု ပြောဆိုကြသံ ကြားကြ ပေမည်။
.
ယခုအချိန်တွင်တော့ အဆိုပါ အသံများ၊ မြင်ကွင်းများ ပျောက်ကွယ်လုနီးပေပြီ၊ တောင် ကြီးမြို့သည် မြို့ပြဖွံ့ဖြိုးမှု များလာသည့် သက် ရောက်မှုများအရ ရာသီဥတု ပြောင်းလဲ၍ အပူ ချိန် တိုးလာမှု၊ မြေအောက်ရေများ လျော့နည်း ၍ မြို့ရှိရေကန်များ ရေခန်းလာမှု၊ မိုးရွာလျှင် မြေပြို၊ ရေလျှံမှုများ ဖြစ်ပွားလာမှု စသည့်အ ချက်များ ဖြစ်ပွားလာသည်ဖြစ်ရာ အဆိုပါ အကျိုးသက်ရောက်မှုများ ဖြစ်စေသည့် အ ကြောင်းရင်းများကို ဆန်းစစ်ကြည့်ပါက သစ် တောသစ်ပင်များ နည်းပါးလားခြင်း၊ မြို့ပြအိမ် ရာများချဲ့ထွင်ခြင်း၊ အထပ်မြင့်အဆောက်အဦ အရေအတွက် သိသိသာသာ များပြားလာခြင်း နှင့် မြေအောက်ရေ သုံးစွဲမှု မြင့်တက်လာခြင်း တို့ကြောင့်ဖြစ်သည်ဟု ပညာရှင်များကလည်း ဆိုလာကြပြီ ဖြစ်သည်။
.
သို့ အချက်များအတွက် မည်သူတွေက မည်ကဲ့သို့ ပြောသည်၊ လုပ်ဆောင်နေကြသည် ကို သိရှိနိုင်ပါရန် စုစည်းရေးသားလိုက်ပါသည်။
.
ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုက အများ ပြည်သူ သိရှိ ကျင့်သုံးရမည့် အမှာစကား ပါး ခြင်းကို တောင်ကြီးမြို့ ရေ မကြီးပါဟု ပြော ရင်းဖြင့် ဖွင့်သည်။
.
အဓိက က ဟိုရှေးက အုတ်ဘလောက် တွေနဲ့ ဆောက်ခဲ့တာဖြစ်တဲ့ အဆောက်အဦ တွေ တံတိုင်းတွေက သဘာဝပြောင်းလဲမှုအရ မိုးများတာကို ခံနိုင်ရည်မရှိလို့ ဖြစ်တဲ့အတွက် ဖြစ်တယ်၊ တောင်ကြီးက မိုးရွာပြီး နာရီဝက်အ တွင်း ရေလုံးဝ မရှိတော့ဘူး။ နွေကြတော့ ရေမ တင်တော့ဘူး၊ အရင်ကတည်းက ဘုရားဖြူ တောင်စောင်းမြေပျော့က သစ်တော့ခြံ၊ သနပ် ဖက်ခြံတွေဘက် မိုးများရင် အောက်ဘက်ကို ရေစီးတာ ရှိခဲ့တယ်။ အုတ်ဘလောက်က သဘာဝဒဏ်ကို ခံနိုင်ရည်နည်းလို့ အုတ်ဘ လောက်နဲ့ဆောက်မယ်ဆိုရင် စည်ပင်က ခွင့်  မပြုပါဘူး။ ရှမ်းပြည်နယ်အစိုးရရဲ့လမ်းညွှန် ချက်နဲ့အညီ နည်းဥပဒေအရ သဘာဝမြေပြင် အနေအထားမှာ ရေစီးရေလာကောင်းမွန်ဖို့၊ နိမ့်နေတဲ့ တံတားတွေ မြှင့်တင်သွားဖို့ ရှိသ လို တောင်ကြီးလူထုအနေဖြင့်လည်း မြောင်း တွေထဲ အမှု်ိက်မပစ်ဖို့၊ ရာသီဥတု ဖောက်ပြန် မှု၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲမှု ဒဏ်တွေ သဘာဝဘေးအန္တရာယ်ဒဏ်တွေကို ခံနိုင်ရည်ရှိဖို့ အဆောက်အဦတွေကို ဆောက် လုပ်တဲ့နေရာမှာ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေ လုပ်ဆောင်နိုင်ဖို့ ပြောချင် တယ်ဟု ဆိုသည်။
.
တောင်ကြီးမြို့တွင် မြို့ပေါ်၌ (၂၂) ရပ် ကွက် ရှိရာ အထူးသဖြင့် ပြည်တော်သာရပ် ကွက်၊ ညောင်ဖြူစခန်းရပ်ကွက်၊ ဘုရားဖြူရပ် ကွက်တို့တွင် အဓိက ရေစီးဆင်းမှု ရှိနေသဖြင့် တောင်စောင်းများတွင် ရှေးက ဆောက်လုပ် ထားသည့် တံတိုင်းများ အဆောက်အဦများမှာ အန္တရာယ် အထူးရှိနေပြီး အုတ်ဘလောက်များ ဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်ပါက ပိုမို၍ပျက် စီးပြိုကျလွယ်ကြောင်း၊ သို့အတွက် အထူးဂ ရုစိုက် ပြင်ဆင်ကြရန်လိုအပ်သလို အခြားရပ် ကွက်များရှိ တောင်စောင်းများတွင် ဆောက် လုပ်ထားသည့် အဆောက်အဦတံတိုင်းများကို လည်း ပြန်လည်ပြုပြင်သင့်သည်ဟု အကြံပြု သည်။
.
ရှမ်းပြည်နယ် ဘေးအန္တရာယ် ဆိုင်ရာ စီ မံခန့်ခွဲ့မှု ဦးစီးဌာနမှ ပြည်နယ်မှူး ဦးစိုးနိုင် အနေဖြင့် တောင်ကြီးမြို့ပေါ်အပါအဝင် အများပြည်သူသို့ အသိပေး အကြံပြုလိုသည် များမှာ တောင်ကြီးမြို့ရှိ မြောင်းများမှာ ရေစီးရေ လာ အားနည်းကြောင်း၊ အချို့နေရာများတွင် ရေလွှတ်မြောင်းများ လုံးဝမရှိသည်ကို တွေ့ရ ပြီး မြောင်းများမှာလည်း အဆက်အစပ်မရှိ ဖြစ် နေကြောင်း၊ မြို့လူထုမှာလည်း အမှိုက်မပစ်ရန် လိုသည့်အပြင် တွေ့ရှိသည့် မြောင်းအတွင်း အမှိုက်ထုမှာ လှည်းဘီးခန့်ပင် တွေ့နေရပြီဟု ဆိုသည်။
.
၄င်းအပြင် ရေစီးရေလာကောင်းဖို့အပြင် ရေကို ထိန်းသိမ်းနိုင်ရန်အတွက် နေအိမ်ဝင်း အတွင်း ကွန်ကရစ်ခင်းခြင်းများကို တတ်နိုင် သမျှ မပြုလုပ်ကြရန်၊ တောင်ကြီးမြို့မှာ ကွန်က ရစ်မြို့တော် ဖြစ်လာနေကြောင်း၊ မြေကွက်လပ် များတွင် ရေထိန်းနိုင်ရန်အတွက် သီးပင်၊ စား ပင်များ စိုက်ပျိုးကြစေလိုကြောင်း၊ အနိမ့်ပိုင်း ရေဝပ်နေရာများတွင် ကျူးကျော်နေထိုင်မှုများ မရှိစေလိုကြောင်း၊ တောင်စောင်းများရှိ တရား ဝင်/မဝင် အဆောက်အဦများကို ခိုင်မာ မားမတ် အောင် ဆောက်လုပ်ကြရန် လိုအပ်ပါကြောင်း၊ သစ်ပင်တွေ နည်းပါးသွားစေမည့် လုပ်ရပ်များ မလုပ်ဖို့၊ အထူးသဖြင့် သစ်ပင်ကြီးများကို မ ခုတ်ဖို့ အကြံပြုလိုကြောင်းရာသီဥတု ပြောင်း လဲမှု ပြင်းထန်လာနေသည့်အတွက် ယခုနှစ် အတွင်း မြန်မာပြည်အောက်ပိုင်းတွင် ရွာသွန်း ခဲ့သည့် မိုးရေချိန် ၁၅ လက်မခန့်ဆိုလျှင် တောင်ကြီးတွင် မြေပြိုမှုများ အများအပြားဖြစ် လာနိုင်မည် ဖြစ်သဖြင့် စိုးရိမ်ရကြောင်း၊ ယမန် နှစ်က ရွာသွန်းခဲ့သည့် မိုးရေချိန်မှာ အများဆုံး ၅ လက်မထိ ရှိခဲ့သဖြင့် ၅ လက်မထက် ကျော် လွန် ရွာသွန်းသည့်မိုးကို ကြုံတွေ့ရမည် ဆိုပါ က တောင်ကြီးနေလူထုမှာ သဘာဝဘေးအန္တ ရာယ်ဆိုးဖြင့် မလွဲမသွေ ရင်ဆိုင်တွေ့နိုင်မည် ဖြစ်သည့်အတွက် ဌာနအနေဖြင့် ရှမ်းပြည်နယ် အစိုးရ၏ လမ်းညွန်ချက်အရ စည်ပင်သာယာ ရေးဌာနနှင့် ပူးပေါင်းကာ စီမံချက်များ ချမှတ် လုပ်ဆောင်နေကြောင်းနှင့် မိုးရွာသွန်းမှု များပါ က တောင်ကြီးမြို့တွင်သာမက အေးသာယာ၊ ရွှေညောင်မြို့များတွင်ပါ သဘာဝဘေးအန္တ ရာယ်ကို ကြုံတွေ့ရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
.
Living earth green network မှ ဒေါ် ချယ်ရီကျော်က တောင်ကြီးမြို့ဇာတိဖွား သ ဘာဝ ထိန်းသိမ်းရေးသမားတစ်ဦး အနေဖြင့် တောင်ကြီးမြို့အပေါ် သုံးသပ်ချက်အမြင်ကို ပြောရာတွင် "အားလုံးက စုပေါင်းပြီး ပျက်စီး လာတယ်လို့ ပြောရမယ်၊ လူလုပ်တာရော၊ သ ဘာဝရောပေါ့၊ ငယ်ငယ်က ပြည်တော်သာဘက် က မြောင်းတွေက ကျယ်လည်း ကျယ်တယ်၊ ထောင့်ချိုးတွေကလည်း ခုလိုရေအားကို တန့် စေတာ မဖြစ်ဘူး၊ အခုက ရေကြီးတာအပြင် ရေလျှံတာတွေပါ ဖြစ်လာနေတာ၊ ပြင်ရင်တော့ အစကနေ ပညာရှင်တွေနဲ့တိုင်ပင်ပြီး အချိန် လည်းယူ စနစ်တကျလည်း ပြင်မှရနိုင်မယ်၊ ဦးကြီးခမ်းနဲ့အမှတ်(၅)စျေး ဘက်ဆို စျေး မြောင်းတွေက အမှိုက်သာမက သစ်တုံးတွေပါ ပိတ်တာတွေ ဖြစ်လာနေတယ်၊ ဘုရားဖြူ၊ သစ် တောစတဲ့ အမြင့်ပိုင်းတောင်စောင်းတွေ နေ ရာမှာလည်း သစ်ပင်တွေအစား အိမ်တွေရှိလာ တော့ ရေကို မထိန်းနိုင်ဘဲ ရေစီးကောင်းပြီး ရေ လျှံတာက အောက်ပိုင်းရပ်ကွက်တွေကို ထိ ခိုက်လာစေနေတယ်၊ တောင်ကြီးအောက်က ထုံးကျောက်၊ ဂျွန်ကျောက်တွေဖြစ်တာဖြစ်လို့ ရေကိုထိန်းတယ် ဆိုပေမယ့် မြေပြင်ကရေက တောင်အောက်ကို ရေစီးအား အပြည့်နဲ့ မြေ ကိုထိုးချသလိုဖြစ်ရင် အန္တရာယ်ကြီးပါတယ်၊ အားလုံး အစိုးရဌာနတွေ၊ လူထုတွေ အသိစိတ် ဓာတ်နဲ့ဝိုင်းပြင်ကြမှ ရမှာ ဖြစ်ပါတယ်"ဟု ဆို သည်။
 .
တောင်ကြီးမြို့ ရေးကြီးရေလျှံမှု အရင်းအ မြစ်ကို တောင်ကြီးသား တစ်ဦးအနေဖြင့် အ ကြံပြုချက်တွင် ၂၀၀၀ ခုနှစ်၏ နောက်ပိုင်းတွင် လမ်းတိုင်းလိုလို ရေကြီးရေလျှံလာနေသဖြင့် အဓိကကတော့ ချောင်းဘေးတွင် အုတ်တံ တိုင်း အကုန်လုံးနီးပါး တည်ဆောက်လာကြ ခြင်း၊ ရေဒဏ်ခံနိုင်ရန် ရှေ့တံခါးများ  ၂ ထပ် ဆောက်လုပ်လာကြခြင်း၊ ယခင် ၁၅ ပေခန့်ရှိ သည့် ချောင်းများမှာ ယခု ၄ ပေခန့်သာရှိတော့ ခြင်း၊ အခုက ဆိုင်ကယ်များပင် ရေနောက်ပါ သည့် အနေအထားအပြင် အိမ်များအတွင်း ရေအလုံးအရင်းဖြင့် ဝင်ရောက်ခြင်း၊ တံတိုင်း များပြို မြေပိသဖြင့် လူသေဆုံးမှုများ ဖြစ်ပွား လာကြခြင်းများ ဖြစ်လာနေသဖြင့် အိမ်တိုးချဲ့ နေသူများ ပြန်ဆုတ်ကြပါရန်နှင့် ချောင်းတစ် လျှောက် ကျူးကျော်ယူထားသည့် အိမ်များပြန် လည်ဖယ်ရှားပေးရန်၊ အေးချမ်းသည့် တောင် ကြီးမြို့ သဘာဝဘေးအန္တရာယ် မခံစားရရေး ဝိုင်းဝန်း လုပ်ဆောင်ကြရန် အကြံပြုထား ကြောင်း တွေ့ရသည်။
.


.
"ခင်ဗျားတို့ တောင်ကြီးမှာ မိုးကြီးရင် ရေ လျှံတာကိုပဲ ငြီးနေကြတယ်၊ အိမ်တိုင်းလိုလို တမံသလင်း ခင်းကြတယ်၊ ရေဝပ်ကန် မလုပ် ကြဘူး၊ အမှိုက်ပစ်တာလည်း စည်းကမ်းမရှိ ချောင်းထဲ ခိုးပစ်သူတွေ ရှိသေးတယ်၊ အဝီစိ ရေတွင်းက အိမ်တိုင်းလိုလို ရှိကြတယ်၊ ဒီအ တိုင်း ရေရှည်ဆက်သွားရင် မိုးကြီးရွာတိုင်း အနိမ့်ပိုင်းတွေ ရေလျှံမယ်၊ နွေရာသီရေရှား မယ်။ ဒါကြောင့် ခေါင်မိုးပေါ်က ကျတဲ့ရေကို ထိမ်းသိမ်းဖို့ အိမ်ဝိုင်းထဲ ၃ ပေပတ်လည်ကန် လေးတူးပြီး ထိန်းသိမ်းသင့်တယ်"
.

"မြောင်းတွေကို ပြန် စစ်ရမှာပါ၊ မြောင်း ဘေး တစ်ဖက်တစ်ချက်အိမ်တွေက မြေဖို့ကျူး ထားတော့ အရင်က မြောင်းတွေ မိုး ဘယ် လောက်ကြီးကြီး သူ့ဟာနဲ့သူ စီးဆင်းသွားကြ တာ ဘာပြဿနာမှ မဖြစ်ဘူး၊ အခုက မိုးကြီး လိုက်တာနဲ့ ရေက ဆင်းသင့်သလောက် ဆင်း ဖို့ ချောင်းကကျဉ်းနေတော့ အနိမ့်ပိုင်း လမ်း တွေ၊ မြောင်းဆုံတဲ့နေရာတွေ အိမ်တွေမှာ ရေ ကြီးရေလျှံ တံတိုင်းတွေပြို ဖြစ်ကြရတာပါ"
.
"မြို့ပြဖွဲ့စည်းပုံက စနစ်တကျ တိုးတက်မှု မရှိဘူး ပြောရမယ်၊ အရင်က Urban Planning ကောင်းခဲ့ပေမယ့် နောက်ပိုင်း မြေအသုံးချမှု အပိုင်း Land Development က တလွဲဖြစ်လာ တော့ ခုခံရပြီလေ၊ တစ်မြို့လုံး ခြုံငုံကြည့်လိုက် ရင် ရေပြန်စိမ့်ဝင်ရမယ့် မြေသားအကျန်က ရာ ခိုင်နှုန်း အကျန်က အတော်ကိုနည်းတယ်၊ အိမ် တိုင်းလိုလိုက ကိုယ့်ခြံဝင်းကို ကွန်ကရစ် အ ပြည့်ခင်းကြ မြေသားချန်ရ ကောင်းမှန်း မသိ တော့ အဝီစိတွေ မတရားထုတ်ယူကြနဲ့ ရေ ဒုက္ခတွင် မက မြေကျွံကျတဲ့ ဒုက္ခ မြေပြိုတွေ ဒုက္ခတွေ တွေ့လာနိုင်တယ်"
.
အထက်ပါ ပြောကြားမှု၊ လုပ်ဆောင်မှုများ တွင် မြို့နေပြည်သူများအနေဖြင့် တပိုင်တနိုင် သစ်ပင်များ စိုက်လာကြပြီ၊ နေအိမ်အတွင်း မြေ အောက်ရေများ ပြန်ဝင်ရန် ရေလမ်းကြောင်းများ ပြန်ဖော်ခြင်းများကိုလည်း လိုက်လံလုပ်ဆောင် လုပ်ဆောင်နေကြပြီ ဖြစ်သည်။ အရေအတွက် အားဖြင့် အရမ်းနည်းနေသေးသော်လည်း တ ဖြည်းဖြည်းနှင့် ခရီးရောက်လာမည်ကို သတိ ချပ်၍ အားမလျော့ဘဲ တွန်းတွန်းတိုက်တိုက် လုပ်ဆောင်နေကြသည့် အသင်းအဖွဲ့များ လည်း ရှိနေပြီဖြစ်သည်။
.
တခြားတဖက်တွင် တစ်ပိုင်တစ်နိုင် လုပ် ဆောင်၍ မတတ်သာသည့် ကိစ္စရပ်များက လည်း ရှိနေသေးသည်။ ၄င်းမှာ အထိန်းအထပ် မြင့် အဆောက်အဦများ ဖြစ်သည်။ မြို့လယ် ရပ်ကွက်တွင်သာမက တောင်ခြေ အရင်းများ တွင်ပါ ဆောက်လုပ်လာကြသဖြင့် ရှင်သန် ကမ္ဘာမြေ အစိမ်းရောင်ကွန်ရက်မှ လူမှုကွန် ရက်တွင် တင်လိုက်မှ သတိထားမိလာကြ သည်။ ပိုင်ရှင်မှလည်းလာရောက် တွေ့ဆုံကာ ဒေသခံများ၏ မြို့အပေါ် တန်ဖိုးထားမှုကိုမ သိရှိခဲ့သဖြင့် ပတ်ဝန်းကျင်အကျိုးသက်ရောက် မှု ဆန်းစစ်ချက်အား သေသေချာချာ လုပ် ဆောင်ပေးပါရန် တောင်းဆိုခဲ့သည်ဟု ဒေါ် ချယ်ရီကျော်က ပြောသည်။
.
တောင်ကြီးမြို့မှာ တောင်ပေါ်မြို့ဖြစ်သော် လည်းပဲ မြေမျက်နှာသွင်ပြင်မှာ နေရာတိုင်း တွင် မြင့်ရာမှနိမ့်ရာသို့ လျှောကျနေသည်မျိုး မဟုတ်ဘဲ ဒယ်အိုးလိုဖြစ်နေသည့် နေရာများ ရှိကြောင်း တောင်ပေါ် ရွှေဘုန်းပွင့်စေတီမှ ကြည့်ပါက ဒယ်အိုးအသွင် မြင်ရမည်ဖြစ် သည်။ ဒယ်အိုးအသွင် ဖြစ်သည့်အတွက် ဒယ် အိုးနေရာမှ ရေများ စီးထွက်သွားစေဖို့ ရေနုတ် မြောင်းမကြီးများ လိုအပ်သည့် အကျယ်ပမာ ဏများ ရှိရန်လိုအပ်ပေမည်။
.
လူနေထူထပ် မြို့ချဲ့ထွင်လာမှုနှင့် တိုက် တာ အဆောက်အအုံများ အများအပြားရှိ လာရာတွင် မြေတန်ဖိုး ကြီးမြင့်မှုနှင့် လူအများ စု ဓလေ့အရ ခြံပြည့်မြေပြည့် ဆောက်ကြသ လို ကားထားဖို့ ကွန်ကရစ်လည်း အပြည့်ခင်း လာကြသည်။ မြေသားအကျန် ရှားပါးလာခြင်း ကြောင့် မြေသားက ရေစုပ်ယူနိုင်စွမ်း မရှိဖြစ် ကာ မြေအောက် Water Table များပါ နိမ့်ကျ လာလျက်ရှိသည်ဟု ပညာရှင်များက ခန့်မှန်း ကြသည်။
.
ရေမြောင်းများကိုလည်း စီးလာသည့်ရေ  ကိုယ့်ဆီ မအိုင် မဝပ်စေရန် ရေမြောင်းအနက်ကို အများထက် မြှင့်ထားသဖြင့် စီးလာသည့်ရေ များသည် မြောင်းမကြီးဆီသို့ အလွယ်တကူ မ ရောက်ရှိတော့ချေ၊ ၄င်းအပြင် ရေနှုတ်မြောင်း တွေအပေါ် ရသလောက် မြေခိုးဆောက်သူ တွေ ရှိနေခြင်းကလည်း  ဘယ်သူတေတေ င တေမာပြီးရော စိတ်ဓာတ်ဖြင့် သူများဒုက္ခ ပေး ရာရောက်နေကြောင်း သတိပြုအပ်ပေသည်။
.
မြို့ပြများရဲ့သဘာဝ အမှိုက်ထွက်နှုန်းက လည်း များပြားခြင်းနှင့် ပြီးစလွယ် စိတ်ဓာတ် အရ ရေမြောင်းထဲသို့အလွယ်တကူ အမှိုက် ပစ်ခြင်းကလည်း ရေကြီးရေလျှံမှုအတွက် တ ရားခံတစ်မျိုးပင်၊ ပြောင်းလဲလာသည့် ရာသီဥ တုအရ တစ်ခဏအတွင်း ရေအများအပြားသွန်း ချတတ်သည်ကို သတိပြုမိထားရန် လိုအပ်ပါ သည်။
.
ရေစိမ့်ဝင်နိုင်သည့် မြေသားအကျန် ရှား ပါးမှု၊ တစ်အိမ်တစ်ပုဒ်ဆန်း ရေမြောင်းအနက် တူးဖော်မှု၊အမှိုက်များအား ကာကွယ်နိုင်စွမ်း မ ရှိသည့် ရေမြောင်းဒီဇိုင်း၊ မိုးရွာသည့် ရာသီဥတု Pattern ပြောင်းလဲလာမှုတို့သည် တောင်ကြီး မြို့ ရေကြီးရသည့် အကြောင်းရင်းများဟု ဆို သည်။
.
ဖြေရှင်းရန် နည်းလမ်းများအနေဖြင့် တတ် ကျွမ်းသည့် ပညာရှင်များနှင့် တိုင်ပင်ကာ မြို့ ကွက်တိုးချဲ့မှုနှင့် ရေမြောင်းများကို အစိုးရမှ Master Plan ချ၍ ကမကထ လုပ်ဆောင်ပြု ပြင်ပေးရန် လိုအပ်သလို ဒေသစွဲ ချစ်ရင်းစိတ် ဓာတ်ကြီးမားပြီး  ညီညွတ်ကြသည့် တောင်ကြီး သားများအနေဖြင့် မိမိတို့ချစ်သော မြို့အ တွက် စုပေါင်းလုပ်ကြဖို့လိုပါမည်။
.
ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်တစ် အိမ် ဆောက်တော့မည်ဆိုပါက ရေမြောင်းအ နက်ကို စစ်ဆေးပြီး အကျယ်မည်မျှတူးရန် လို အပ်သည်ကို အကြံပြုရန်၊ လက်ရှိ ငွေကြေး တတ်နိုင်သူများ၏ ရေမြောင်းများကို စည်းရုံး ပြီး ပြုပြင်စေရန်၊ အမှိုက်အလွယ်တကူ သွန် တတ်သည့်နေရာများတွင်  ရပ်ရွာ အစီအစဉ် ဖြင့် သံစကာခပ်ပြီး ကာရံကာ အပြစ်ဒဏ် ပေး ရန်၊ ၄င်းအပြင် ရေမြောင်းအောက်ခြေ ကွန် ကရစ် လောင်းချိန်တွင် အခင်း၌ လက်မဝက် ခန့် ပိုက်များဖြင့် ဖောက်၍ထောင်ကာ ခြောက် သည်နှင့် ခွာပါက ရေမြောင်းများမှ မြေထဲ သို့ ရေစီးဆင်းစေသည့်စနစ် ပါရှိအောင်လုပ် ဆောင်ရန်၊ ကွန်ကရစ်ခင်းထားသည့် အချို့နေ ရာများကို ပြန်ခွာ၍ မြေသားတွင် ပန်းပင်၊ သီး ပင်များ စိုက်ပျိုးကြရန်၊ ဤသို့ လုပ်ဆောင်ပါ က နောင်လာမည့်နှစ်များတွင် ယခုထက်ပိုမို မဆိုးရွားစေဘဲ လျော့ပါးစေမည် ဖြစ်ပါသည်။
.
လုံးဝပြုပြင်ရေးမှာမူ အစိုးရမှ ကမကထ ပြုလုပ်၍ မြေသားအကျန် ရာခိုင်နှုန်း(%) သတ် မှတ်ခြင်း၊ ရေမြောင်း ဒီဇိုင်းအသစ်များဖြင့် တစ် မြို့လုံးကို ပြုပြင်ခြင်းတို့ဖြင့်သာ ရနိုင်ပါမည်။
.
လက်ရှိအချိန်သည် ကမ္ဘာ့ဒေသအသီး သီးတွင် ကမ္ဘာကြီး ပူနွေးလာမှု၏ အကျိုးဆက် ရာသီဥတု ပြောင်းလဲခြင်းဒဏ်ကို အကြီးအ ကျယ် ခံစားနေရချိန်ဖြစ်ရာ မြန်မာနို်င်ငံ အ နေဖြင့်လည်း ရာသီဥတု ပြောင်းလဲခြင်းဒဏ် ကြောင့် ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ မုန်တိုင်းပို မိုဖြစ်ပေါ်ခြင်း၊ ပင်လယ်ရေ မျက်နှာပြင်မြင့် တက်လာခြင်း၊ မိုးရွာမှု ပုံစံမမှန်ခြင်း စသည့် ကမောက်ကမ အခြေအနေများကြောင့် စိုက် ပျိုးရေး ကဏ္ဍပိုင်းတွင်လည်း ထိခိုက်မှုများဖြစ် ပေါ်လာနေသလို စားရေရိက္ခာပြဿနာများ လည်း ဖြစ်ပွားလာနေပြီဖြစ်ရာ တောင်ကြီးမြို့ ၏ ရာသီဥတုဆိုက်အဖက်သည်လည်း ထိခိုက် မှုတစ်ခုအတွက် ဥပမာတစ်ခုဖြစ်လာနေသည် ကို သတိချပ်ရန် လိုအပ်ပေမည်။
.
မည်သို့ပင်ဖြစ်စေ တောင်ကြီးမြို့သည် ၂၀၁၀ ခုနှစ်က အသန့်ရှင်းဆုံးဆု၊ အလှဆုံး မြို့ဆုများ ရရှိခဲ့ဖူးသော်လည်း ယခုတွင်မူ တောင်ပေါ် ရေကြီးရေလျှံဖြစ်သည့် ထူးဆန်း သည့်မြို့၊ ရေကြီးပါက ဆိုင်ကယ်အစီးလိုက် ရေနောက်ပါသည့်မြို့အဖြစ် ထင်ပေါ်ကျော် ကြားလာကာ လာမည့်နှစ်များတွင် ရာသီဥတု ပြောင်းလဲမှု သဘာဝဘေးအန္တရာယ် ကျရောက် မှု၊ လူလုပ်အန္တရာယ်များကြောင့် ပျက်စီးမှု များကြောင့် တောင်ပေါ်တွင် လှေလှော်ရမည့် အခြေအနေ မရောက်ရှိစေကြရန် လူသားတို့ ၏ မလျော့သော အားမာန်အရ ကဲ တောင်ကြီး သားတို့ရေ ချစ်ခင်စည်းလုံးညီညွတ်မှုများနဲ့ အမြန်ဆုံးစုပေါင်း ညီညွတ်စွာနဲ့ ပြုပြင်ကြပါ စို့လား။ 

No comments:

Post a Comment

Journal Download

Photo of three cats