၂၀၂၀ ရှမ်းပြည် နိုင်ငံရေးဗေဒင် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Saturday, October 5, 2019

၂၀၂၀ ရှမ်းပြည် နိုင်ငံရေးဗေဒင်



စိုင်းသိင်္ခသူ
.
ဆင်းရဲသားများ ပျော်ရွှင်၍ ပညာမတတ် သူ၊ ဒုက္ခရောက်သူများ မရှိဘဲ၊ အကျဉ်းသား မဲ့ သော ထောင်၊ သူတောင်းစားကင်းသော လမ်း၊ လူအိုများ ချမ်းသာ၍ အခွန်အတုတ်နည်းပါး ပေသည်ဟု ပြောနိုင်သော အစိုးရမျိုးမှ လော ကတွင် ထိပ်တန်းကျသော အစိုးရဟု ကြွား နိုင်သည်။

.
သောမတ်ပိန်း(Tomas Paine)
ဗေဒင် မမေးနဲ့ ဆန်ကုန်တယ် ဆိုသည့် စကားမှာ ဒက်ထိ မှန်ကန်မှုကို ညွှန်းဆိုသည် ဟု ပြောခြင်းဖြစ်သည်။
.
ဗေဒင် သဘောမှာလည်း ဒက်ထိထက် ရာခိုင်နှုန်း အတော်များများ မှန်မှ မေးသူများ ပေမည်၊ များမှ ကဝိဖြစ်မည်။
.
မိမိလည်း မိမိဖြတ်သန်းခဲ့ရသည့် နိုင်ငံရေး ဘဝများ၊ လေ့လာသိရှိခဲ့ရသည်များ၊ မြင်တွေ့ နေရသည့် အခြေအနေများအား နိုင်ငံရေး ဗေ ဒင်အရ ဟောပြောရမည်ဆိုလျှင် ရှမ်းပြည်ကို အဓိကထား၍ ၂၀၂၀ အတွက် ဟောချင်ပါ သည်။
.
နက္ခတ်ဗေဒင် အဟောကျမ်းများတွင် ဂဏိတခေါ် အတွက်ကျမ်း၊ ဖလိတခေါ် အ ဟောကျမ်းနှင့် ယတြာခေါ် အခြေကျမ်း တို့ရှိ ရာ စန်း၊ လဂ်၊ ဂြိုလ်ပူးဂြိုလ်ယှဉ်၊ အမြင်များကို ဗေဒင်ကျမ်းအရ ဟောပြောနိုင်စွမ်း မရှိ်ဘဲ အ ထက်ကပြောသလို နိုင်ငံရေး အသိအမြင် အ တွေးအခေါ်များအရသာ ရေးသားမည် ဖြစ် ကြောင်းပါ။
.
ယခု၂၀၁၉ နှစ်ကုန်ပိုင်း ရောက်လာပြီဖြစ် ရာ နိုင်ငံရေး ဇာတ်ခုံပေါ်တွင် မိမိတို့၏ ဇာတ် ထုတ်များကို အကောင်းဆုံး ကပြနိုင်ရန် ကြော် ငြာများ (စည်းရုံးရေး လုပ်ငန်းများ)ကို ခပ်စိပ် စိပ် လှုပ်ရှားလာနေကြသည်ကို မြင်တွေ့ရ သည်။
.
တပ်မတော်မှ အငြိမ်းစား ဗိုလ်မှူးကြီးအ ဆင့်များ စည်းရုံးရေး ဆင်းလာသည်ကိုလည်း ကြားသိရသည်။ လက်ရှိတွင်လည်း အငြိမ်းစား ဗိုလ်မှူးကြီး အဆင့်များ လွှတ်တော်အဆင့် အ သီးသီးတွင် နေရာယူထားကြရာ Player အ ဖြစ် အင်အားအပြည့် ကစားနိုင်ရေး လှုပ်ရှား ကြခြင်းဖြစ်သည်။
.
ကစားကွင်းပုံစံဖြင့် လေ့လာကြည့်မည်ဆို လျှင်၂၀၁၅ ၏ ရလဒ် ပြည်နယ်ကွင်း အခြေအ နေကို ကြည့်ပါက အစိမ်းသင်းက အသာစီး ရ ယူထားသည်ကို တွေ့မြင်ရမည် ဖြစ်ပေသည်။
.
ဒါဆို အနီအသင်းကရော ဘာတွေလုပ်နေ သနည်း ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်က အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြီးခဲ့သည့်ရွေးကောက်ပွဲ ရ လဒ်အတိုင်း အပြတ်အသတ် အနိုင်ရရှိအောင် လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့သလို ညွန့် ပေါင်းအစိုးရ မဖွဲ့ရရေး လုပ်ဆောင်သွားမည် ဟု ပြောဆိုခဲ့ကြသည်ကို အများကြားသိပြီးကြ မည်ဟု ယူဆပါသည်။
.
သို့ဆိုလျှင် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား ပါတီများကရော ဘာလုပ်ကြမည်ဟု ထင်သ နည်း။ လေ့လာကြည့်ရအောင်ပါ-
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစု ပေါင်း ၁၄၀ ဦး ရှိရာ ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီမှ ၃၀ ဦး၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ၂၈ ဦး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှ၂၄ ဦး၊ တအာင်း(ပလောင်) အမျိုးသားပါတီမှ ၆ ဦး၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်မှ ၆ ဦး၊ လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၂ ဦး၊ 'ဝ' ဒီမိုကရက်တစ်ပါတီမှ ၂ ဦး၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီမှ ၁ ဦး၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီမှ ၁ ဦး၊ 'ဝ' အမျိုးသား စည်းလုံးညီညွတ်ရေးပါတီမှ ၁ ဦး၊ အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦး၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦး၊ တစ်သီးပုဂ္ဂလ ၁ ဦးတို့ အနိုင်ရ ကို်ယ် စားလှယ် စုစုပေါင်း ၁၁၄ ဦးနှင့် စစ်တပ် မှ ၃၆ ဦးတို့ ဖြစ်ကြသည်။
.
ရှမ်းပြည်နယ်၏ အင်အားကြီးပါတီ ဖြစ် သည့် SNLD ကျားခေါင်းပါတီသည် ၂၀၁၅ ရွေး ကောက်ပွဲတွင် ဒုတိယနေရာ အများဆုံးရရှိ ထားသည့် ပါတီဖြစ်ပြီး ရှမ်းအမျိုးသားရေး အ ခြေခံမှသည် ရှမ်းပြည်နယ် အခြေပြုပါတီ အ ဖြစ်လည်း ပြောင်းလဲခဲ့သလို NLD နဲ့လည်း မိတ်ဖက်မဟုတ်တော့ဟု ပြောကြားထားသည့် ပါတီဖြစ်သည်။
.
၂၀၂၀ တွင် အနီ၊ အစိမ်း ပါတီများကို အ နိုင်ရရန်အတွက် ဒေသအခြေခံ၊ လူမျိုးအခြေ ခံများကို တွက်ချက်မည်ဆိုပါက SNLD အား ကောင်းသည့် ကွန်ဟိန်း၊ လဲချား၊ မိုင်းကိုင်၊ လင်းခေး၊ မိုးနဲ၊ မိုင်းရယ်၊ ကျောက်မဲ၊ သီပေါ၊ မိုင်းရှူးမြို့နယ်များ၊ PNO အားကောင်းသော ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းမြို့နယ်များ၊ TNP တအာင်း အားကောင်းသော မန်တုံ၊ နမ့်ဆန်၊ နမ့်ခမ်းမြို့နယ်များ၊ ရှမ်းပြည်အရှေ့ပိုင်းတွင် အစိမ်းအများစုသာ အနိုင်ရထားသည်ကို တွေ့ ရပေမည်၊ ထူးခြားဖြစ်စဉ်ဖြစ်သည့် မိုင်းတုံတွင် 'ဝ' တောင်ပိုင်း ထောက်ခံမှုဖြင့် ရရှိထားသည့် အနီ ၂ နေရာကိုတော့ သီးခြားစဉ်းစားရန် လို ပေမည်။
.


.
မိုင်းတုံတွင်၂၀၁၀ ရွေးကောက်ပွဲတွင် မဲ ပေးခွင့် မရခဲ့သည့် 'ဝ' တောင်ပိုင်းမှာ ၂၀၁၅ တွင် ပေးခွင့်ရသည့်မဲများကိုNLDသို့ ပုံအောခဲ့ သဖြင့် ပြည်နယ်နှင့် ပြည်သူ့ကိုယ်စားလှယ် ၂ နေရာ ကို NLD ရရှိထားခဲ့ရာ လာမည့် ၂၀၂၀ တွင်မူ NLD သို့မဲပေး/မပေး မသေချာတော့ ချေ၊ အဘယ့်ကြောင့်ဆိုသော် ၄င်းတို့တောင်း ဆိုသည့် လမ်းကိစ္စအတွက် ပေးမည်ဆိုပြီး မ ပေးခဲ့သည့် ကိုယ်စားလှယ်အပေါ်သို့ လည်း ကောင်း၊ ၄င်းတို့အတွက် လုပ်ဆောင်ပေးမည့် ကိုယ်စားလှယ်ကို ရွေးချယ်မဲ ပေးနိုင်ရန်ကြိုး စားမည်ဟု မှန်းဆမိ၍လည်းကောင်း၊ ၄င်းတို့ အကြိုက် နိုင်ငံရေးကစားကွက်ကို ကစားနိုင် ရန် မဲများ အဆင်သင့်ပြင်ဆင်နေမည်ဟု ခန့် မှန်းသဖြင့် ၄င်းတို့ စိတ်ကြိုက်ပါတီ ဖြစ်ရင် ဖြစ်၊ သို့မဟုတ် တစ်သီးပုဂ္ဂလများ ရွေးချယ်၍ လည်းကောင်း မဲပေးတော့မည် ဖြစ်သည်ဟု မှန်းဆ မိပါသည်။
.
ဤသို့ပြောနိုင်သည်မှာ ဝ တောင်ပိုင်းမှ ၂၀၁၅ တွင် မဲပေးခဲ့သည်များကို အခြေခံ၍ ပြောခြင်းဖြစ်သဖြင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်မှ ရရှိခဲ့သည့် စာရင်းများကို လေ့လာ နိုင်ရန် ဖော်ပြပါမည်-
.
ဝ တောင်ပို်င်း မဲရုံများဖြစ်သည့် ဟိုပန်၊ဟို ရွက်၊ ဟွေအော (၃)ရုံ၊ နမ့်ဟူးခွန်(၂)ရုံ၊ မုံး ကျွတ်၊ ခိုင်းလုံ၊ ကုန်းတီဗွီ စသည့် မိုင်းတုံမြို့ နယ် မဲဆန္ဒနယ် ၂ တွင် မဲပေါင်း ၁၁၀၈၅ မဲ ရရှိ ခဲ့ရာ မဲပေးပိုင်ခွင့် ဦးရေ၏ ၃ ပုံ ၂ပုံမျှကို ကိုင် ထားသည့် ဝ မဲများအနေဖြင့် မိုင်းတုံနိုင်ငံရေး ကစားကွက်ကို အပေါ်စီးမှ ရယူထားသည်ကို တွေ့မြင်ရမည် ဖြစ်ပေသည်။
.

တိုင်းရင်းသားများအနေဖြင့် ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့် ရရှိနို်င်ရေးမှာ NLD က ရှမ်း အရှေ့ ဝ များဆီက မဲရဖို့ အားထားနေချိန်တွင် ရှမ်းပါတီများ အားကောင်းလာရန် လိုအပ်ပေ သည်။ ရှမ်းပါတီများသာမက ပြည်ထောင်စု လွှတ်တော်တွင် တိုင်းရင်းသားနယ်မြေ ၂၀၈ နယ်ရှိရာ ပြည်နယ်အလိုက် တိုင်းရင်းသား ပါ တီတွေ ဒေသအလိုက် အနိုင်ရမည် ဆိုပါက တိုင်းရင်းသားအရေး ပိုမိုခွင့်ပြုရမည့် ညွန့် ပေါင်းအစိုးရဖြစ်ရန် မျှော်လင့်နိုင်ပါမည်။
.
ရှမ်းပါတီအနေဖြင့် ပြည်ထောင်စု မဲဆန္ဒ နယ် ၆၀ ကျော်ရပါက အခြေအနေကောင်းနိုင် ပြီး ရှမ်းပြည်နယ်အပြင် ရှမ်းနီပါတီများ ကချင်၊ စစ်ကိုင်း အထက်ပိုင်းများတွင် ရရှိပါက တိုင်း ရင်းသားပါတီများအနေဖြင့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ် ပိုမိုထိရောက်နိုင်ချေရှိမည်ဟု ယူဆနိုင် ပါသည်။
.
သို့သော် EAOs များအနေဖြင့် သက်ဆိုင် ရာဒေသခံ နိုင်ငံရေးပါတီများကို အလေးထား လေးစားရန် လိုမည်ဖြစ်ပြီးလက်နက်ကိုင် ဒီပ လိုမေစီကိုသာ ကျင့်သုံးနေမည် ဆိုပါကလည်း ကောင်း၊ နိုင်ငံရေးပါတီများ မဲပေးမှုကိစ္စရပ် များ တွင် လည်းကောင်း ၂၀၁၅ ကလို ဝင်ရောက် စွက်ဖက်မှုများ ရှိပါက ဒေသခံလူထု၏ ဆန္ဒမဲ အမှန်ကို ရရှိနိုင်မည် မဟုတ်ပေ။
.
ကျားခေါင်း၊ ကျားဖြူပါတီများ မပေါင်းနိုင် တော့ဘူးဆိုတာလည်း  မဲဆန္ဒရှင်အတော်များ များ သိမြင်ပြီးဖြစ်မယ် ထင်ပါတယ်၊ ရှမ်းနီပါတီ များကတော့ ပေါင်းစည်းရေးအတွက် အင်တိုက် အားတိုက် ကြိုးပမ်းနေကြသည်ကို ကြားသိနေ ရသဖြင့် ကချင်နှင့် စစ်ကိုင်း အထက်မဲဆန္ဒနယ် များကို သိမ်းပိုက်နိုင်မည် မှန်းဆပါသည်။ သို့ သော် ရှမ်းနီတွေ ကျားခေါင်း၏ ၈ ပြည်နယ် မူကို ကြိုက်သလား၊ ကျားဖြူရဲ့ ၁၄ ပြည်နယ် မူကို ကြိုက်သလား၊ ဘယ်မူကို ကြိုက်ကြိုက် ရှမ်းနီများအတွက် အခွင့်အရေးတစ်ခုမှ မရ နိုင်ဟု လည်းကောင်း၊ ဖက်ဒရယ်မူစစ်စစ်အရ သွားလျှင် ပြည်နယ်သစ်များ ပေါ်ပေါက်လာရေး ကြိုးပမ်းနေသဖြင့်လည်းကောင်း ကျားနီပါတီ အတွက် ရှမ်းပြည်နယ်ပြင်ပသို့ ကျားခေါင်း၊ ကျားဖြူများ လာမပြိုင်သင့်ဟု ဆိုကြပြီး One Tai ပေါ်လစီ အလုပ်မဖြစ်တော့သဖြင့် နိုင်ငံ ရေး အမြတ်ထုတ်ရုံ သက်သက်ဖြင့် ကျားနီ နယ်မြေများတွင် လာရောက်ယှဉ်ပြိုင်မည်ကို မလိုလားကြကြောင်း ပြောကြားနေကြသည် ကို သိရှိရသဖြင့် လေ့လာမှုအရ အလျဉ်းသင့် ဖော်ပြလိုကြောင်းပါ။
.
ကျားခေါင်းက ခိုင်မာသည်ဆိုသော်လည်း ၂၀၁၅ တွင် ရှမ်းလက်နက်ကိုင်အချို့၏ လွှမ်း မိုးမှုဖြင့် ရရှိခဲ့သည့် မဲဆန္ဒနယ်များ ရှိခဲ့သည်ဟု ငြင်းမရသည့် အနေအထားမှ လာမည့် ၂၀၂၀ တွင်မိမိတို့ ရွေးကောက်ပွဲကတိအတိုင်း သက် သေပြ လုပ်ဆောင်နိုင်ရေး လိုအပ်မည်ဖြစ်ပေ သည်။
.
ကျားဖြူအနေဖြင့်လည်း LSSEP ရှမ်းပြည် နိုင်ငံရေးပါတီများ အဖွဲ့ချုပ်နှင့် NBF တို့အပေါ် ဒေသခံများ၏ ယုံကြည်ပြီး မဲရရှိနိုင်မှုများကို မ ဟာဗျူဟာချ လုပ်ဆောင်လျက်ရှိရာ ကျား ခေါင်း၏ မဲတချို့ လက်လွတ်ရန် ရှိနိုင်ပေမည်။ အခြားပါတီများ အရဆိုလျှင် ကျားဖြူ အား ကောင်းသည်ဟု ဆိုနိုင်သည့် နမ့်ခမ်းတွင် ကျား ခေါင်းသာ အင်အားနည်းပါက တအာင်းပါတီ
နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရချေ ရှိပေမည်။ တာချီလိတ်နှင့် ကျိုင်းတုံတွင် အနီ၊ အစိမ်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း မိုင်းဆတ် လူထုအခြေအနေအရ အစိမ်းသာ ဆက်လက်ရရှိမည်ဟု ခန့်မှန်းသည်။ မိုင်းပန် တွင်မူ ကျားဖြူနှင့် အစိမ်း ၅၀/၅၀ သာ ခန့်မှန်း ပါသည်။
.
ဤနေရာတွင် ရန်ကုန်မြို့၌ စက်တင်ဘာ လ ၂၅ ရက်က ပြုလုပ်ပြီးစီးခဲ့သည့် (၇)ကြိမ် မြောက် ရှမ်းပြည် တိုင်းရင်းသားနိုင်ငံရေးပါတီ များအဖွဲ့ချုပ် အစည်းအဝေးမှ ၂၀၂၀ ရွေး ကောက်ပွဲအတွက် ချမှတ်သည့် ဗျူဟာအချက် များတွင် ရှမ်းပြည်နယ်အရေးသည် ရှမ်းပြည် သားများ လက်ထဲတွင်သာ ရှိသည်၊ ရှမ်းပြည် အစိုးရကို ရှမ်းပြည်သားများဖြင့်သာ ဖွဲ့စည်း မည်၊ ရှမ်းပြည်နယ်အတွက် လျာထားပေးသည့် အမျိုးသားလွှတ်တော် ၁၂ နေရာကို ရှမ်းပြည် သားများသာ ကိုယ်စားပြုရမည်၊ ရှမ်းပြည်နယ် အတွင်းရှိ ပြည်နယ်လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တိုင်း၌ ရှမ်းပြည်နယ်သားများက သာ နေရာရယူနိုင်ရမည်၊ ရှမ်းပြည်သားများကို ကိုယ်စားမပြုသည့် အနီ၊ အစိမ်း၊ အဝါ ပါတီ များ ရှမ်းပြည်နယ်တွင် နေရာမရရန် ရှမ်းပြည် သားတိုင်း၌ ကိုယ်စီတာဝန်ရှိသည်၊ မည်သည့် နေရာတွင်မဆို မည်သည့် ရှမ်းပြည်တိုင်းရင်း သားပါတီက အနိုင်ရသည်ဖြစ်စေ ကျေနပ် သည်၊ ရှမ်းပြည်သားကသာလျှင် ရှမ်းပြည်ကို အချစ်ဆုံး ဖြစ်သည်။ ပြည်မပါတီမှ ရှမ်းပြည် နယ်အား လာရောက်အုပ်ချုပ်ခြင်းကို လက်မ ခံနိုင်ပါ၊ ရှမ်းပြည်ကို ရှမ်းပြည်သားဖြင့် အုပ်ချုပ် နိုင်ရန် ရှမ်းပြည်တိုင်းရင်းသား နိုင်ငံရေးပါတီ များအဖွဲ့ချုပ်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ရှမ်း များသည့်နေရာ ရှမ်းပါတီ နိုင်ရမည်၊ ပလောင် များသည့် နေရာ ပလောင်၊ ပအိုဝ်းများသည့် နေရာ ပအိုဝ်း၊ ဓနု များသည့်နေရာ ဓနု နိုင် ရမည်၊ ဝ၊ ကိုးကန့်၊ အာခါ၊ လီဆူ များသည့် ဒေသတွင် သက်ဆိုင်ရာ လူများစုပါတီကိုသာ ဝင်ပြိုင်စေမည်ဖြစ်ပြီး ကျန်လူနည်းစု တိုင်းရင်း သားများမှ ထိုတိုင်းရင်းသား ပါတီကို စုပြုံမဲပေး သည့်နည်းဖြင့် ပြည်မပါတီများကို အနိုင်ယူ မည်၊ တိုင်းရင်းသားလူမျိုးစု တစ်ခုတည်း အ နိုင်ရရန်မရှိသော မြို့နယ်များတွင် အချင်းချင်း ထိပ်တိုက် ရင်မဆိုင်ဘဲ မဲဆန္ဒနယ်ခွဲ၍ ထိုပါ တီကို ကျန်တိုင်းရင်းသားအားလုံးမှ ဝိုင်းဝန်း မဲ ထည့်ခြင်းဖြင့် ရှမ်းပြည်တိုင်းရင်းသားပါတီများ အနိုင်ရရှိရန် နည်းလမ်းကို ကျင့်သုံးအကောင် ဖော်မည်။
.
ရှမ်း ၊ ပလောင်၊ ပအိုဝ်း၊ ဓနု၊ အင်း၊ အာခါ၊ လားဟူ၊ ကယန်း၊ လီဆူ၊ ကိုးကန့်၊ ဝ စသည့် လူမျိုးစွဲကို ဖယ်ရှားပြီး ရှမ်းပြည်သားဆိုသော စိတ်ဓာတ်ဖြင့် မိမိတို့ ရှမ်းပြည်နယ်ကြီးကို စီ မံအုပ်ချုပ်နိုင်ရန် ရှမ်းပြည်တိုင်းရင်းသား နိုင် ငံရေးပါတီများ အဖွဲ့ချုပ်ကို ဝိုင်းဝန်း မဲပေးကြ ပါစို့ဟု ကြွေးကြော်လာသည်ကိုလည်း လေ့ လာနိုင်ရန် ဖော်ပြပါသည်။
.
သို့သော် ယင်း LSSEP တွင် ကျားခေါင်း ပါတီ မပါဝင်ခြင်းက အဓိကဖြစ်ရာ ယင်းဗျူ ဟာအရ ရှမ်းပြည်အတွင်း အဓိကအတိုက်အ ခံအဖြစ် ကျားခေါင်းပါတီ၏ ရပ်တည်ချက်ကို ပြောင်းလဲနိုင်စွမ်း မရှိဟု သုံးသပ်ရသဖြင့် ရှမ်း တိုင်းရင်းသားများသည့်နေရာတွင် တပ်ဌာန ချုပ်များ ရှိသည့်နေရာမှအပ ကျားခေါင်းသာ အနိုင်ရနိုင်မည်ဟု ခန့်မှန်းပါသည်။ တပ်အား ကိုး စီးပွားရေးသမားများနှင့် ပြည်သူ့စစ်များရှိ သည့်နေရာမျိုးကို ဆိုလိုရင်း ဖြစ်သည်။ ဥပမာ - မိုင်းဆတ်၊ မိုင်းတုံ(၁)။
.
ရှမ်းပြည်တိုင်းရင်းသား နိုင်ငံရေးပါတီများအဖွဲ့ချုပ်(League for Shan State Ethnic Political Parties)ကို၂၀၁၆ ခုနှစ်၊ မတ်လ ၂၀ ရက်က စတင်ဖွဲ့စည်းခဲ့သည်ဟု သိရပြီး ယင်း အဖွဲ့ချုပ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုက ရက်တစ်ပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ် ရေးပါတီ၊ တအာင်း(ပလောင်) အမျိုးသားပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ 'ဝ' လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ၊ ဓနုတိုင်းရင်း သားလူမျိုးများ ဒီမိုကရေစီပါတီ၊ ရှမ်းပြည် ကိုး ကန့် ဒီမိုကရက်တစ်ပါတီ၊ ဖက်ဒရယ် ပြည် ထောင်စုပါတီ၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (ပအမဖ)ပါတီ၊ ဓနုအမျိုးသားများ အဖွဲ့ချုပ်ပါတီ၊ အင်းတိုင်းရင်းသား အဖွဲ့ချုပ် ပါတီ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက် ရေး ဒီမိုကရက်တစ်ပါတီ၊ လီဆူအမျိုးသား ဖွံ့ ဖြိုးတိုးတက်ရေးပါတီ တို့ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။
.
အချုပ်အားဖြင့် ရှမ်းပြည်နယ်တွင် သာမက တစ်တိုင်းပြည်လုံးအတွက် အမြင်တစ်ခုကို ရွေးချယ် ဖော်ပြရမည်ဆိုလျှင် ပြည်သူ့လွှတ် တော် ၄၄၀ အနက် ပြည်သူက ရွေးချယ်တင် မြှောက်သည့် ကိုယ်စားလှယ်မှာ ၃၃၀ သာရှိ ပြီးကျန် ၁၁၀ မှာ တပ်ကိုယ်စားလှယ်များ ဖြစ် ကြရာ မြန်မာလူဦးရေ သန်း ၅၀ ကို အချိုးကျ ကြည့်ပါက လူ ၁ သိန်းခွဲတွင် ကိုယ်စားလှယ် ၁ ဦးကျသာ ရရှိကြသော်လည်း တပ်၏စစ်သည် ၅ သိန်းဖြင့် ဆိုလျှင် စစ်သည် ၄၅၀၀ လျှင် ကိုယ်စားလှယ် ၁ ဦး ရထားသည်ကိုတွေ့မြင်ရမည်ဖြစ်သည်။
.
စစ်သည် တစ်ဦးက သာမန်ပြည်သူ တစ် ဦးထက် အခွင့်အရေးအားဖြင့် ၃၃ ဆ ရရှိနေ သည်သာမက ကျန်သည့် တပ်ကိုယ်စားလှယ် ၃၃၀ ကိုလည်း မဲမပေးရဘဲ ရွေးချယ်ပိုင်ခွင့်ရှိ နေပြန်သည်ကို တွေ့ရသည်။ ပြည်သူ့လွှတ် တော်တွင်သာမက ကျန်အမျိုးသားလွှတ်တော် နှင့် ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်များ တွင်လည်း ဤနည်းအတိုင်းသာ ဖြစ်နေရာ ဤသည်ကို ကြည့်လျှင် လွှတ်တော်ဆိုင်ရာ အ ခွင့်အရေးကို နှိုင်းယှဉ်ကြည့်ပါက သာမန်ပြည် သူ တစ်ယောက်ထက် စစ်သည်တစ်ဦးတိုင်း က ၃၄ ဆမျှ ရရှိနေခြင်းဖြစ်ကြောင်း၊ ကိုယ် စားလှယ်ဖြစ်သည့် တပ်အရာရှိများမှာ တပ်နှင့် ဆိုင်သည့် လုံခြုံရေး၊ ကာကွယ်ရေးလောက် သာမက အရပ်ဖက်ဆိုင်ရာ ဥပဒေနှင့် ကိစ္စရပ် များအားလုံးကိုလည်း ဝင်ရောက်ဆွေးနွေးခွင့် ဆန္ဒမဲပေးခွင့် ရရှိ ထားခြင်းကို ညီမျှမှု ရှိ/မရှိ ဆန်းစစ်မိသည်။
.
၂၅ ရာခိုင်နှုန်းသာမက တပ်မဲရုံများ၊ ကြိုတင်မဲများဖြင့်လည်း အသာစီး ရယူထားမှု အခြေအနေကိုလည်း မန္တလေးတိုင်း ဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင်က စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့သည့် အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၏ တတိ ယအကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လည်း ပြောကြားခဲ့သည်။
.
အစိုးရဖွဲ့နိုင်ရေးမှာမူ ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် ၆၆၄ နေရာအနက် ၃၃၃ နေရာ ရရှိသည့် ပါတီကအစိုးရဖွဲ့နိုင်မည် ဖြစ် သဖြင့် ၂၀၁၅ ခုနှစ်က NLD ရရှိခဲ့သည့် ၃၉၀ နေရာ အထားမျိုး ထပ်မံရရှိရန် လိုအပ်မည် ဖြစ်ရာ ၂၀၂၁ တွင်မူ ညွန့်ပေါင်း အစိုးရ မဖွဲ့ရ ရေး အစွမ်းကုန် ကြိုးပမ်းရမည့် အခြေအနေ တွင် ရှိမည် ဖြစ်ပေသည်။
.
ပိုပြီး အမျှော်လင့်ဆုံးက လွတ်လပ်ပွင့် လင်းသည့် ကြိုတင်မဲစနစ်များ ၊ လက်နက်ကိုင် လွှမ်းမိုးမှု မရှိသည့် ဒီမိုကရေစီ အတတ်နိုင်ဆုံး ပြည့်မီသည့် တရားမျှတမှုရှိသည့် ရွေးကောက် ပွဲများတွင် လူထု၏ ဆန္ဒအမှန်ဖြစ်သည့် မဲများ ဖြင့် လူထုအကျိုးဆောင် ဒီမိုကရေစီ အမတ် များ မူရောလူရော အကောင်းဆုံး အရွေးချယ် ခံရရေး မျှော်ကိုးမိသည်။
.
မည်သို့ပင်ဆိုစေ နိုင်ငံရေးအရ ထက်မြက် တက်ကြွသည့် အမတ်များ များများပေါ်ထွက် လာရေးသည် အရေးကြီးပြီး ခါးတောင်းကျိုက် မြောင်းတူးမည့် အမတ်များ၊ ပရဟိတများဖြင့် မြို့မေတ္တာ ခံယူမည့် သားပါဗျဆိုတဲ့ အမတ် တွေထက် ဥပဒေနဲ့ပတ်သက်ပြီး နားလည် တတ်ကျွမ်းပြီး တရားမျှတမှုကို တည်ဆောက် နိုင်စွမ်းရှိမယ့် ပြည်သူ့အမတ်တွေ ပိုလိုအပ်ပါ တယ်လို့ ဆိုပါရစေ။ ၄င်းအပြင် စီးပွားရေး အမြင်နဲ့ နိုင်ငံကို တွန်းအားပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် အဘက်ဘက်က နားလည်ပြီး ပြည်သူ့ဘက်တော်သားစစ်စစ် တွေ အရွေးခံရဖို့ ပြည်သူက ရွေးချယ်နိုင်စေ ကြောင်း မျှော်လင့်ပါတယ်။
.
ဆောင်းပါးအစကို နိဂုံးအဖြစ် ကောက်ရ ပါက သောမတ်ပိန်း၏ အတွေးအခေါ်ကို ယ တိပြတ် လစ်ဘရယ် အိုဒီအိုလိုဂျီ(radical-liberral ideology)ဟု ဖော်ပြကြပြီး အစိုးရ သည်မှာ လိုအပ်သည့် မကောင်းဆိုးဝါး တစ် ကောင်(a necessary evil)ဟု ၄င်းက ပြော သည်။ အစိုးရ မရှိဘဲနှင့်လည်း အလုပ်မဖြစ် နိုင်သလို တစ်သီးပုဂ္ဂလ အခွင့်အရေးတွေကို လည်း သူကြိုက်သလို မလွဲမသွေ ချိုးဖောက် သည်၊ အစိုးရအုပ်ချုပ်မှု နည်းလေကောင်းလေ လူ့အဖွဲ့အစည်း ဖြစ်ရန်လိုသည်ဟု အစတွင် ရေးသားခဲ့သလို သူ့အမြင်ကို ပြောခဲ့သည်။
.
ဗေဒင်စကားဖြင့် ပြောရမည်ဆိုပါက စုတ် ရော လာဘ်ရောဝင်ပြီး အတန့်အမြင်များ အ ပြည့်အဝကောင်းကာ ဂြိုဟ်ပူး ဂြိုဟ်ယှဉ်များ အလွန်ကောင်းမွန်မည့် နက္ခတ်တာရာကောင်း များလည်း မွန်းတည့်မည့် အချိန်အခါကောင်း များ မြန်မာနိုင်ငံအပေါ်ရှိကြစေကြောင်း၊ ငြိမ်း ချမ်းရေး တရားယတြာ၊ ဒီမိုကရေစီအဆောင် ရတနာတို့ဖြင့် မြန်မာပြည်ကြီး အေးချမ်းသာ ယာ ချမ်းသာပြည့်ဝေစေကြောင်း မျှော်မှန်းရင်း ဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး လူ ထု ဆန္ဒနှင့်အညီ အောင်မြင်ပြီးမြောက် စေ ကြောင်း ရည်ညွှန်းလျက်။ ။

No comments:

Post a Comment

Journal Download

Photo of three cats