ကမ္ဘာ့စစ်ရေးသဘောထားနှင့် တိုက်ခိုက်ရေး ဒရုန်းယာဉ်များ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Sunday, October 13, 2019

ကမ္ဘာ့စစ်ရေးသဘောထားနှင့် တိုက်ခိုက်ရေး ဒရုန်းယာဉ်များ


စိုင်းကွမ်းမိုင်း
.
၂၀၁၉ စက်တင်ဘာလ အတွင်း ဒရုန်း ယာဉ်များ ဒုံးကျည်များဖြင့် ဆော်ဒီအာရေးဗီး ယားနိုင်ငံရှိ ရေနံချက်စက်ရုံများနှင့် ရေနံတွင်း ကြီးများအား ကြီးကျယ်စွာ တိုက်ခိုက်ခံရမှု သည် အရှေ့အလယ်ပိုင်းဒေသ၏ စစ်ရေးအင် အားချိန်ခွင်လျာကို ညီညွတ်မျှတသွားစေရုံမျှမ က ကမ္ဘာလုံးဆိုင်ရာ စစ်ရေးသဘောသဘာဝ ကို ပြောင်းလဲစေခဲ့သည်။
.
(၁၄-၉-၂၀၁၉)ရက်နေ့ နံနက်ခင်း အချိန် တွင် စျေးနှုန်းသက်သာပြီး နည်းပညာ အဆင့် အတန်း နိမ့်ကျသည့် ဒရုန်းယာဉ် ၁၈ စီးဖြင့် လည်းကောင်း ဒရုန်း၏ ဒုံးကျည် ၇ စီးတို့သည် လည်းကောင်း ဆော်ဒီ၏ ရေနံစိမ်းထုတ်လုပ်မှု ကို ထက်ဝက်ခန့် လျော့ကျစေကာ ကမ္ဘာ့ရေနံ စျေးနှုန်းကို ၂၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက် သွားစေခဲ့သည်။
.
ဆော်ဒီ၏ ကာကွယ်ရေး အသုံးစရိတ်
ဆော်ဒီသည် ၂၀၁၈ ခုနှစ်က ကာကွယ် ရေး အသုံးစရိတ်အဖြစ် ဒေါ်လာဘီလီယံ ၆၈ ထိ သုံးစွဲခဲ့ပြီး လွန်မင်းစွာ တန်ဖိုးကြီးမားသော လေယာဉ်ပျံနှင့် လေကြောင်းကာကွယ်ရေး စ နစ်များ ဝယ်ယူခဲ့သော်လည်း ဒရုန်းယာဉ်များ ၏ တိုက်ခိုက်မှုကိုပင် ဟန့်တားခြင်း မပြုနိုင်ခဲ့ ပေ။ ထို့ပြင် အမေရိကန်၏ ကာကွယ်ရေးဘတ် ဂျက်သည် ဒေါ်လာဘီလီယံ ၇၅၀ ဖြစ်ပြီး ထောက်လှမ်းရေး လုပ်ငန်းများအတွက် ဒေါ် လာဘီလီယံ ၈၅ ထိပင် နှစ်စဉ်သုံးစွဲနေသော် လည်း ပင်လယ်ကွေ့ဒေသရှိ အမေရိကန်တပ် ဖွဲ့များသည် ဆော်ဒီရေနံစခန်းများ တိုက်ခိုက် ခံခဲ့ရသည်ကို သိရှိခြင်း မရှိခဲ့ဘဲ တိုက်ခိုက်မှု များ ပြီးဆုံးမှသာ သိရှိခဲ့ရသည်။
.
ဆော်ဒီရေနံစခန်းများ တိုက်ခိုက်ခံရမှုကို ကာကွယ်ဟန့်တားရန် ပျက်ကွက်ရမှုနှင့် ပတ် သက်၍ ပြောဆိုကြသော ဆင်ခြေများထဲတွင် ဒရုန်းယာဉ်များက လွန်မင်းစွာ နိမ့်ဆင်းကာ ပျံ သန်းကြခြင်းကြောင့် လေကြောင်း ကာကွယ် ရေး ရေဒါစနစ်များက ထောက်လှမ်းနိုင်မှု မရှိ ခဲ့ခြင်း၊ တိုက်ခိုက်မှုများတွင် ယီမင်နိုင်ငံမှ ဟူ သီသူပုန်များရှိရာ တောင်ဘက်မှ လာမည်ဟု ယူဆကာ ရေဒါများကို ထိုဘက်သို့သာ လှည့် ထားသဖြင့် အခြားသော အရပ်မှ တိုက်ခိုက်ခံ လိုက်ရခြင်း စသည်တို့ ပါဝင်သည်။ စစ်လက် နက် ထုတ်လုပ်သူများနှင့် စစ်တပ်တာဝန်ရှိသူ များသည် ယင်းတို့၏ လေကြောင်းကာကွယ် ရေးစနစ်များကို အမွမ်းတင် ပြောဆိုလေ့ရှိရာ အဆိုပါ ဆင်ခြေများသည် ရယ်ရွှင်ဖွယ်ရာ ဟာ သအဖြစ် လွှမ်းမိုးခဲ့ရသည်။
.
ကြီးမားသော အပြောင်းအလဲ
ဆော်ဒီရေနံစခန်းများ တိုက်ခိုက်ခံရမှု သည် အီရန်၏ လက်ချက်လော၊ ဟူဒီတို့၏ လက်ချက်လောဟူ၍ အငြင်းပွားနေဆဲ ဖြစ် သည်။ သို့သော် အဖြစ်နိုင်ဆုံးသော အဖြေ သည်ကား အီရန်က ဟူသီသူပုန်များအားလက် နက်များ ထောက်ပံ့ပေးပြီး အဆိုပါ တိုက်ခိုက်မှု များ လုပ်ဆောင်ရန် အသေးစိတ် ညွှန်ကြားပေး ခဲ့ခြင်း ဖြစ်သည်။ ဤနေရာတွင် တိုက်ခိုက်မှု၏ လက်သည် တရားခံကိုသာ ဖော်ထုတ်ရန် လွန် မင်းစွာ အာရုံစိုက်နေမည်ဆိုပါက အရေးကြီး သည့် စစ်ရေးဥပဒေတစ်ခုကို ပြောင်းလဲရေး အတွက် သတိလက်လွတ် ဖြစ်သွားနိုင်သည်။ ဆော်ဒီသည် အီရန်ထက် စစ်အင်အားများစွာ သာလွန်ပြီး အမေရိကန်စစ်တပ်၏ လုံခြုံရေး အကာအကွယ်ကိုလည်း ရရှိထားသည်။ သို့ သော် ဆန်ရှင်များ ချမှတ်ခံထားရသဖြင့် စီးပွား ရေးချည့်နဲ့ပြီး စစ်အင်အား အလယ်အလတ်အ ဆင့်သာရှိသော အီရန်မှ ဆော်ဒီအား အထိနာ အောင် တိုက်ခိုက်နိုင်ခြင်းသည် ကမ္ဘာ့စစ်ရေး သဘောသဘာဝကို ကြီးမားသည့် အပြောင်းအ အရွှေ့တစ်ခု ဖြစ်စေခဲ့သည်။
.
စစ်ရေးချိန်ခွင်လျှာ ပိုမိုညီမျှလာခြင်း
၂၀၁၈ ခုနှစ်တွင် အမေရိကန်နှင့် ဆော်ဒီ တို့သည် အီရန်အား တိုက်ခိုက်မည်ဆိုပါက မိ မိတို့ လက်တုံ့ပြန် တိုက်ခိုက်ရမည် မဟုတ်ဘဲ တစ်ဖက်သတ် ထိုးစစ်သာ ဆင်နွှဲရမည်ဟု ယုံ ကြည်ခဲ့ကြသည်။ ယခုအခါတွင်မူ အီရန်၏ လက်တုံ့ပြန် တိုက်ခိုက်နိုင်စွမ်းရှိကြောင်း မျက် ဝါးထင်ထင် တွေ့မြင်ကြရပြီဖြစ်ရာ အမေရိကန် နှင့် ဆော်ဒီတို့သည် အီရန်ကိုစစ်ရေးအရလက် တုံ့ပြန် တိုက်ခိုင်နိုင်မှုကြောင့် အီရန်အား စစ် ရေးအရ လက်တုံ့ပြန်ရန် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်လာခဲ့ရသည်။ ဆော်ဒီရှိ ရေနံချက်စက်ရုံ များ၊ ပိုက်လိုင်းများ၊ ရေနံတွင်းများနှင့် ရေချိုအ ရင်းအမြစ်များကို အီရန်က ဒရုန်း ယာဉ်များ၊ အသေးစား ဒုံးယာဉ်များဖြင့် အလွယ်တကူ တိုက်ခိုက်နိုင်စွမ်းရှိကြောင်း သိရှိလာရသော ကြောင့် ဖြစ်သည်။
.


.
ကမ္ဘာ့စစ်ရေး အစဉ်အလာအရ လေတပ် အင်အားနှင့် လေကြောင်း ကာကွယ်ရေးစနစ် ပိုမိုသာလွန်ကောင်းမွန်သော နိုင်ငံသည် စစ်ပွဲ ကို အနိုင်ရလေ့ရှိသည်။ အမေရိကန် NATO အဖွဲ့နှင့် အစ္စရေးတို့သည် လေတပ်အင်အား သာလွန်မှုဖြင့်ပင် ရန်သူများကို ခြိမ်းခြောက် ဟန့်တားနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယနေ့ ခေတ်တွင် နောက်ဆုံးပေါ် ခေတ်မီတိုက်လေ ယာဉ်များနှင့် လေကြောင်းကာကွယ်ရေးစနစ် များသည် ဒရုန်းယာဉ်များကိုပင် ဟန့်တားနိုင် စွမ်း မရှိခဲ့သဖြင့် နိုင်ငံများ၏ စစ်ရေးချိန်ခွင် လျှာသည် ပိုမို ညီမျှလာခဲ့ရသည်။ မည်သည့် နိုင်ငံမဆို စျေးနှုန်းချိုသာသော တိုက်ခိုက်ရေး ဒရုန်းယာဉ်များကို ဝယ်ယူအသုံးပြုကာ လေ တပ်အင်အားကြီးနိုင်ငံများကိုပင် တုံ့ပြန်တိုက် ခိုက်နိုင်စွမ်းရည် မြင့်တက်လာခဲ့ကြသည်ကို တွေ့ရှိလာရသည်။
.
ကော်ဒက်စမန်း၏ သုံးသပ်ချက်
ဝါရှင်တန်အခြေစိုက် CSIS သုတေသနအ ဖွဲ့စစ်ရေး ကျွမ်းကျင်သူ ကော်ဒက်စမန်းက "ပင် လယ်ကွေ့ဒေသရှိ အမေရိကန် လေတပ်က ကြီးစိုးထားနိုင်မှု၊ ပစ်မှတ်တိကျသော လေ ကြောင်းတိုက်ခိုက်မှုများကို အမေရိကန် တစ် နိုင်ငံတည်းကသာ လုပ်ဆောင်နိုင်သော ခေတ် ကာလသည် ဆော်ဒီရှိ ရေနံစခန်းများ တိုက် ခိုက်ခံရမှုနှင့်အတူ လျင်မြန်စွာ မှေးမှိန်လာခဲ့ တော့သည်"ဟု သုံးသပ်ထားသည်။ အီရန် သည် မျိုးဆက်သစ် ဒရုန်းများ၊ ဇရုဇ်ဒုံးကျည် များ၊ ပစ်မှတ်တိကျသော ပဲ့ထိန်းဒုံးကျည်များ ကို တီထွင်ထုတ်လုပ်နေပြီး ယီမင်ရှိ ဟူသီနှင့် လက်ဘနွန်ရှိ ဟစ်ဇ်ပိုလာအဖွဲ့ထဲအထိပါ ဖြန့် ဖြူးထောက်ပံ့ပေးနေသောကြောင့် အမေရိ ကန်၏ လေတပ်အင်အားဖြင့် ကြီးစိုးထားနိုင်မှု အဆုံးသတ်ခဲ့ရပြီဟု ဆက်လက်သုံးသပ်ထား သည်။
.
လွယ်ကူစွာ ထုတ်လုပ်နိုင်သော စစ်လက် နက်အသစ်အဆန်းတစ်ခုသည် နည်းပညာအ ရ ပိုမိုအဆင့်မြင့်သော လက်နက်အမျိုးအစား ကို ခြိမ်းခြောက်နိုင်ခဲ့သည်မှာ ကမ္ဘာ့စစ်သမိုင်း တွင် ရှိခဲ့ဖူးကြသည်။ ထင်ရှားသည့် ဥပမာတစ် ခုကား ၁၉၄၀ ပြည့်နှစ် နိုဝင်ဘာလ ၁၁ ရက် တွင် အီတလီ စစ်သဘောင်္ ၅ စီးကို တောင်ပံ ၂ ထပ်ပါသော တော်ပီဒိုတပ် ဗြိတိန်လေယာဉ် ငယ် Swordfish အစီး ၂၀ က တိုက်ခိုက်ချေ မှုန်းနိုင်ခဲ့မှု ဖြစ်သည်။ အဆိုပါ တိုက်ပွဲတွင် စစ် သဘောင်္ကြီး ၃ စီး နစ်မြှုပ်ခဲ့ရပြီး Swordfish လေယာဉ်ငယ် ၈ စီးသာ ပျက်ကျခဲ့သည်။
.
ထိုကဲ့သို့ ကုန်ကျစရိတ် နည်းပါးစွာဖြင့် စစ် သဘောင်္ကြီးများကို အနိုင်ယူလိုက်ခြင်းကြောင့် ပင်လယ်ပြင်တွင် စစ်သဘောင်္ကြီးများက ကြီး စိုးသောခေတ် ကုန်ဆုံးကာ ဗုံးကြဲလေယာဉ်များ တင်ဆောင်ထားသော လေယာဉ်တင်သဘောင်္ များက အစားထိုးနေရာယူနိုင်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်အပြီး တစ်နှစ်အကြာတွင်လည်း ဂျပန် ရေတပ်က အမေရိကန်၏ ပုလဲဆိပ်ကမ်းကို လေယာဉ်တင် သဘောင်္များ သုံးစွဲကာအောင် မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်။
.
ကာကွယ်ဟန့်တားနိုင်မည် မဟုတ်
ဆော်ဒီရေနံစခန်းများ တိုက်ခိုက်ခံရမှု သည် အခင်းဖြစ်ပွားရာ နေရာများမှ ရရှိသော ဒရုန်းယာဉ်နှင့် ဒုံးကျည်အစိတ်အပိုင်းများအရ ၎င်းတို့သည် နည်းပညာအဆင့်အတန်းနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ် နည်းပါးကြောင်းသိ ရှိရသည်။ သို့သော် ဆော်ဒီတို့ အဓိကအသုံး ပြုနေသည့် အမေရိကန်ဖြစ် Patriot လေ ကြောင်းကာကွယ်ရေး စနစ်မှ ဒုံးကျည်များ သည် တစ်စီးလျှင် ဒေါ်လာ ၃ သန်းအထိပင် ကုန်ကျနေသည်။
.
ကမ္ဘာ့နိုင်ငံအားလုံးနီးပါးနှင့် ဟူသီ၊ဟစ်ဇ် ပိုလာကဲ့သို့သော လက်နက်ကိုင် အဖွဲ့အစည်း များပင်လျှင် အဆိုပါ ရိုးရှင်းပြီး ကုန်ကျစရိတ် နည်းပါးသည့် ဒရုန်းယာဉ်နှင့် ဒုံးကျည်များကို အသုံးပြုနိုင်ကြသည်။ အရေအတွက် အများအ ပြားဖြင့် တစ်ပြိုင်နက်တည်း တိုက်ခိုက်လာမည် ဆိုပါက အဆင့်မြင့်လေကြောင်း ကာကွယ်ရေး စနစ်များသည်ပင်လျှင် ကာကွယ်ဟန့်တားနိုင် မည် မဟုတ်ပေ။
.
တန်ဖိုးကြီးမားသည့် ခေတ်မီတိုက်လေယာဉ် များ
တိုက်ခိုက်ရေးဒရုန်းယာဉ် တစ်စင်းသည် ဒေါ်လာ သောင်းဂဏန်းမှ သိန်းဂဏန်းထိသာ ကုန်ကျသည်။ F-35 ကဲ့သို့သော ခေတ်မီတိုက် လေယာဉ်များသည် ကားတစ်စီးလျှင် ဒေါ်လာ သန်း ၁၂၀ ထိပင် ကုန်ကျသည်။ ထို့ကြောင့် ကမ္ဘာတစ်ဝန်းမှ အစိုးရများသည် စျေးကြီး သော တိုက်လေယာဉ်များအစား ဒရုန်းယာဉ် များကိုသာ အသုံးပြုရန် စစ်တပ်တာဝန်ရှိသူ များကို တိုက်တွန်းပြောဆိုကာ အကြံပေးလာ ကြသည်။
.
စစ်လက်နက်တစ်မျိုးသည် ကုန်ကျစရိတ် နည်းပါးသော်လည်း လွန်စွာထိရောက်ပြီး အ သုံးဝင်နိုင်သည်ဆိုသော စစ်ရေးဥပဒေတစ်ခု ရှိသည်။ ဥပမာအားဖြင့် ဓာတ်မြေသြဇာမှတစ် ဆင့် လွယ်ကူစွာ ပြုလုပ်နိုင်သည့် လက်နက် မိုင်းများ သုံးစွဲပြီး IRA အိုင်ယာလန် သူပုန်များ က တိုက်ခိုက်ခဲ့ရာ ဗြိတိန်တပ်ဖွဲ့ဝင်များသည် မော်တော်ယာဉ်များကိုပင် စီးနင်းခြင်း မပြု တော့ဘဲ ရဟတ်ယာဉ်များကိုသာ ပြောင်းလဲ စီးနင်းအသုံးပြုလာခဲ့ကြသည်။
.
အီရတ်နှင့် အာဖဂန်နစ္စတန် စစ်ပွဲများ
အီရတ်နှင့် အာဖဂန်နစ္စတန် စစ်ပွဲတို့တွင် လည်း အမေရိကန် ဦးဆောင်သော ညွှန့်ပေါင်း တပ်ဖွဲ့ဝင်များသည် မြေမြှုပ်မိုင်း လက်နက်များ ကြောင့် သေဆုံးမှု များပြားခြင်း ဒဏ်ရာရရှိသူ များပြားခြင်းများ ရှိခဲ့သည်။ အမေရိကန်သည် အဆိုပါ မြေမြှုပ်မိုင်း အန္တရာယ်အား ကျော်လွှား ရန် ဒေါ်လာဘီလီယံ ၄၀ ထက်မနည်း သုံးစွဲ ကာ MRAP ဟု ခေါ်တွင်သော သံချပ်ကာ မော် တော်ယာဉ် အစီးပေါင်း ၂၇၀၀၀ ထိ ထုတ်လုပ် အသုံးပြုခဲ့ရသည်။ သို့သော် သံချပ်ကာ စစ်သုံး မော်တော်ယာဉ်များသည်လည်း လမ်းဘေး ထောင် ဗုံးများအန္တရာယ်အား သိသာထင်ရှား စွာ လျှော့ချပေးနိုင်ခြင်း မရှိခဲ့ကြောင်း အမေရိ ကန် စစ်တပ်၏ လေ့လာမှုတစ်ခုမှ ဝေဖန်ထား သည်။
.
ထိုကဲ့သို့သော ဖြစ်ရပ်သက်သေသာဓက များ ရှိနေသော်လည်း အမေရိကန်၊ ဆော်ဒီနှင့် ဗြိတိန်စစ်တပ် အကြီးအကဲများသည် ယင်းတို့ ၏ စျေးကြီးသော ခေတ်မီလက်နက်များကိုသာ အထင်ကြီးကာ စျေးနှုန်းချိုသာသော တိုက်ခိုက် ရေး ဒရုန်းယာဉ်များအား ဆက်လက်ပြီး အထင် သေး ရှုပ်ချလျက် ရှိကြသည်။ ဒုတိယကမ္ဘာ စစ်ကာလမှ ဂျပန်တို့သည်လည်း စစ်သဘောင်္ များ လွယ်ကူစွာ နစ်မြှုပ်ခံရဖွယ်ရှိကြောင်းကို ပုလဲဆိပ်ကမ်းတိုက်ပွဲဖြင့် ယင်းတို့ကိုယ်တိုင် သက်သေပြခဲ့ပြီး ဖြစ်သော်လည်း ဂျပန်တို့သည် ကမ္ဘာ့အကြီးမားဆုံး စစ်သဘောင်္ကြီး Yanato ကို ဆောက်လုပ်စေခဲ့သည်။ ထိုသဘောင်္ကြီး သည် အမြောက်ကြီးများကို တစ်ကြိမ်သာ ပစ် ခွင့်ရရှိကာ ၁၉၄၅ ခုနှစ်တွင် အမေရိကန်လေ ယာဉ်တင် သဘောင်္ပေါ်မှ တော်ပီဒိုလက်နက် တပ် လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များ၏ တိုက်ခိုက်ချေမှုန်းခြင်းကို ခံခဲ့ရတော့သည်။

No comments:

Post a Comment

Journal Download

Photo of three cats