လူသားနှင့် ကျင့်ဝတ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Saturday, October 12, 2019

လူသားနှင့် ကျင့်ဝတ်

စိုင်းကျော်မောင်
.
လူသားဟူ၍ မွေးဖွားလာသည်မှ အစပြု ၍ သေဆုံးသည်အထိ မိမိဘဝတိုးတက်ကြီး ပွားရန်အလို့ငှါ စွမ်းအင်ရှိသရွေ့ ကြိုးစားရုန်း ကန်ကာ လှုပ်ရှားကြရသည်မှာ ဓမ္မတာတစ်ခု ပင် ဖြစ်ပေသည်။ လူသားတိုင်းသည် အိပ်၊ စား၊ ကာမ သုံးခုသာ သိနားလည်သည့် တိရစ  ္ဆာန်များ ထက် သာလွန်သည်မှာ စဉ်းစားဆင်ခြင်မှု အ သိဉာဏ်က သာလွန်နေခြင်းပင်တည်း။ ထိုစဉ်း စားဆင်ခြင်မှု အသိဉာဏ်ကို ကျင့်ဝတ်ဟူသော စည်းကမ်း မမည်သည့် အရာက ထိန်းချုပ်ထား ခြင်းပင် ဖြစ်သည်။ ကျင့်ဝတ်သည် လူသား အားလုံးအတွက် မရှိမဖြစ် တတ်သိနားလည် ပြီး လိုက်နာကျင့်သုံးရန် အထူးလိုအပ်လှသည်။ ဤနေရာတွင် ကျင့်ဝတ်သည် စည်းစနစ်တစ် ရပ်ဖြစ်၍ ဝတ္တရားဟု အဓိပ္ပါယ် သတ်မှတ်နိုင် ပေသည်။ ကျင့်ဝတ်သည် လူ့လောက၏ ကောင်းကျိုးဆိုးကျိုးကို ဖန်တီးပြုပြင်နိုင်စွမ်းရှိ သည်။ လူသားတစ်ဦးတစ်ယောက်သည် ယင်း လက်ကိုင်ကျင့်သုံးနေသည့် ကျင့်ဝတ်ကြောင့် လူ့ကောင်းကျိုးရလဒ်ကို ရရှိစေသကဲ့သို့ ဆိုး ကျိုးကိုလည်း ဖြစ်ပေါ်နိုင်သည်ကို တွေ့ရှိရ သည်။
.
လူသားတိုင်းသည် ကျင့်ဝတ်များကို တိ ကျစွာ လိုက်နာခြင်းဖြင့် ကောင်းကျိုးကို ရရှိခဲ့ မည်ဆိုပါလျှင် ယင်းကောင်းကျိုး ရလဒ်အား သက်ဆုံးတိုင် ရောက်သည်အထိ ကျင့်ကြံကာ ယူဆောင်သွားရမည် ဖြစ်သကဲ့သို့ ဆိုးကျိုးရ လဒ်ကိုလည်း လက်ခံရမည် ဖြစ်ကာ ယင်းဆိုး ကျိုးရလဒ်အား ဘဝသင်ခန်းစာအဖြစ် သတ် မှတ်ကာ ပြုပြင်ထိန်းကွပ်သွားမည်ဆိုလျှင် ကောင်းမွန်မြင့်မားသည့် ကောင်းကျိုးအထွေ ထွေကို ခံစားရမည်ဖြစ်ပေသည်။ စာရေးသူတို့ ၏ နိုင်ငံတွင် ယခုခေတ်ကာလတွင် မြင်တွေ့ ကြားသိနေကြရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ရာ အပြုအမူအကျင့်စရိုက်များကို ပြုမူနေကြပြီး အများစုမှ လက်ခံကာ သုံးစွဲနေကြသည်ကို တွေ့ရှိနေရပေသည်။ အသက်အရွယ်အလိုက် နေရာဒေသအလိုက် လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်တရားများက တဖြည်းဖြည်းချင်း လစ် ဟင်းလာကာ ဖြစ်ချင်တိုင်း ဖြစ်ပြီး ယဉ်ကျေး သိမ်မွေ့မှု ဓလေ့စရိုက်များလည်း ပျောက် ကွယ်လုနီးပါး ဖြစ်နေပေသည်။
.
စာရေးသူတို့ ငယ်ရွယ်စဉ် ကျောင်းစတင် ဝင်ရောက်စ အချိန်ကာလတုန်းကဆိုလျှင် စာ သင်ကျောင်းများတွင် အတန်းစဉ်အလိုက် သင် ကြားပြသပေးသည့် ကျေးဇူးရှင် အာစရိသခင် ဆရာ/ဆရာမများက ဘဝသက်တမ်းတစ် လျှောက် လိုက်နာကျင့်သုံးသွားရမည့် ကျင့် ဝတ်များ စည်းကမ်းတရားများကို ငယ်စဉ် တောင်ကျေး ကလေးဘဝ အရွယ်မှပင် လမ်း ညွှန်သင်ကြားဆုံးမခဲ့ကြသည်။ ထိုမျှမကသေး ပေ။ ကျောင်းမှ ထုတ်ဝေပေးသည့် လေ့ကျင့် ခန်းစာအုပ်၏ နောက်ကျောဖုံးတွင်လည်း တ ပည့်ဝတ်ငါးပါး၊ ဆရာဝတ်ငါးပါး၊ သားသမီးဝတ် ငါးပါး၊ မိဘဝတ်ငါးပါးတို့ကို ပုံနှိပ်စာလုံးကြီးများ ဖြင့် ရိုက်နှိပ်ဖော်ပြထားသည်များ ရှိခဲ့သည်။ ထို့ပြင် မင်္ဂလသုတ်လာ ၃၈ ဖြာ မင်္ဂလာလေး လုံးစပ် ကဗျာအလင်္ကာများကို သင်ကြားနာယူ ခဲ့ကြရသည်။ ကျောင်းသူကျောင်းသားတိုင်း သည်လည်း သက်ကြီးရွယ်အို ဦးဦးဒေါ်ဒေါ် အစ်ကိုအစ်မများကို ရိုသေမှု အလေးဂရုပြုကာ လေးစားကြည်ညိုခဲ့ကြသည်။ ကြီးသူကို ရိုသေ ရွယ်တူကို လေးစား ငယ်သူကို သနားခဲ့ကြ သည်။ ယခုခေတ်အခါတွင်ကား လူငယ်လူ ရွယ်အများစုသည် ယင်းအလေ့အထများ မရှိ တော့ဘဲ ထင်ရာစိုင်းနေကြသည်ကို တွေ့ရှိ လာရသည်။ တစ်ဦးနှင့်တစ်ဦး အပေါ်၌လည်း သည်းခံခြင်းတရား ကင်းမဲ့ကာ ရန်လိုမှုများဖြင့် ရှင်သန်လာနေသည်ကို နေရာမလပ် တွေ့ရှိ လာရသည်။
.
ကျင့်ဝတ်ဟူသည် အများသဘောတူလက် ခံထားသည့် စည်းကမ်းချက်တစ်ခုဟု ဆိုလျှင် မှားအံသည် မထင်၊ ကျင့်ဝတ်များကို လိုက်နာ ကျင့်ကြံနိုင်စေရန် စာသင်သား ကျောင်းစတင် ဝင်ရောက်ကာ ပညာသင်ကြားစဉ်မှပင် လေ့ လာသင်ယူနေရမည် ဖြစ်သည်။ လူသားတိုင်း အတွက် မရှိမဖြစ် လိုအပ်သော အရာသည် ကား Three Es ပင် ဖြစ်သည်။ Three Es ဆို သည်ကား Education, Economic နှင့် Envi -ronment တို့ပင် ဖြစ်ပေသည်။ လူသားများ သည် အခြေခံအားဖြင့် Education (ပညာ)ကို ရရှိရန် ဦးစွာပထမ လိုအပ်လှပေသည်။ ပညာ ဟူသည် သင်ယူမှုသာမက မိမိတတ်သိနား လည်ထားသည့် အသိပညာကို ဆုံးဖြတ်နိုင်စွမ်း ရှိသည့် ပညာအဆင့်သို့ ရောက်ရှိရန် ကြိုးပမ်း ဆောင်ရွက်တတ်ရမည်် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင်လည်း ကျင့်ဝတ်များကို လေးစားလိုက်နာတတ်ရန် လိုအပ်ပေသည်။ ထိုမှတစ်ဆင့် တက်ကာ မိမိအကျိုး (အတ္တဟိ တ)အတွက် အားထုတ်ရင်း အများအကျိုး (ပ ရဟိတ)အတွက်လည်း ညီညွတ်မျှတစွာ ပြုစု ပျိုးထောင်နိုင်ရန် Economic စီးပွားရေးလည်း ကပ်ပါလာသည်ကို မြင်တွေ့ရမည် ဖြစ်ပေ သည်။ မိမိအကျိုး အများအကျိုးအတွက် လုပ် ဆောင်ရာတွင်လည်း Environment (ဘေး ပတ်ဝန်းကျင်)နှင့်လည်း သဟဇာတဖြစ်ကာ တန်းတူညီမျှမှု Equability၊ သာတူညီမျှမှု (Equaty) လည်း ဖြစ်ထွန်းလာရေးအတွက် ဆင်ခြင်သုံးသပ်ကာ ဆောင်ရွက်ရမည် ဖြစ်ပေ သည်။
.
လူသားများ (ကမ္ဘာသူ ကမ္ဘာသား)သည် ယခု ၂၁ ရာစုခေတ်ကာလတွင် ခေတ်မီဆန်း သစ်သော နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းများ ကို လူတိုင်းစေ့နီးပါး လက်ဝယ်ပိုင်ပိုင်ဖြင့် ကိုင် ဆောင်ကာ အသုံးပြုလျက်ရှိနေလေပြီ။ လူ သားတစ်ဦးတစ်ယောက်သည် မိမိအတွက် သော်လည်းကောင်း၊ မိမိ မိသားစုအတွက်သော် လည်းကောင်း ဘေးကင်းလုံခြုံမှု ရရှိစေရန် သက်ဆိုင်ရာမှ သေနတ်တစ်လက် ကိုင်ဆောင် ခွင့်ရရန် တောင်းဆိုကိုင်တွယ်နိုင်ပေသည်။ ယင်းသေနတ်တစ်လက်အတွက် လက်ကိုင် ကျင့်နိုင်ရန် စည်းကမ်းကျင့်ဝတ်များကို လိုက် နာကျင့်သုံးရမည် ဖြစ်သည်။ သို့သော် ယခု ခေတ်ကာလတွင်ကား အန္တရာယ်များသည့် သေနတ်တစ်လက်အား အာရုံမစိုက်ကြတော့ ဘဲ သေနတ်ထက် လွယ်ကူသည့် လက်နက် တစ်မျိုးကို ကလေးသူငယ်များမှပင် စတင်ကိုင် တွယ်လျက်ရှိနေကြပေပြီ။ ယင်းလက်နက် သည်ကား အခြားမဟုတ်ပေ ကလေးငယ်များ မှသည် သက်ကြီးရွယ်အိုထိ ကိုင်တွယ်သုံးစွဲ နေသည့် လက်နက်ကား Mobile Phone (Ha-ndset)ပင် ဖြစ်တော့သည်။ သေနတ်တစ်လက် ဖြင့် တစ်ချက် ပစ်မိပါက လူတစ်ဦးတစ်ယောက် သာ အသက်ဆုံးရှုံးနိုင်သော်လည်း Mobile Phone များကြောင့် လက်ကိုင်ကျင့်သုံးရမည့် ကျင့်ဝတ်များ စည်းကမ်းများအား လျစ်လျူရှု ပစ်ပယ်ကာ ထင်ရာစိုင်း သုံးစွဲမှုကြောင့် ဘဝ ပျက်ခြင်း၊ ဆင်းရဲမွဲတေသွားခြင်း၊ သက်ငယ်မု ဒိမ်းမှုများ အဆမတန် ကျူးလွန်လာခြင်း၊ ရာ ဇဝတ်မှု ထူပြောလာခြင်း၊ မူးယစ်ဆေးစွဲကာ အသက်ဆုံးရှုံးရခြင်း၊ နေအိမ်စည်းစိမ်ဥစ္စာများ ထိခိုက်ရခြင်းတို့ဖြင့် ကြုံတွေ့လာကြရသည် ကို နေ့စဉ်နှင့်အမျှ ရာဇဝတ်မှုများ စဉ်ဆက်မ ပြတ် ဖြစ်ပေါ်လာရသည်။ ယင်းတို့ကြောင့် မိိမိ တို့၏ ရှေးဘေးဘိုးစဉ်ဆက်မပြတ် စောင့်ထိန်း လာခဲ့သည့် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများ ကလည်း တစ်စချင်းစီ ပျောက်ကွယ်လာရ တော့သည်။ ဤသည်ကား ကျင့်ဝတ်များကို သွေဖည်ကာ ပြုလုပ်မှုကြောင့်ပင် ဖြစ်သည်။
.
ကျွနု်ပ်တို့၏ နိုင်ငံသည် ထေရဝါရအခြေခံ သည့် နိုင်ငံတော်ဖြစ်သဖြင့် ဗုဒ္ဓမြတ်စွာ၏ ဟောကြားသွန်သင်ထားသည့် စည်းမျဉ်းစည်း ကမ်းများကို တိကျစွာ လိုက်နာကာ ကျင့်ကြံနေ ထိုင်သွားကြရမည်သာ ဖြစ်သည်။ နိုင်ငံတော် အတွင်းတွင် မြေပေါ်မြေအောက် သယံဇာတ ပစ္စည်း ပစ္စယများ လွန်စွာပေါများ ကြွယ်ဝသည် ကို အားလုံးမှ လက်ခံယုံကြည်ထားပြီး ဖြစ် သည်။ စာရေးသူ အနေဖြင့်ကား မြေပေါ်မြေ အောက် သယံဇာတပစ္စည်းများထက် ပိုမိုတန် ဖိုးကြီးမားသည့် လူသားအရင်းအမြစ် သယံဇာ တက ပိုမိုအရေးပါသည်ဟု ယူဆပါသည်။ အ ဘယ်ကြောင့်နည်း လူသားအရင်းအမြစ် သယံ ဇာတပြည့်စုံမှသာလျှင် နိုင်ငံအတွင်းရှိ မြေပေါ် မြေအောက် သယံဇာတများကို ထုတ်လုပ်မှုမှ သည် လူသားတို့အတွက် အသုံးပြုနိုင်သည့် အနေအထားသို့ ရောက်ရှိရန် ကြိုးပမ်းကာ တီ ထွင်နိုင်မည် ဖြစ်သည်။
.
လူသားအရင်းအမြစ် သယံဇာတဖြစ်ထွန်း တည်တံ့နိုင်ရေးအတွက် အဓိကအကျဆုံးကား အခြေခံပညာသင်ကျောင်းများမှ အစပြုရမည် ဖြစ်ပေသည်။ ကလေးသူငယ်များ၏ သိမှုဆိုင် ရာ စိတ်ပိုင်းဖွံ့ဖြိုးမှုသည်လည်းကောင်း၊ ခန္ဓာ ပိုင်းဆိုင်ရာ ရုပ်ဖွံ့ဖြိုးမှုသည်လည်းကောင်း ပြည့်စုံလာစေရေးအတွက် ကြိုတင်လေ့ကျင့် ပေးရမည် ဖြစ်သည်။ လိုက်နာကျင့်ကြံရမည့် ကျင့်ဝတ် အမျိုးမျိုးကိုလည်း နေ့စဉ်နှင့်အမျှ သွန်သင်ညွှန်ကြားပေးနေရမည် ဖြစ်သည်။ က လေးတို့၏ သိနားလည်မှု အဆောက်အအုံ ရင့် ကျက်ဖွံ့ဖြိုးလာမှုနှင့် ပတ်သက်၍ ဆွစ်ဇာလန် နိုင်ငံသားသိမှု ဗေဒပညာနှင့် ဒီယာဂျေးက "က လေးတို့၏ သိစိတ်ဖွံ့ဖြိုးမှုသည် မွေးရာဇာတိ ဗီဇပါသိမှု အဆောက်အအုံတို့ တဖြည်းဖြည်း ချင်း အလိုက်အလျောက် ရင့်ကျက်ဖွံ့ဖြိုးလာ သည်လည်း မဟုတ် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှု သက်သက်လည်း မဟုတ် ယင်းတို့၏ အပြန် အလှန် တုံ့လှယ်မှုပြုရာမှ ထွက်ပေါ်လာသော ရလဒ်ဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိိုထားသည်။
.

.
လူငယ်လူရွယ်တို့သည် အရာရာကို လက် တွေ့ကျကျ လေ့လာဆည်းပူးလိုသည့် ဆန္ဒ သဘောထားရှိသဖြင့် လူကြီးများ ပြောဆိုသမျှ အားလုံးလို ခြွင်းချက်မရှိ လက်ခံခြင်းမျိုး မ ဟုတ်တော့ဘဲ လက်တွေ့အနေအထားနှင့် ယှဉ်ကာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချမှတ်လိုစိတ် ပြင်းထန်သည်ကို တွေ့ရှိရသည်။ တစ်နည်းဆို ရလျှင် လူငယ်လူရွယ်တိုင်းသည် လက်တွေ့ ကျကျ လုပ်ကိုင်လိုကြသည်။ သဘာဝမှပေး အပ်ထားသည့် ခွန်အားများဖြင့် ယင်းတို့၏ ဘ ဝ၊ ယင်းတို့၏ အနာဂတ်ကို တက်လှမ်းနိုင်ရန် အခြေတည်မိစေရေးအတွက် လူကြီးသူမများ ဆရာဆရာမများက ကြီးကြပ်လမ်းညွှန်ပေးရုံ သာ ရှိတော့သည်။ လူငယ်များ လျှောက်လှမ်း မည့် လမ်းကြောင်း ပျောက်ကွယ်မသွားစေရေး အတွက် ထိန်းကျောင်းပေးနိုင်သရွေ့ ပေးရ မည် ဖြစ်ပေသည်။ ထိုသို့ ထိန်းကျောင်းနိုင်စေ ရန် မြတ်စွာဘုရားဟောကြားသွန်သင်ပေးခဲ့ သည်။ သာဓကများ  နိပတ်တော်များဖြင့် ကိုးကားပြီး ကျင့်ဝတ်များကို သင်ကြားပေးရ မည် ဖြစ်သည်။ ထိုကဲ့သို့ သင်ကြားပြသရာ၌ လည်း သိမ်မွေ့ညင်သာစွာ နည်းပေးလမ်းပြပြု လုပ်ပေးကြရမည် ဖြစ်သည်။ မူလဘူတဖြစ် တည်မှု ဖြူစင်သည့် ကောင်းမွန်သော ကလေး လူငယ်များ၏ ဘဝနှင့် အနာဂတ်အတွက် လှပ ဖြောင့်ဖြူးစေရန် ကလေးသူငယ်အခွင့်အရေး များ လူငယ်အခွင့်အရေးများ အခွင့်အလမ်းများ တိုးတက်ရရှိပြီး ယင်းတို့၏ ဘဝများတောက် ပြောင်လာစေရန် ၀ိုင်းဝန်းပြုစုပျိုးထောင်ပေးရ ပေမည်။
.

ဒီမိုကရေစီဟူသည် မိမိကိုယ်မိမိ တာဝန် ယူရသော နည်းစနစ်ပင် ဖြစ်သည်။ အများအ ကျိုးအတွက် လုပ်ဆောင်ရာတွင် လိုက်နာကျင့် သုံးရမည့် စည်းမျဉ်းစည်းကမ်းများလည်း အ သင့်ရှိနေပြီ ဖြစ်သည်။ ထိုစည်းမျဉ်းစည်းကမ်း များကပင် လူသားတို့အတွက် မရှိမဖြစ် လိုအပ် သော ကျင့်ဝတ်များပင် ဖြစ်သည်။ အချို့အချို့ သော ဒေသများတွင် တွေ့ရှိနေရသည်။ အများ အကျိုးအတွက် လုပ်ဆောင်နေခြင်းဖြစ်၍ မည် သူတစ်ဦးတစ်ယောက်ကိုမဆို ဂရုမစိုက် လုပ် ချင်သည်ကို လုပ်နေကြသည်။ အထူးသဖြင့် အများအတွက်ဟုဆိုကာ အသံချဲ့စက်ကို နား မခံသာအောင် ဖွင့်လှစ်နေခြင်းသည် ဘေးပတ် ဝန်းကျင်အတွက် သင့်တော်အပ်စပ်ခြင်း မရှိ သည်ကို တွေ့ရှိရသည်။ နေ့မနားညမနား အ သံချဲ့စက်ဖွင့်လှစ်နေမှုကြောင့် သက်ကြီးရွယ် အိုများ နာမကျန်းသူ ရောဂါသည်များနှင့် စာ သင်သားကျောင်းသားကျောင်းသူများအတွက် များစွာ အန္တရာယ် ဖြစ်စေသည်။ ယင်းအပြုအ မူသည် ကျင့်ဝတ်စည်းကမ်းဘောင်ထက်ကျော် လွန်သောကြောင့် ဥပဒေဖြင့် ကန့်သတ်အရေး ယူပေးရမည် ဖြစ်ပေသည်။
.
လူသားများအတွက် လိုက်နာကျင့်သုံးရန် ကျင့်ဝတ်အမျိုးမျိုးဖြင့် သတ်မှတ်ထားသည်ကို တွေ့ရှိရသည်။ ယင်းတို့သည်ကား သိင်္ဂါ လော ဝါသုတ်လာကျင့်ဝတ်တို့ပင် ဖြစ်ပေသည်။ အ ခြေခံအားဖြင့် ကျင့်ဝတ်များမှာ -
.
သားသမီးဝတ်ငါးပါး
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံ ထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ် ဝတ် ငါးသွယ် ကျင့်ဖွယ်သားတို့တာ။

တပည့်ဝတ်ငါးပါး
ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကြွေး၊ သင်တွေးအံရွတ် တပည့်ဝတ် မချွတ်ငါးခုတာ။
.
မိဘဝတ်
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်း လျှင် ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ။
.
ဆရာဝတ်
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့် မို့ဝတ်ငါးဖြာ။
.
အိမ်ရှင်ကျင့်ဝတ်
ဝစွာကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှဝေရသာ အခါကိုလွှတ်၊ အိမ်ရှင်ကျင့်ဝတ်၊ မ ချွတ်ငါးခုတာ။
.
အိမ်ဖော်ကျင့်ဝတ်
အိပ်သော်နောက်ကျ၊ ထသော်ကား ရှေ့၊ ပေးမှ ယူအပ် စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက်အိမ်ဖော်ကျင့်ဝတ်တာ။
.
ဒါယကာကျင့်ဝတ်
မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ကြင်၊ ခင်မင်နှုတ်ချို လိုလျှင် ဖိတ်ထား၊ တတ်အား လှူစေ၊ ဝတ်ငါးထွေ ပြုလေဒါယကာ။
.
လင်ကျင့်ဝတ်
မထေမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင်လင် ကျင့်ရာ။
.
မယားဝတ်
အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာ ကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ ဝတ် ငါးဆူ အိမ်သူကျင့်ဝတ်သာ။
.
မိတ်ဆွေဝတ်
ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့် ယှဉ်ထား၊ စီး ပွားဆောင်ရွက် နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ မိတ်ဆွေကျင့်ဝတ်သာ။
.
ကြီးသူကျင့်ဝတ်
ထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဖန် ထောက်ရှု၊ ဤခြောက်ခုကြီး သူ့ကျင့်ဝတ်သာ။
.
လူသားများ လိုက်နာကျင့်သုံးရမည့် ကျင့် ဝတ်များစွာထံမှ အမျိုးမျိုးသော ကျင့်ဝတ်များ ကို သာ ထုတ်ဖော်ပြသခြင်းမျှသာ ဖြစ်ပါသည်။ ဖော်ပြပါကျင့်ဝတ်များသည် နေ့စဉ်နှင့်အမျှ ကြုံတွေ့ရမည့် ကျင့်ဝတ်များဖြစ်သဖြင့် သိရှိ ရန် ဖြစ်သည်။
.
ကျင့်ဝတ်နှင့် စပ်လျဉ်း၍ အထူးသတိထား ရန် အချက်တစ်ချက် ရှိပေသည်။ ယင်းအချက် သည်ကား မနောကံ ၃ ပါးပင် ဖြစ်ပါသည်။ မ နောကံဟူသည် စိတ်ဖြင့် ပြစ်မှားကျူးလွန်ခြင်း ပင် ဖြစ်သည်။ အဘိဇ္ဈာ= လွန်ကဲစွာ အလိုရှိ ခြင်း၊ ဗျာပါဒ= ပျက်စီးဆုံးရှုံးစေရန် ကျိန်ဆဲ ခြင်းနှင့် မိစ္ဆာဒိဋ္ဌိ= အယူမှားခြင်းတို့ပင် ဖြစ် သည်။ မနောကံသုံးပါးအား ကျူးလွန်မှု မရှိပါ က ကျင့်ဝတ်ကို စောင့်ထိန်းပြီး ဖြစ်သည်။ ထို့ ပြင် လူသားတိုင်းသည် အပ္ပမညာ တရား (ဗြဟ္မ စိုရ်ရတရား) ၄ ပါးဖြစ်သည်။ မေတ္တာ၊ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တရားလေးပါး လက်ကိုင် ထားနိုင်မည် ဆိုလျှင် လောကတစ်ခွင်လုံး ငြိမ်း ချမ်းသာယာပြီး အစစ အရာရာ ဖွံ့ဖြိုးတိုးတက် လာမည်ကား မလွဲပေ။
.
ထို့ကြောင့် လူအများ ယုံကြည်လေးစား မှု ရရှိနိုင်စေရန်အတွက် အခြေခံပညာကျောင်း များမှ စတင်ကာ ကျင့်ဝတ်များ၊ လောကနီတိ၊ ပြည်သူ့နီတိများကို အထူးဘာသာရပ်အဖြစ် သတ်မှတ်ကာ သင်ကြားပေးသင့်သည် သို့မှ သာ အနာဂတ်နိုင်ငံတော်သည် ကမ္ဘာ့အလယ် တွင် ဂုဏ်ယူဝင့်ကြွားနိုင်မည် ဖြစ်ပါကြောင်း။

No comments:

Post a Comment

Journal Download

Photo of three cats